အိုနေတဲ့မင်းသားတွေကြောင့် မျက်နှာသစ်တွေနေရာမရဘူးလို့ဆိုတဲ့ အလင်းသခင်

0
31

Facebook မှာ Poppingဖြစ်ပြီး အကြောင်းရာလေးတွေ၊ လူတိုင်းရဲ့ ပါးစပ်ဖျားရောက်နေတဲ့ အကြောင်းအရာတွေကို Video တွေရိုက်ပြီး အမြဲတမ်းလိုလို ဝုန်းတဲ့ ဖေ့ဘုတ်ဆယ်လီ အလင်းသခင်ကတော့ လက်ရှိမှာလည်း မြန်မာရုပ်ရှင်လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းရာ တချို့ကို ဒဲ့ဝုန်းလိုက်ပါပြီ။ အလင်းသခင် ဘယ်လိုဝုန်းလိုက်လဲဆိုတာကိုတော့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။

8 Day နဲ့ အင်တာဗျူးမှာတော့ အလင်းသခင်ကတော့ သရုပ်ဆောင်သစ်တွေကို ရုပ်ရှင်ကားကြီးတွေမှာ သုံးလာတဲ့ အပေါ်မှာတော့ “အသစ်တွေဆိုတော့ လိုအပ်ချက်လေးတွေတော့ နည်းနည်းပါးပါးတော့ ရှိကြတာပါပဲ။ သူတို့တွေ ကြိုးစားလာကြတာတော့ ကောင်းပါတယ်။ ရွက်ပုန်းသီးဆိုတာကလည်း အားလုံး ဆွဲခေါ်မှလည်း အပေါ်ရောက်မှာလေ။ မသိရင် မြန်မာနိုင်ငံမှာက ဒီမင်းသား ဒီမင်းသမီးပဲ ရှိသလိုပဲ အားလုံးက ရိုက်နေကြတာ။ လက်ချိုးပြီးတော့ ရေလို့ရတယ်လေ။ ရွက်ပုန်းသီးလေးတွေကို ဘယ်သူမှ မြေတောင်မမြောက်ပေးကြဘူး။

ဒါပေမယ့်လည်း အခုနောက်ပိုင်း Production တွေက မြေတောင်မြောက်ပေးတဲ့ မျက်နှာသစ် မင်းသားမင်းသမီးတွေ ထွက်လာတာကတော့ အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ International မှီလာသလိုမျိုးပေါ့။ နောက်မို့ဆို မြန်မာနိုင်ငံက မြန်မာနိုင်ငံလိုမျိုးကြီးပဲ သွားနေတယ်။ အိုနေတဲ့ မင်းသားလည်း လူငယ်ပဲ။ သေခါနီးမင်းသားလည်း လူငယ်ပဲ သူတို့တွေက ဘယ်တော့မဆင်းပေးတော့ မျက်နှာသစ်လူငယ်တွေက မတက်လာတော့ဘူး။ အခုလိုမျိုး မျက်နှာသစ်တွေကို နေရာပေးလာလို့လည်း အရမ်းကို ကောင်းပါတယ်”

မြို့ပြမုဆိုးများဆိုတဲ့ ဇာတ်ကားအပေါ် “ဒီကားက ဖြည်းဖြည်းလေးသွားတဲ့ကားပါ။ အက်ရှင်ကားလည်း ပီသပါတယ်။ မြန်မာပေါကားတွေထက် စာရင်တော့ ဘယ်ဟာလည်းဆိုတာကို သူ့ရဲ့ နောက်ဆုံးကျမှပဲ ဇာတ်လမ်းပြီးအောင် ကြည့်မှပဲ သိနိုင်တဲ့ကားလေးပေါ့နော်။ မြန်မာနိုင်ငံမှာ ပေါကားတွေပဲ ကြည့်နေကြလူတွေဆိုရင်တော့ ဒီကားလေးကို ကြည့်ရတာ ပျင်းတယ်လို့ ပြောကြမှာ သေချာပါတယ်။ ဇာတ်လမ်းလေးက အေးအေးလေးပဲသွားမယ်။

အားလုံးလည်း သဘာဝဆန်တယ်။ ပေါကားတွေလိုမျိုး ဇွတ်ကြီး အိုဗာလုပ်ထားတာတွေတော့ မရှိပါဘူး။ ဇာတ်လမ်းလေးကို အပြီးထိ ကြည့်ရင် ပိုပြီးတော့ နားလည်ပါလိမ့်မယ်။ ဒီကားလေးက ပညာတွေလည်း အများကြီး ရပါတယ်။ Message တွေ အများကြီးလည်း ပေးထားပါတယ်။ အက်ရှင်ကားကြိုက်တဲ့သူတွေအတွက်တော့ တော်တော်ကောင်းပါတယ်။ ပေါကားကြည့်နေကြသူတွေကတော့ ဒီကားကို လာကြည့်ရင် ပျင်းဖို့ကောင်းတယ်လို့ ပြောကြမှာ သေချာပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။crd