နယ္သာလန္ၿမိဳ႕ေတာ္ အမ္စတာဒမ္သို႔ လာလည္လၽွင္ ေဒသခံတဦးကို တရက္တာ လက္ထပ္ခြင့္ ရမည္

0
53

နယ္သာလန္ၿမိဳ႕ေတာ္ အမ္စတာဒမ္သို႔ လာလည္သည့္ ခရီးသြားမ်ား ေဒသခံကို တစ္ရက္တာ လက္ထပ္ႏိုင္မည့္ ‘Marry an Amsterdammer for a day’ ဆို သည့္ အစီအစဥ္ စတင္ အသက္ဝင္လာၿပီ ျဖစ္သည္။ အမည္ခံ မဂၤလာေဆာင္အတြက္ အနည္းဆုံး ကုန္က်စရိတ္မွာ ယူ႐ို ၁၀၀ ျဖစ္သည္။ ဆိုင္လည္းျဖစ္၊ ဘုရားေက်ာင္း ငယ္လည္းျဖစ္သည့္ ေနရာတြင္ ထိုႏွစ္ဦး ပန္းတုမ်ား၊ ေဈးေပါသည့္ လက္စြပ္မ်ားျဖင့္ လက္ထပ္ ႏိုင္မည္ျဖစ္သည္။

ထို ႔ျပင္ ထို ေန႔တြင္ အဆိုပါ အမည္ခံ ဇနီးေမာင္ႏွံ သည္ ခရီးသြားမ်ား အသြားနည္းသည့္ အမ္စတာဒမ္ၿမိဳ႕တြင္းရွိ ေနရာမ်ားကို သြားလည္ကာ ဟန္းနီးမြန္း ထြက္ရမည္ျဖစ္ သည္။ နာမည္ေက်ာ္ ေနရာမ်ားတြင္သာ ခရီးသြားမ်ား ပုံေအာေနသျဖင့္ ယင္းသို႔စီ စဥ္လိုက္ျခင္းျဖစ္သည္။ ေဒသခံကို တစ္ ရက္တာလက္ထပ္၍ ရသည္ဆိုသည့္ အစီ အစဥ္ကို အထင္ မလြဲသင့္ေပ။ ရည္းစား လိုခ်င္ေနသူမ်ား အဖို႔လည္း ထိုနည္းသည္ အဆင္ေျပမည္ မဟုတ္။

ခ ရီး သြား မ်ားႏွင့္ ေဒသခံမ်ား ရင္းႏွီး ကၽြမ္းဝင္လာေစရန္၊ ခရီးသြားဝင္ေရာက္မႈ မတန္တဆ မ်ားျပား ေနျခင္း၊ နာမည္ႀကီးေနရာမ်ား တြင္သာ ခရီးသြားမ်ား ပုံေအာေနျခင္း စသည္တို႔ကို ေလၽွာ႔ခ်ႏိုင္ရန္ ရည္႐ြယ္ကာ ထိုသို႔ စီစဥ္ ထားျခင္းျဖစ္သည္။ ၎တို႔သည္ တရက္ တာသာ အမည္ခံ လက္ထပ္ျခင္းျဖစ္သည္။ ထို႔ျပင္ တူးေျမာင္းထဲရွိ အမႈိက္မ်ားကို ခရီး သြားမ်ားက တပိုင္ တႏိုင္ ရွင္းလင္းေပး သည့္ အစီအစဥ္လည္း ရွိေသးသည္။

ခ ရီး သြား အလြန္အကၽြံ မ်ားျပားေနေသာ္လည္း သဘာ၀ ပတ္ဝန္းက်င္အတြက္ အက်ိဳးရွိ ေစရန္အလို႔ငွာ ထိုသို႔ စီစဥ္ထားျခင္းျဖစ္ သည္ ။ ေဟာ္လန္ ( နယ္သာလန္ ) သို႔ လာေရာက္လည္ပတ္သူအေရအတြက္ သည္ လာမည့္ဆယ္ႏွစ္ အတြင္း ၅၀ ရာခိုင္ႏႈန္း တိုးလာဖြယ္ရွိသည္ ။ ဝင္လာ သည့္ခရီးသြားအေရအတြက္ မတန္တဆ မ်ားျပားေနျခင္းကို ေလၽွာ႔ခ်လိုသျဖင့္ အ စိုးရက ကမၻာေက်ာ္ I Love Amsterdam ဆိုသည့္ ဆိုင္းဘုတ္ႀကီးကို ဒီဇင္ဘာလက ပင္ျဖဳတ္ခ်လိုက္ေသးသည္ ။ ထို႔ျပင္ အမ္စ တာဒမ္ၿမိဳ႕လယ္ရွိ ျပည့္တန္ဆာရပ္ကြက္ သို႔ ခရီးသြားမ်ား သြားေရာက္ ေပ်ာ္ပါးျခင္း ကိုလည္း ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလက စကာ ပိတ္ပင္တားျမစ္သြားမည္ဟု အစိုး ရကေၾကညာထားေသးသည္။

