အိမ္မီးေလာင္မႈမွာ သမီးေလး မီးမေလာင္ဖုိ႔၊ ခႏၶာကုိယ္ကို ဒုိင္းသဖြယ္ကာေပးခဲ့တဲ့ မိဘႏွစ္ပါး

0
66

တ႐ုတ္ႏုိင္ငံမွာ ျဖစ္ပြားခဲ့တဲ့ ဆုိးရြားလွတဲ့မီးေလာင္မႈတစ္ခုမွာ မိသားစုတစ္စုရဲ႕အျဖစ္ကို ရင္နာဖြယ္ရာ ျမင္ေတြ႕လုိက္ရပါတယ္။ အဆိုပါ မိသားစုမွာ ဖခင္နဲ႔မိခင္တုိ႔ဟာ သမီးေလး မီးမေလာင္ခံရေရးအတြက္ သူတုိ႔ ခႏၶာကိုယ္ေတြကုိ ဒုိင္းသဖြယ္အသုံးျပဳၿပီး အကာကြယ္ေပးခဲ့တာပါ။

အေပၚဆုံး (၆)လႊာကေန စလုိက္တဲ့မီးေလာင္မႈဟာ ငါးလႊာနဲ႔ ေဘးခ်ဥ္းကပ္အခန္းေတြကို မိနစ္အနည္းအငယ္အတြင္း လ်င္ျမန္စြာ ကူးစက္သြားပါတယ္။ ဒီအျဖစ္အပ်က္ဟာ Guangzhou ၿမိဳ႕က Liwan ရပ္ကြက္အတြင္းမွာ ၿပီးခဲ့တဲ့ ဇြန္လ(၁၉)ရက္ ညေန (၃)နာရီ ဝန္းက်င္မွာ ျဖစ္ခဲ့တာပါ။

မိခင္ျဖစ္သူကေတာ့ သမီးေလးကို ကာကြယ္ေပးရင္းနဲ႔ အခန္းထဲမွာ မီးေတာက္ရဲ႕ ဝါးမ်ိဳမႈကို ခံလုိက္ရၿပီ ျဖစ္ပါတယ္။ ဖခင္ကလည္း သမီးေလးကို မီးေတာက္ေတြၾကားထဲကေန အလွ်င္အျမန္ေခၚေဆာင္လာၿပီး၊ အျပင္ဘက္ကုိ မရမက စြဲထုတ္ကာ ကေလးကို ခႏၶာကိုယ္နဲ႔ အုပ္ထားခဲ့ပါတယ္။

Gangzhou Fire Brigade မီးသတ္တပ္ဖြဲ႕ဟာ မီးသတင္းရလွ်င္ ရခ်င္းပဲ မီးသတ္ယာဥ္ (၁၆)စီး၊ မီးသတ္တပ္ဖြဲ႕အင္အား (၉၉)ေယာက္တုိ႔ကို ခ်က္ခ်င္းေစလႊတ္ခဲ့ပါတယ္။ မိနစ္ပုိင္းေလးအတြင္း ေရာက္သြားတာဆုိေပမယ့္ မီးက အေတာ္ေလးကို အရွိန္ရေနလုိ႔ မီးညႊန္႔က်ိဳးဖုိ႔ တစ္နာရီေလာက္ ႀကိဳးစားခဲ့ပါတယ္။

မီးတြင္းထဲက သားအဖကို ကယ္ဆယ္လုိက္ၿပီး၊ ဖခင္ကေတာ့ မီးေလာင္ဒဏ္ရာေတြေၾကာင့္ အေျခအေန ဆုိးရြားခဲ့ေပမယ့္ အသက္အႏၱရာယ္ေတာ့ စုိးရိမ္ရဖုိ႔ မရွိေတာ့ပါဘူးတဲ့။ သမီးေလးကေတာ့ ဦးေခါင္းကို ျပင္းထန္စြာ ထိခုိက္ထားလုိ႔ အေျခအေန ေစာင့္ၾကည့္ေနရဆဲပါ။ အေမကေတာ့ ကေလးကို အသက္ေပးကယ္ဆယ္ရင္း ဆုံးသြားပါၿပီ။

ဒီကေလးမေလးကေတာ့ အဲဒီမိသားစုမွာ အေထြးဆုံးေလးျဖစ္ၿပီး၊ သူ႕အထက္မွာ ကေလး(၃)ေယာက္ ရွိေနပါေသးတယ္။ သူတုိ႕ကေတာ့ မီးေလာင္မႈျဖစ္ခ်ိန္မွာ အဖုိးအဖြားေတြဆီေရာက္ေနလုိ႔ အေတာ္ေလး ကံေကာင္းသြားပါတယ္။ မီးေလာင္မႈ စတင္ခဲ့ရျခင္းကို အခုထိ မသိရေသးေပမယ့္-

