ရေခြားမြေခြားမှာ ကျောင်းသွားတက်မယ့် သမီးကို စိတ်မချတာတွေ ရှိတယ်ဆိုတဲ့ မင်းမော်ကွန်း

0
49

ရုပ်ရှင်လောကထဲကို ဝင်တဲ့အချိန်ကတည်းကနေ လက်ရှိချိန်ထိ ပုံစံမပြောင်းသွားပဲ အမြဲနုပျိုနေတဲ့ မင်းသားတယောက်ဆိုရင်တော့ မင်းမော်ကွန်းကိုပဲ ထောက်ပြရမှာပါ။ လက်ရှိချိန်ထိ လူငယ်လေးတယောက်လို နုပျိုပြီး တက်တက်ကြွကြွရှိနေတုန်းပါပဲ။ သူ့အနေနဲ့ လက်ရှိမှာတော့ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားတွေသမီးတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လက်ရှိမှာတော့ မင်းမော်ကွန်းရဲ့ သမီးလေးကတော့ ပြည်ပမှာ ပညာသွားသင်တော့မှာဖြစ်ပြီး မိဘတယောက်အနေနဲ့ သူ့ခံစားချက်တွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

မင်းမော်ကွန်းကတော့ MC နဲ့ အင်တာဗျူးမှာတော့ ပြည်ပမှာ ပညာသွားသင်မယ့် သမီးလေးကို စိတ်ချလားဆိုတဲ့အပေါ်မှာတော့ “အဲ့လိုမျိုးတော့ အရမ်းကြီးမဖြစ်ပါဘူး။ သမီးလေးကို ယုံပါတယ်။ ဒါပေမယ့်လည်း ရေခြားမြေခြားမှာ မိဘတွေကို ခွဲပြီးသွားရမှာဆိုတော့ မိဘတယောက်အနေနဲ့ သားသမီးတွေကို စိတ်မချတဲ့ အပိုင်းတွေတော့ ရှိတာပေါ့လေ။ သူမကျန်းမာတဲ့ အခါတို့ အဲ့လိုမျိုးတွေဖြစ်တဲ့ အပိုင်းတွေပါ”

ပြည်ပကိုသွားဖို့ သမီးကရွေးချယ်ခဲ့တာလားဆိုတဲ့ အပေါ်မှာတော့ “ဒါကတော့ သူ့ပညာရေး အရပါ။ သူရွေးချယ်တဲ့အပိုင်းပေါ့။ သူကပညာရေးမှာလည်း ထူးချွန်တယ်။ သူဘာလုပ်ရမလဲဆိုတာကိုလည်း ခိုင်ခိုင်မာမာ ရှိတယ်။ အဲ့လမ်းကြောင်းကိုလည်း သူကိုယ်တိုင်ကြိုးစားပြီးတော့ ဖြစ်အောင်လုပ်တယ်ပေါ့နော်။ သူကိုယ်တိုင်ရွေးတာပါ။ အဲ့လိုဖြစ်ဖို့ကို သူကျောင်းပေါင်းစုံတက် သူကိုယ်တိုင် ကြိုးစားထားတာပါ။ သူကိုယ်တိုင် စိတ်ဝင်တစားရှိတယ် ဆိုတော့ ကျနော်တို့အနေနဲ့ ကန့်ကွက်စရာတော့ မရှိပါဘူး”

သမီးလေးကို သရုပ်ဆောင်လုပ်ခိုင်းဖို့ အစီအစဉ်ရှိလားဆိုတဲ့ အပေါ်မှာတော့ “အဲ့ဒါကတော့ သူ့ရဲ့ ရွေးချယ်မှုပါပဲခင်ဗျာ” လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “ကျနော် လတ်တလောမှာတော့ နားထားတယ်။ ပြီးတော့ ဇာတ်တွေရှာနေပါတယ်။ ကျနော့်ရဲ့ ကိုယ်တိုင်ရေး ဇာတ်တွေကို ဘယ်တော့ချပြဖြစ်မလဲဆိုတော့ အဲ့ဒါတွေက ကျနော်လုပ်တော့ လုပ်နေပါတယ်ဗျ”

သီချင်းတွေရော လုပ်ဖြစ်နေလားဆိုတဲ့ အပေါ်မှာတော့ “ကျနော်တို့ မြေပဲယိုသီချင်းလေးတွေကို ပြန်ဆိုနေတယ်။ ပြီးတော့ EDM သီချင်းလေးတွေကို မြေပဲယိုနဲ့အတူ ပြန်လုပ်နေပါတယ်။ ကျော်သူစိုးကတော့ တရက်က တွေ့လိုက်တယ်။ ပြီးတော့ပြန်သွားပြီတဲ့။ သီချင်းလုပ်ဖို့တွေတော့ ပြောထားပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။crd