သူသင့္ကိုတကယ္ခ်စ္တာမဟုတ္ဘဲ အပ်င္းေျပလာပတ္သက္ေနမွန္းသိသာေနတဲ့အခ်က္

0
64

အခုေခတ္မွာ ရည္းစားစကားေျပာဖို႕ဆိုတာ ေရထေသာက္တာထက္ေတာင္ ပိုလြယ္ျပီး ၊ ပိုသက္ေတာင့္သက္သာရွိေနတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒီေတာ့ ကိုယ့္ကို လာပတ္သက္တဲ့သူတစ္ေယာက္ဟာ ကိုယ့္ကိုရမလားဆိုျပီး ေသြးတိုးစမ္းတာလား၊ အပ်င္းေျပေရာရင္း ရရင္အျမတ္ပဲလို႕သေဘာထားေနတာလား၊ လာကစားေနတာလား၊ တကယ္ပဲေၾကြေနတာလားဆိုတာ ခြဲျခားဖို႕ခက္ခဲပါတယ္။ ဒီေတာ့ ကိုယ့္ကိုလာပတ္သက္ေနတဲ့သူက တကယ္ခ်စ္တာမဟုတ္ဘဲ ကစားရံုသက္သက္၊ ေသြးတိုးစမ္းရံုသက္သက္ပဲရည္ရြယ္တယ္ဆိုတာ ဒီအခ်က္ေတြက သက္ေသျပေနပါလိမ့္မယ္။

(၁) အဆင့္ေက်ာ္တဲ့စကားေတြကိုခပ္တည္တည္ေျပာေနမယ္

ကိုယ့္ဘက္က သူ႕ကိုဘာမွျပန္မေျပာရေသးဘဲ၊ နွစ္ေယာက္သားက ခ်စ္သူ၊ရည္းစားေတြလည္းမျဖစ္ေသးပါဘဲ ခ်စ္သူ၊ရည္းစားေတြလို စကားလံုးအသံုးအႏႈန္းေတြေျပာတာမ်ိဳး၊ ကိုယ္နဲ႕ပတ္သက္လို႕ ပိုင္စိုးပိုင္နင္းေျပာဆိုတာမ်ိဳးေတြလုပ္တတ္ပါတယ္။ အဲ့ဒီစကားေတြမွာ သာယာမိရင္ ကိုယ္ပဲစိတ္ညစ္ရမွာပါ။

(၂) ဘာကိုမွအေလးအနက္မထားဘူး

ကိုယ့္ကိုသေဘာက်တယ္လို႕ေျပာေပမယ့္ ကိုယ္နဲ႕ပတ္သက္လို႕ စိတ္ဝင္တစားမရွိဘဲ ၊ ကိုယ္ေျပာတဲ့စကားေတြကိုလည္း မမွတ္မိဘူး၊ သူကိုယ့္ကိုေျပာျပီးသားေတြကိုလည္း ထပ္တလဲလဲျပန္ေျပာေနမယ္ဆိုရင္ ေသခ်ာေပါက္ သူဟာသင့္ကိုမခ်စ္ပါဘူး။

(၃) တျခားမိန္းကေလးေတြနဲ႕လည္းအေရာတဝင္ေနတယ္

ကိုယ့္ကိုတကယ္ခ်စ္တဲ့သူက သူငယ္ခ်င္းမိန္းကေလးေတြကလြဲလို႕ တျခား ဘာပတ္သက္မႈမွမရွိတဲ့မိန္းကေလးေတြနဲ႕ ဆက္ျပီးပတ္သက္ေနေတာ့မွာမဟုတ္ပါဘူး။ သူကေတာ့အဲ့လိုမဟုတ္ဘဲ တျခားမိန္းကေလးေတြနဲ႕ အေရာတဝင္ေနတယ္၊ ဘယ္လုိအေျခအေနလဲခန္႕မွန္းမရတဲ့ပံုစံမ်ိိဳးေတြျပဳမူေနတယ္ဆိုရင္ေတာ့ သင့္အေနနဲ႕ သူနဲ႕ဆက္ျပီးပတ္သက္ဖို႕ ေသခ်ာစဥ္းစားရေတာ့မွာပါ။