မီးသတ္တပ္ဖြဲ႕ရဲ႕အေျပာအရေတာ့ အေပၚဆုံးထပ္ (၆)လႊာကေန အပူလြန္ကဲၿပီး အဝတ္ေတြ၊ သစ္သားထုတ္တန္းေတြကို မီးကူးစက္ေလာင္ကၽြမ္းခဲ့တာျဖစ္ပုံရတယ္လုိ႔ ဆုိပါတယ္။ ေလာေလာဆယ္ေတာ့ ကာယကံရွင္မိသားစုရဲ႕ ကေလးေတြကို အဖုိးအဖြားေတြ၊ ဦးႀကီးဦးေလးေတြက ေစာင့္ေရွာက္ထားပါတယ္။

credit – နသူရိန္ (D Khit Media)

source : DailyMail

( Unicode )

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့မီးလောင်မှုတစ်ခုမှာ မိသားစုတစ်စုရဲ့အဖြစ်ကို ရင်နာဖွယ်ရာ မြင်တွေ့လိုက်ရပါတယ်။ အဆိုပါ မိသားစုမှာ ဖခင်နဲ့မိခင်တို့ဟာ သမီးလေး မီးမလောင်ခံရရေးအတွက် သူတို့ ခန္ဓာကိုယ်တွေကို ဒိုင်းသဖွယ်အသုံးပြုပြီး အကာကွယ်ပေးခဲ့တာပါ။

အပေါ်ဆုံး (၆)လွှာကနေ စလိုက်တဲ့မီးလောင်မှုဟာ ငါးလွှာနဲ့ ဘေးချဉ်းကပ်အခန်းတွေကို မိနစ်အနည်းအငယ်အတွင်း လျင်မြန်စွာ ကူးစက်သွားပါတယ်။ ဒီအဖြစ်အပျက်ဟာ Guangzhou မြို့က Liwan ရပ်ကွက်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ(၁၉)ရက် ညနေ (၃)နာရီ ဝန်းကျင်မှာ ဖြစ်ခဲ့တာပါ။

မိခင်ဖြစ်သူကတော့ သမီးလေးကို ကာကွယ်ပေးရင်းနဲ့ အခန်းထဲမှာ မီးတောက်ရဲ့ ဝါးမျိုမှုကို ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဖခင်ကလည်း သမီးလေးကို မီးတောက်တွေကြားထဲကနေ အလျှင်အမြန်ခေါ်ဆောင်လာပြီး၊ အပြင်ဘက်ကို မရမက စွဲထုတ်ကာ ကလေးကို ခန္ဓာကိုယ်နဲ့ အုပ်ထားခဲ့ပါတယ်။

Gangzhou Fire Brigade မီးသတ်တပ်ဖွဲ့ဟာ မီးသတင်းရလျှင် ရချင်းပဲ မီးသတ်ယာဉ် (၁၆)စီး၊ မီးသတ်တပ်ဖွဲ့အင်အား (၉၉)ယောက်တို့ကို ချက်ချင်းစေလွှတ်ခဲ့ပါတယ်။ မိနစ်ပိုင်းလေးအတွင်း ရောက်သွားတာဆိုပေမယ့် မီးက အတော်လေးကို အရှိန်ရနေလို့ မီးညွှန့်ကျိုးဖို့ တစ်နာရီလောက် ကြိုးစားခဲ့ပါတယ်။

မီးတွင်းထဲက သားအဖကို ကယ်ဆယ်လိုက်ပြီး၊ ဖခင်ကတော့ မီးလောင်ဒဏ်ရာတွေကြောင့် အခြေအနေ ဆိုးရွားခဲ့ပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်ရဖို့ မရှိတော့ပါဘူးတဲ့။ သမီးလေးကတော့ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်ထားလို့ အခြေအနေ စောင့်ကြည့်နေရဆဲပါ။ အမေကတော့ ကလေးကို အသက်ပေးကယ်ဆယ်ရင်း ဆုံးသွားပါပြီ။

ဒီကလေးမလေးကတော့ အဲဒီမိသားစုမှာ အထွေးဆုံးလေးဖြစ်ပြီး၊ သူ့အထက်မှာ ကလေး(၃)ယောက် ရှိနေပါသေးတယ်။ သူတို့ကတော့ မီးလောင်မှုဖြစ်ချိန်မှာ အဖိုးအဖွားတွေဆီရောက်နေလို့ အတော်လေး ကံကောင်းသွားပါတယ်။ မီးလောင်မှု စတင်ခဲ့ရခြင်းကို အခုထိ မသိရသေးပေမယ့်-

မီးသတ်တပ်ဖွဲ့ရဲ့အပြောအရတော့ အပေါ်ဆုံးထပ် (၆)လွှာကနေ အပူလွန်ကဲပြီး အဝတ်တွေ၊ သစ်သားထုတ်တန်းတွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ ကာယကံရှင်မိသားစုရဲ့ ကလေးတွေကို အဖိုးအဖွားတွေ၊ ဦးကြီးဦးလေးတွေက စောင့်ရှောက်ထားပါတယ်။

credit – နသူရိန် (D Khit Media)

source : DailyMail