နန်းမွေစံလိုပဲ အရမ်းဟော့တဲ့ နန်းမွေစံရဲ့ ဒီဇိုင်နာမမ

0
51





Unicode Versoin

ယောက်ျားလေးတွေရဲ့အားပေးမှုကို အထူးရရှိထားပြီး ဆမ အသိမ်းခံရတဲ့အကြောင်း အမေရိကန်သတင်းစာ တစ်စောင်မှာတောင် ဖော်ပြခံရတဲ့ နန်းမွေစံကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ဒါပေမယ့် သူရဲ့ ဖက်ရှင် အလန်းစားတွေကို ဖန်တီးပေးဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်နာ ဆုမေ ကိုတော့ အားလုံးသတိထားမိမယ် မထင်ပါဘူး ။ အခု ပြောချင်လွန်းလို့ ပရိသတ်ကြီးကို ဒီဇိုင်နာ ဆုမေ နဲ့ Media 9 နဲ့ အင်တာဗျူးတစ်ခုမှာ နန်းမွေစံ နဲ့ ပတ်သက်ပြီးပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

ဒီဇိုင်နာ ဆုမေက “ ဒီလောက ထဲရောက်နေတာ ကြာပြီ ဆယ်နှစ်ကျော်ပြီ ။ အနုပညာရှင်တော်တော်များများကို ဖန်တီးပေးဖြစ်တယ် ။ သူတို့လာအပ်ရင် သူတို့အဆင်ပြေမယ့် ဟာ ဘယ်လိုင်းပဲ ဖြစ်ဖြစ် အဆင်ပြေအောင်လုပ်ပေးလိုက်တာပဲ ။ ပင်တိုင်ကတော့ မရှိဘူး ။ တစ်ယောက်နည်းနည်း တစ်ယောက်နည်းနည်းပေါ့”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

နန်းမွေစံဝတ်စုံကို Copy လို့ပြောကြတဲ့အပေါ်မှာလည်း “အဲ့ဒါ ဘယ်လိုပြောရမလဲဆိုတော့ နဂိုကတည်းကလည်း တွေ့တယ် သူရော ကိုယ်ရော ဒီလိုလေးဝတ်ချင်တယ်ပေါ့နော် ။ ဆုမေ ပြောတယ် Copy ကြီးဆိုရင် မချုပ်ချင်ဘူးလို့ ပြောတယ် သူက အဲ့ဒါမှ ဝတ်ချင်တယ် ပြောတော့ Themes နည်းနည်းလေးတော့ပြောင်းထားပါတယ် ။ တစ်ပုံစံတည်း မဟုတ်ဘူး ပိတ်စလည်း မတူဘူး” ဆိုပြီးပြောပြသွားပါတယ် ။

ဆက်လက်ပြီးတော့လည်း ဆုမေ က “ ရှေ့ကိုသိပ် မထွက်ချင်ဘူး ဒီဇိုင်နာဆိုတော့လေ ၊ ဖြစ်နိုင်ရင်တော့ Copy သိပ်မချုပ်ချင်ဘူး ။ ဒါပေမယ့် မြန်မာပြည်မှာက သူများcopy ကို ဝတ်ရတာ Customer ပေါ်မူတည်ပြီးတော့ ချုပ်ရတာ ။”ဆိုပြီးပြောပြသွားတဲ့အပြင် နန်းမွေစံ ဆမ သိမ်းခံရတဲ့ အပေါ်မှာလည်း “ စိတ်တော့မကောင်းဘူး အရင်ကတည်းကလည်း သူက Warning အပေးခံထားရတာလေ ဒီလိုမျိုးအသိမ်းခံလိုက်ရမယ် လို့တော့ မထင်ထားဘူး ။ သူကိုယ်၌ ကလည်း ကာယကံရှင်က ကျေနပ်နေတော့ ကိုယ်လည်း ဘာမှ ပြောလို့မရပါ ဘူး။”ဆိုပြီးပြောပြသွားပါတယ် ။