ထောင်ထဲမှာ အင်္ဂလိပ်စာသင်တဲ့ ဆရာလုပ်ခဲ့တယ်ဆိုတဲ့ မိုးအောင်ရင်

0
28

ပြီးခဲ့တဲ့ လပိုင်းလောက်က သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ သရုပ်ဆောင် မိုးအောင်ရင် ကိုတော့ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ သရုပ်ဆောင် မိုးအောင်ရင် ကတော့ မူးယစ်ဆေးလက်ဝယ် ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မင်းသား မိုးအောင်ရင် ကတော့ ပြန်လည်လွတ်မြောက်လာပြီး ထောင်ထဲမှာ သူရဲ့အတွေ့အကြုံတွေနဲ့ ပက်သက်ပြီး ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာကို ပြောပြထားတာ ဖြစ်ပါတယ်။ မိုးအောင်ရင်က ပြန်လွတ်လာပြီးနောက် အနုပညာ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေပြီး သူပရိတ်သက်တွေအတွက် သူရဲ့အတွေ့ အကြုံတွေကို ဝေမျှသွားပေးခဲ့တာဘဲဖြစ်ပါတယ်။

မိုးအောင်ရင်ကတော့ ထောင်ထဲမှာ အင်္ဂလိပ်စာသင်သွားဖြစ်တာနဲ့ ပတ်သက်ပြီး အဓိက ကျွန်တော် ဟိုထဲမှာအားနေတယ် အာ့ကြောင့် မင်းဘာလုပ်တက်လဲပေါ့ မေးတော့ ကျွန်တောသရုပ်ဘံဆောင်တက်တာ ကျွန်တော် ဘာမှမလုပ်တက်ဘူးဆိုတော့ ဟာ မင်းတခုခုတော့ လုပ်တက်ရမယ်ဆိုတော့

အဲ့ချိန်မှာ ကျွန်တော် အခန်းထဲက ကောင်လေးက ဒီထဲကထွက်ရင်သူနိုင်ငံခြား သွားမှာအင်္ဂလိပ်စာသင်ပေးပါ ပြောတာနဲ့သူကိုအင်္ဂလိပ်စာ သင်ပေးတာတွေ့သွားတာ အာ့နဲ့ ကျွန်တော်ကိုအင်္ဂလိပ်စာသင်တန်းဖွင့်တယ် ကျွန်တော် ဦးစီးပြီးအယောက် ၃၀ ကျော်လောက်ကို သင်ပေးခဲ့တယ်။ ကျွန်တော်က ကျောင်းဆရာဖြစ်သွားသေးတာပေါ့”

အချိန်ဘယ်လောက်ထိ သင်ကြားပေးခဲရလဲ ဆိုတဲ့ အပေါ် “ကျွန်တော် တစ်လလောက်ဘဲသင်ခဲ့ရတယ် တလလောက်ပြီးတော့ ကျွန်တော်လွတ်လာတယ် ကျောင်းသားတွေတော့ ကျန်ခဲ့တာပေါ့ ” သူတို့တွေနဲ့ရောဘယ်လိုနှုတ်ဆက်ဖြစ်ခဲ့သေးလဲ” နှုတ်ဆက်ချိန်ကိုမရလိုက်တာ ကျွန်တော် ကိုယ်တိုင်ကလဲလွတ်မယ်ဆိုတာကိုမသိတာ အဲ့နေ့မှာမှခေါ်ပြီးကျွန်တော် ထွက်လာခဲ့ရတာပါ” နှစ်တွေအကြာကြီးကျမယ်လို့ ထင်ထားတာ အစ်ကိုစိတ်ကိုနေ့တိုင်း ဘယ်လိုပြင်ဆင်ပြီးနေထိုင်လဲ”

ဒါကတော့ ကျွန်တော်ထက် နှစ်တွေအများကြီးကျထားတဲ့ လူတွေလဲရှိတယ် တချို့ဆို တသက်တကျွန်းတွေ သေဒဏ်တွေ တချို့ဆိုလွတ်ရက်မရှိတဲ့သူတွေ အဲ့လိုလူတွေတောင် နေနိုင်သေးတာပေါ့နော် ဒီလူတွေဘယ်လို များကျော်ဖြတ်လာလဲပေါ့ သူတို့ကိုကြည့်လိုက်ရင်လဲ အေးဆေးပဲ

ကျွန်တော် ၁၇နှစ်ကျတယ် သူတို့ကတောင်အကြံညဏ်တွေ်ပြန်ပေးလိုက်သေးတယ် အပြင်ကအကြောင်းလုံဝမတွေးနဲ့ ဒီထဲမှာနေရင် ဒီထဲကလူတွေနဲ့ဘဲ မင်း အဆင်ပြေအောင်နေလို့ဆိုတော့ ကျွန်တော်လဲ အပြင်ကိုမေ့ထားလိုက်တာပါ အဲ့လိုနေလာလို့ ထွက်လာတဲ့နေ့မှာ လုံးဝအူကြောင်ကြားနဲ့ ဒါတကယ်လား အိမ်မက်လားလို့တောင် ထင်ရပါတယ်”မိုးအောင်ရင် အထဲမှာအခြေနေနဲ့ရော အနုပညာရှင်တွေတော်တော်များများ ဝန်းရံကျတယ်ပေါ့ သူတိုကိုရောဘယ်လိုမျိုး တုန့်ပြန်ချင်သလဲ”

အားလုံးကို ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် အများကြီးကောင်းချီးပေးကျတယ် အဓိကမေတ္တာပေါ့ မေတ္တာကို ကျွန်တော်မေတ္တာနဲ့ ပြန်ပေးဆပ်ချင်ပါတယ် ခဗျာ” ဟု ဖြေကြားသွား ခဲ့ပါတယ်။ ချစ်ပရိသတ်ကြီးထဲမှာလည်း တချိန်က မိုးအောင်ရင် ဇာတ်ကားတွေကို အားပေးဖူးတဲ့သူတွေ ပါကြမယ် ထင်ပါတယ်။