LATEST ARTICLES

ရုပ်ရှင်ကားတစ်ကားကိုခြောက်လတစ်နှစ်အချိန်ပေးပြီး ရိုက်ရမယ့်ခေတ်ကိုရောက်လာပြီဆိုတဲ့ပြေတီဦး

သရုပ်ဆောင်ပြေတီဦးကတော့မကြာမီရုံတင်ပြသတော့မယ့်လူပျိုသိုးရုပ်ရှင်ဇာတ်ကားမှာစိုးမြတ်သူဇာ၊မိုးဟေကိုစတဲ့သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင် သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး . . . ”ဒီဇာတ်ကားထဲမှာကျွန်တော်ပါဝင်ထားတဲ့ဇာတ်ရုပ်ကတော့ရွာထဲမှာမိန်းမရဖို့ကြိုးစားနေတဲ့လူပျိုကြီးပေါ့။အဲဒီမှာမိုးဟေကိုကိုပိုးရတာပေါ့။ရိုက်ကူးတုန်းကလည်းအရမ်းရယ်တယ်။လူပျိုသိုးဆိုတာကတော့လူပျိုကြီးဘဝမှာအချိန်ကြာသွားပြီးမလတ်ဆတ်တော့ဘူးပေါ့။အဲဒါကြောင့်လူပျိုသိုးလို့ခေါ်တာပေါ့။ကိုယ်ကတော့လူပျိုကြီးရဲ့Moodကိုပြန်ထည့်ပြီးသရုပ်ဆောင်ရတာပါ။ပျော်စရာလေးပေါ။ပရိသတ်တွေအတွက် စိတ်အမောပြေစေမယ့် ကားလေးတစ်ကားဖြစ်မှာပါ”လို့ ပြေတီဦးက ဆိုပါတယ်။ ခေတ်ရေစီးကြောင်းပြောင်းလဲလာတာနဲ့အမျှပြုပြင်ပြောင်းလဲမှုတွေလည်းလုပ်နေကြောင်းကိုလည်းသရုပ်ဆောင်ပြေတီဦးအခုလိုပြောပြခဲ့ပါတယ်။ ”ကျွန်တော်အခုကားရိုက်နားထားပါတယ်။ဘာလိုလဲဆိုတော့ဆံပင်မရှိလိုပါ။ဆံပင်ပြန်ရှည်လာရင်လည်းရိုက်ဖြစ်ချင်မှရိုက်ဖြစ်မယ်။ကျွန်တော်ပြင်ဆင်နေပါတယ်။ပြင်ဆင်နေတယ်ဆိုကတော့ဇာတ်လမ်းတွေရောကိုယ်ကိုယ်ကိုယ်တိုင်ရဲ့အနေအထားတွေရောပေါ့။ခုနောက်ပိုင်းကခေတ်ကပြောင်းလာပြီလေ။ပြောင်းသွားပြီဆိုတော့အရင်လိုဇာတ်လမ်းတစ်ပုဒ်ကိုတစ်လအတွင်း၊နှစ်လအတွင်းရိုက်လို့မရတော့ဘူး။ အနည်းဆုံး ရုပ်ရှင်ကားတစ်ကားကို ခြောက်လတစ်နှစ် အချိန်ပေးပြီး ရိုက်ရမယ့်ခေတ်ကို ရောက်လာ ပြီပေါ့။ အဲဒီတော့ကျွန်တော်တို့လည်းပရိသတ်တွေဖြစ်စေချင်တဲ့ဆန္ဒအတိုင်းပရိသတ်တွေမြင်ချင်တဲ့ပုံစံအတိုင်းဖြစ်ဖို့အတွက်ပြုပြင်ပြောင်းလဲပြီးတော့ကြိုးစားရတာပေါ့။ကျွန်တော်ထင်ပါတယ်ဒီ၂ဝ၁၉ခုနှစ်လုံးမှာမှကျွန်တော်ရုပ်ရှင်ဇာတ်ကားငါးကားပတ်ဝန်းကျင်လောက်ပဲရိုက်ကူးဖြစ်မှာပါ။အားလပ်ချိန်တွေအရမ်းများမှာပါ။ခေတ်ကာလပြောင်းပြီးရေစီးကြောင်းပြောင်းသွားတာကတော့ကျေနပ်တယ်။မိသားစုအတွက်လည်း အရမ်း ကောင်းသလိုကိုယ်တိုင်လည်း ပြင်ဆင်ချိန်တွေ ရပါတယ်” လို့ပြောပြခဲ့ပါတယ်။သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင် Credit: Popular...

ခွက်တိုးခွက်လန်ရယ်ရစေမယ့်”တရုတ်မလေးကိုချစ်တယ် ဝေါ်အိုက်နီ” နမူနာဗီဒီယို

နာမည်ကြီးအကယ်ဒမီမင်းသား၊ မင်းသမီးတွေဖြစ်တဲ့ ခန့်စည်သူ၊ ခိုင်သင်းကြည်နဲ့ ထွန်းအိန္ဒြာဗိုတို့ တည်ထောင်ထားတဲ့ ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ပထမဆုံးပွဲဦးထွက် ရုပ်ရှင်ဖြစ်တဲ့ “တရုတ်မလေးကိုချစ်တယ် ဝေါ်အိုက်နီ” ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေစပြီး ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ “တရုတ်မလေးကိုချစ်တယ် ဝေါ်အိုက်နီ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေကြည့်ဖူးနေကြ ဟာသဇာတ်ကားဖြစ်ပါတယ်။ “တရုတ်မလေးကိုချစ်တယ် ဝေါ်အိုက်နီ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ကရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ “တရုတ်မလေးကိုချစ်တယ် ဝေါ်အိုက်နီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီလူမင်း၊...

