မြန်မာစာရမှတ်တစ်ခုနဲ့တင် ပရိသတ်တွေကို အံ့သြသွားအောင်လုပ်လိုက်တဲ့ မေလသံစဉ်

0
47

ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါလွန်းတာကြောင့် ကိုယ်တိုင် စန္ဒယားတီးပြီး cover song တွေဆိုရင်း လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံစဉ်က ကြည်လင်ပြတ်သားတဲ့ဘအသံလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် မေလသံစဉ်က သူမကို အားပေးတဲ့ ပရိသတ်တွေနဲ့ လူကြိုက်များထင်ရှားတဲ့ အဆိုတော်လေးဖြစ်လို့နေပါပြီ။

မေလသံစဉ်ကတော့ ၂၀၁၈၊ ၂၀၁၉ ခုနှစ် ပညာသင်နှစ်မှာ ၁၀ တန်းစာမေးပွဲကြီးကို ဖြေဆိုထားသူလေးဖြစ်ပါတယ်။ ဇွန်လ(၈)ရက်နေ့ (၁၀) တန်းအောင်စာရင်း ထွက်ချိန်မှာတော့ မေလသံစဉ်က တက္ကသိုလ်ဝင် စာမေးပွဲကြီးကို အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဘာသာစုံအမှတ်စာရင်းကို ချမပြဘဲ မြန်မာစာရမှတ်တစ်ခုတည်းကိုသာ ကလိထိုးပြီး ချပြပေးထားခဲ့တဲ့ မေလကတော့ ” နည်းတဲ့အမှတ်​စာရင်း​တွေ​ ​ပြောမပြ​တော့ဘူး​နော်​ 😁😝😜😍 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်ပေ့စ်ကနေတစ်ဆင့် မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

(၁၀) တန်း တက္ကသိုလ်ဝင် စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့ မေလကတော့ သူမရဲ့ အမှတ်စာရင်းရမှတ်တွေထဲမှ မြန်မာစာ ရမှတ်ကိုသာ ပရိသတ်တွေ အံ့အားသင့်သွားရလောက်အောင် ကလိထိုးပြီး ချပြခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေချစ်တဲ့ အဆိုတော်မလေး မေလသံစဉ်ကတော့ သူမရဲ့ ကြိုးစားမှုရလဒ်ကြောင့် (၁၀) တန်းစာမေးပွဲကို အခက်အခဲမရှိ နှစ်ချင်းပေါက်အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူကြမယ်လို့ထင်ပါတယ်။ (၁၀) တန်းစာမေးပွဲကြီးကို အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့တဲ့ မေလသံစဉ်ကတော့ မြန်မာစာရမှတ်တစ်ခုတည်းကိုသာ ချပြပေးပြီး ပရိသတ်တွေကို အသည်းယားအောင် ကလိထိုးလိုက်တဲ့အတွက် ပရိသတ်တွေလည်း စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာစာရမှတ်တစ်ခုတည်းနဲ့တင် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ရတဲ့ မေလသံစဉ်ကိုချစ်ရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။crd