(၄) သူနဲ႕သင့္ၾကားကပတ္သက္မႈကိုလူသိမွာေၾကာက္ေနတယ္

သင္တို႕နွစ္ေယာက္ၾကားမွာ သင့္ဘက္ကဘာမွမတံု႕ျပန္ရေသးေပမယ့္ သူက သူသင့္ကိုသေဘာက်ေနတဲ့အေၾကာင္း လူေတြမသိေအာင္ဖံုးထားတယ္၊ လူသိမွာေၾကာက္ေနတယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ အေပ်ာ္ၾကံေနတာပါ။

(၅) ကတိေတြအမ်ားၾကီးေပးမယ္၊ ျပီးရင္ေမ့ေနမယ္
မင္းနဲ႕ေတြ႕မွ အရာအားလံုးေျပာင္းလဲသြားတယ္၊ မင္းဘဝတေလွ်ာက္လံုးစိတ္ခ်မ္းသာေစရမယ္၊ မင္းအတြက္ဘာမဆိုျဖည့္ဆည္းေပးမယ္၊ မင္းလိုအပ္တဲ့အခ်ိန္အျမဲအဆင္သင့္ပဲ၊ မင္းအတြက္ၾကိဳးစားေနျပီ အဲ့လိုစကားေတြတစ္ခ်ိန္လံုးေျပာတတ္ျပီး တခါတေလအဲ့ဒီစကားေတြသူမေျပာခဲ့သလိုလုပ္ေနတတ္ပါတယ္။ ေသခ်ာေပါက္ေတြ႕ကရာေလွ်ာက္ေျပာေနတာပါ၊ မယံုသင့္ပါဘူး။

(၆) သူ႕ကိုၾကိဳက္ေနတဲ့သူေတြအမ်ားၾကီးရွိတယ္လို႕ေျပာတတ္တယ္

သူ႕မွာေရြးခ်ယ္စရာေတြအမ်ားၾကီးရွိတဲ့ထဲက သင့္ကိုပဲသူကၾကိဳက္တာဆိုတဲ့ပံုစံမ်ိဳးေျပာတာပါ။ သူ႕ကိုၾကိဳက္ေနတဲ့သူေတြရွိေပမယ့္ သူ႕ဘက္ကေတာ့စိတ္မဝင္စားဘူး သင္တစ္ေယာက္တည္းကိုပဲခ်စ္တာ ဘာညာေျပာလာရင္ လံုးဝမယံုလိုက္ပါနဲ႕။ သူ႕ကိုၾကိဳက္ေနတဲ့သူေတြကို ျပန္ၾကိဳက္လိုက္ပါလို႕ အၾကံေပးလိုက္ပါ။

MAY THAZINHTOO

( Unicode Version )

သူသင့်ကိုတကယ်ချစ်တာမဟုတ်ဘဲ အပျင်းပြေလာပတ်သက်နေမှန်းသိသာနေတဲ့အချက်(၆)ချက်

အခုခေတ်မှာ ရည်းစားစကားပြောဖို့ဆိုတာ ရေထသောက်တာထက်တောင် ပိုလွယ်ပြီး ၊ ပိုသက်တောင့်သက်သာရှိနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကို လာပတ်သက်တဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုရမလားဆိုပြီး သွေးတိုးစမ်းတာလား၊ အပျင်းပြေရောရင်း ရရင်အမြတ်ပဲလို့သဘောထားနေတာလား၊ လာကစားနေတာလား၊ တကယ်ပဲကြွေနေတာလားဆိုတာ ခွဲခြားဖို့ခက်ခဲပါတယ်။ ဒီတော့ ကိုယ့်ကိုလာပတ်သက်နေတဲ့သူက တကယ်ချစ်တာမဟုတ်ဘဲ ကစားရုံသက်သက်၊ သွေးတိုးစမ်းရုံသက်သက်ပဲရည်ရွယ်တယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါလိမ့်မယ်။

(၁) အဆင့်ကျော်တဲ့စကားတွေကိုခပ်တည်တည်ပြောနေမယ်

ကိုယ့်ဘက်က သူ့ကိုဘာမှပြန်မပြောရသေးဘဲ၊ နှစ်ယောက်သားက ချစ်သူ၊ရည်းစားတွေလည်းမဖြစ်သေးပါဘဲ ချစ်သူ၊ရည်းစားတွေလို စကားလုံးအသုံးအနှုန်းတွေပြောတာမျိုး၊ ကိုယ်နဲ့ပတ်သက်လို့ ပိုင်စိုးပိုင်နင်းပြောဆိုတာမျိုးတွေလုပ်တတ်ပါတယ်။ အဲ့ဒီစကားတွေမှာ သာယာမိရင် ကိုယ်ပဲစိတ်ညစ်ရမှာပါ။