မြင့်မြတ်နဲ့ အပေးအယူမျှမျှသရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ လင်းလင်း

နိုင်ငံကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ လင်းလင်းဟာ သူ့ရဲ့မိတ်ကပ်အပြင်အဆင်တွေကြောင့် အနုပညာလောကမှာသာမက ပရိသတ်တွေကြားမှာပါ နာမည်ကြီးလှပါတယ်။ လင်းလင်းက အခုဆိုရင် မိတ်ကပ်လိမ်းခြယ်ခြင်းအပြင် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေပြီဖြစ်ပါတယ်။ လင်းလင်းက လက်ရှိမှာ “ကျားကျားကြိုက်ကြိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ငပလီကမ်းခြေကို ရောက်ရှိနေတာဖြစ်ပါတယ်။ “ကျားကျားကြိုက်​ကြိုက်​”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်​တာ ပြည့်​ဟိန်းသီဟက ရိုက်​ကူးပုံ​​ဖော်​မှာဖြစ်​ပါတယ်​။ ဒီရုပ်​ရှင်​ဇာတ်​ကားကြီးမှာ အဓိကသရုပ်​​ဆောင်​များအဖြစ်​ မင်း​မော်​ကွန်း၊ မြင့်​မြတ်​၊ ခင်​စန်းဝင်း၊ ညီညီ​မောင်​(စမ်း​ချောင်း)၊ လင်းလင်း၊...

မိဘသဘောမတူတဲ့အချက်နဲ့ လမ်းခွဲလိုက်ရတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေး

ပိုင်တံခွန်ဟာ ယခုနောက်ပိုင်းမှာ မိန်းကလေးပရိသတ်တွေကြား ရေပန်းစားတဲ့ မော်ဒယ်မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ခပ်မြင့်မြင့် အရပ်နဲ့ ဖြူဖွေးတဲ့အသားအရေတို့ကြောင့်လည်း ယောက်ကျားတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကိုပိုမိုထင်ရှားစေပြီး ဝန်းရံသူမိန်းကလေးတွေပေါများလာခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ Brand Ambassador တွေအဖြစ်ခန့်အပ်ခံရလျက်ရှိပြီး အနုပညာအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။ ဝန်းရံသူမိန်းကလေးတွေရဲ့ အသည်းကိုမကြာခဏဆိုသလို ခွဲလေ့ရှိတဲ့ ပိုင်တံခွန်ဟာ ခုချိန်မှာ အမှန်တကယ်အသည်းကွဲနေတာဖြစ်ပါတယ်။ မော်ဒယ်မင်းသမီးလေးတွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေကို မကြာခဏတင်ပြီးတော့ Relationship တစ်ခုတည်ဆောက်လိုက်တဲ့ပုံမျိုးဖန်တီးထားတာတွေကြောင့် မိန်းကလေးပရိသတ်တွေလည်း မကြာခဏဆိုသလို အသည်းကွဲခဲ့ကြပါတယ်။ ပိုင်တံခွန်ကတော့...

ကြိုက်တဲ့ သူနဲ့ Troll ကြပါ ရယ်ရပါတယ်ဆိုတဲ့ ဖြူဖြူထွေး

လက်ရှိ Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ ဆယ်လီတယောက်ဖြစ်တဲ့ ဖြူဖြူထွေးဆိုတဲ့ ကောင်မလေးကိုတော့ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဟာသဗီဒီယိုတွေနဲ့ ပေါက်ကရစိတ်ထက်ရာလုပ်ပြီး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်သရုပ်ဆောင်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲပြီး Troll ပုံတွေတော်တော်များများတတ်လာခဲ့ကာ ပိုပြီးတော့တောင် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိမှာတော့ ဖြူဖြူထွေးကတော့ သူနဲ့ စိုင်းစိုင်း Troll ခံရတဲ့ပုံတွေနဲ့...

အိန္ဒိယကားကို အိန္ဒိယလိုခံစားပြီးရင် မြန်မာကားကို မြန်မာလိုခံစားကြည့်ပါဆိုတဲ့ ဆဲဗင်းဒေး

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာ ထာဝရထက်နှစ်ဆ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့ အတော်လေးဂယက်ရိုက်နေတာကို ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။ အိန္ဒိယဘောလီးဝုဒ်ရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ အပြင် မြန်မာပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိထားတဲ့ Sanam Teri Kasam ရုပ်ရှင်ဇာတ်ကားကို ကော်ပီကူးပြီး ရိုက်ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ထာဝရထက် နှစ်ဆ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းဇာတ်ညွှန်းဖြစ်တဲ့ ဆဲဗင်းဒေးက အိန္ဒိယကားကို အိန္ဒိယကားလိုကြည့်ပြီးခံစားရန်နဲ့ မြန်မာကားကို မြန်မာကားလိုကြည့်ပြီးခံစားဖို့...