Source Pyi Myanamr

( Unicode )

နယ်သာလန်မြို့တော် အမ်စတာဒမ်သို့ လာလည်လျှင် ဒေသခံတဦးကို တရက်တာ လက်ထပ်ခွင့် ရမည်

နယ်သာလန်မြို့တော် အမ်စတာဒမ်သို့ လာလည်သည့် ခရီးသွားများ ဒေသခံကို တစ်ရက်တာ လက်ထပ်နိုင်မည့် ‘Marry an Amsterdammer for a day’ ဆို သည့် အစီအစဉ် စတင် အသက်ဝင်လာပြီ ဖြစ်သည်။ အမည်ခံ မင်္ဂလာဆောင်အတွက် အနည်းဆုံး ကုန်ကျစရိတ်မှာ ယူရို ၁၀၀ ဖြစ်သည်။ ဆိုင်လည်းဖြစ်၊ ဘုရားကျောင်း ငယ်လည်းဖြစ်သည့် နေရာတွင် ထိုနှစ်ဦး ပန်းတုများ၊ ဈေးပေါသည့် လက်စွပ်များဖြင့် လက်ထပ် နိုင်မည်ဖြစ်သည်။

ထို့ပြင် ထို နေ့တွင် အဆိုပါ အမည်ခံ ဇနီးမောင်နှံ သည် ခရီးသွားများ အသွားနည်းသည့် အမ်စတာဒမ်မြို့တွင်းရှိ နေရာများကို သွားလည်ကာ ဟန်းနီးမွန်း ထွက်ရမည်ဖြစ် သည်။ နာမည်ကျော် နေရာများတွင်သာ ခရီးသွားများ ပုံအောနေသဖြင့် ယင်းသို့စီ စဉ်လိုက်ခြင်းဖြစ်သည်။ ဒေသခံကို တစ် ရက်တာလက်ထပ်၍ ရသည်ဆိုသည့် အစီ အစဉ်ကို အထင် မလွဲသင့်ပေ။ ရည်းစား လိုချင်နေသူများ အဖို့လည်း ထိုနည်းသည် အဆင်ပြေမည် မဟုတ်။

ခ ရီး သွား များနှင့် ဒေသခံများ ရင်းနှီး ကျွမ်းဝင်လာစေရန်၊ ခရီးသွားဝင်ရောက်မှု မတန်တဆ များပြား နေခြင်း၊ နာမည်ကြီးနေရာများ တွင်သာ ခရီးသွားများ ပုံအောနေခြင်း စသည်တို့ကို လျှော့ချနိုင်ရန် ရည်ရွယ်ကာ ထိုသို့ စီစဉ် ထားခြင်းဖြစ်သည်။ ၎င်းတို့သည် တရက် တာသာ အမည်ခံ လက်ထပ်ခြင်းဖြစ်သည်။ ထို့ပြင် တူးမြောင်းထဲရှိ အမှိုက်များကို ခရီး သွားများက တပိုင် တနိုင် ရှင်းလင်းပေး သည့် အစီအစဉ်လည်း ရှိသေးသည်။

ခ ရီး သွား အလွန်အကျွံ များပြားနေသော်လည်း သဘာ၀ ပတ်ဝန်းကျင်အတွက် အကျိုးရှိ စေရန်အလို့ငှာ ထိုသို့ စီစဉ်ထားခြင်းဖြစ် သည် ။ ဟော်လန် ( နယ်သာလန် ) သို့ လာရောက်လည်ပတ်သူအရေအတွက် သည် လာမည့်ဆယ်နှစ် အတွင်း ၅၀ ရာခိုင်နှုန်း တိုးလာဖွယ်ရှိသည် ။ ဝင်လာ သည့်ခရီးသွားအရေအတွက် မတန်တဆ များပြားနေခြင်းကို လျှော့ချလိုသဖြင့် အ စိုးရက ကမ္ဘာကျော် I Love Amsterdam ဆိုသည့် ဆိုင်းဘုတ်ကြီးကို ဒီဇင်ဘာလက ပင်ဖြုတ်ချလိုက်သေးသည် ။ ထို့ပြင် အမ်စ တာဒမ်မြို့လယ်ရှိ ပြည့်တန်ဆာရပ်ကွက် သို့ ခရီးသွားများ သွားရောက် ပျော်ပါးခြင်း ကိုလည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက စကာ ပိတ်ပင်တားမြစ်သွားမည်ဟု အစိုး ရကကြေညာထားသေးသည်။

Source Pyi Myanamr