(၂) ဘာကိုမှအလေးအနက်မထားဘူး

ကိုယ့်ကိုသဘောကျတယ်လို့ပြောပေမယ့် ကိုယ်နဲ့ပတ်သက်လို့ စိတ်ဝင်တစားမရှိဘဲ ၊ ကိုယ်ပြောတဲ့စကားတွေကိုလည်း မမှတ်မိဘူး၊ သူကိုယ့်ကိုပြောပြီးသားတွေကိုလည်း ထပ်တလဲလဲပြန်ပြောနေမယ်ဆိုရင် သေချာပေါက် သူဟာသင့်ကိုမချစ်ပါဘူး။

(၃) တခြားမိန်းကလေးတွေနဲ့လည်းအရောတဝင်နေတယ်

ကိုယ့်ကိုတကယ်ချစ်တဲ့သူက သူငယ်ချင်းမိန်းကလေးတွေကလွဲလို့ တခြား ဘာပတ်သက်မှုမှမရှိတဲ့မိန်းကလေးတွေနဲ့ ဆက်ပြီးပတ်သက်နေတော့မှာမဟုတ်ပါဘူး။ သူကတော့အဲ့လိုမဟုတ်ဘဲ တခြားမိန်းကလေးတွေနဲ့ အရောတဝင်နေတယ်၊ ဘယ်လိုအခြေအနေလဲခန့်မှန်းမရတဲ့ပုံစံမျိိုးတွေပြုမူနေတယ်ဆိုရင်တော့ သင့်အနေနဲ့ သူနဲ့ဆက်ပြီးပတ်သက်ဖို့ သေချာစဉ်းစားရတော့မှာပါ။

(၄) သူနဲ့သင့်ကြားကပတ်သက်မှုကိုလူသိမှာကြောက်နေတယ်

သင်တို့နှစ်ယောက်ကြားမှာ သင့်ဘက်ကဘာမှမတုံ့ပြန်ရသေးပေမယ့် သူက သူသင့်ကိုသဘောကျနေတဲ့အကြောင်း လူတွေမသိအောင်ဖုံးထားတယ်၊ လူသိမှာကြောက်နေတယ်ဆိုရင်တော့ သေချာပေါက် အပျော်ကြံနေတာပါ။

(၅) ကတိတွေအများကြီးပေးမယ်၊ ပြီးရင်မေ့နေမယ်
မင်းနဲ့တွေ့မှ အရာအားလုံးပြောင်းလဲသွားတယ်၊ မင်းဘဝတလျှောက်လုံးစိတ်ချမ်းသာစေရမယ်၊ မင်းအတွက်ဘာမဆိုဖြည့်ဆည်းပေးမယ်၊ မင်းလိုအပ်တဲ့အချိန်အမြဲအဆင်သင့်ပဲ၊ မင်းအတွက်ကြိုးစားနေပြီ အဲ့လိုစကားတွေတစ်ချိန်လုံးပြောတတ်ပြီး တခါတလေအဲ့ဒီစကားတွေသူမပြောခဲ့သလိုလုပ်နေတတ်ပါတယ်။ သေချာပေါက်တွေ့ကရာလျှောက်ပြောနေတာပါ၊ မယုံသင့်ပါဘူး။

(၆) သူ့ကိုကြိုက်နေတဲ့သူတွေအများကြီးရှိတယ်လို့ပြောတတ်တယ်

သူ့မှာရွေးချယ်စရာတွေအများကြီးရှိတဲ့ထဲက သင့်ကိုပဲသူကကြိုက်တာဆိုတဲ့ပုံစံမျိုးပြောတာပါ။ သူ့ကိုကြိုက်နေတဲ့သူတွေရှိပေမယ့် သူ့ဘက်ကတော့စိတ်မဝင်စားဘူး သင်တစ်ယောက်တည်းကိုပဲချစ်တာ ဘာညာပြောလာရင် လုံးဝမယုံလိုက်ပါနဲ့။ သူ့ကိုကြိုက်နေတဲ့သူတွေကို ပြန်ကြိုက်လိုက်ပါလို့ အကြံပေးလိုက်ပါ။

MAY THAZINHTOO