ေျပတီဦး ငယ္ဘဝမွာ သ႐ုပ္ေဆာင္ဖို႔ ကေလးသ႐ုပ္ေဆာင္ရွာေနတဲ့ အိျႏၵာေက်ာ္ဇင္

0
34

သုျဒာ ႐ုပ္ရွင္ထုတ္လုပ္ေရးကေန သ႐ုပ္ေဆာင္သစ္ေတြ ေခၚယူေနတာ ျဖစ္ပါတယ္။ ေျပတီဦးငယ္ဘဝမွာသ႐ုပ္ေဆာင္ဖို႔အတြက္ ကေလးသ႐ုပ္ေဆာင္ေတြလည္း ေခၚလို႔ေနပါတယ္။သ႐ုပ္ေဆာင္ ေျပတီဦးနဲ႕ အိႏၵျာေက်ာ္ဇင္ တို႔ရဲ႕ ကိုယ္ပိုင္ထုတ္လုပ္ေရးျဖစ္တဲ့ သုုျဒာ ႐ုပ္ရွင္ထုတ္လုပ္ေရးက ရိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးအတြက္ ကေလးသ႐ုပ္ေဆာင္ေတြ ေခၚေနတာကို ေတြ႕ရပါတယ္။

 

“ငရဲဆိုခ်ိဳနဲ႕လား” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ျဖစ္ၿပီး ေျပတီဦးရဲ႕ ငယ္ဘဝကို သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ဒါေၾကာင့္ ေျပတီဦးနဲ႕ ႐ုပ္ခ်င္းဆင္တဲ့ ကေလးအသက္(၅ႏွစ္မွ၁၂ႏွစ္)အ႐ြယ္ ကေလးသ႐ုပ္ေဆာင္မ်ားကိုေခၚယူေနတာ ျဖစ္ပါတယ္။“ကြၽန္မတို႔ရဲ႕ “သုျဒာ”႐ုပ္ရွင္ထုတ္လုပ္ေရးမွ ရိုက္ကူးမည့္ “ငရဲဆို ခ်ိဳနဲ႕လား” ႐ုပ္ရွင္ဇာတ္ကားႀကီးအတြက္

ကိုေျပတီဦး ငယ္ဘဝတြင္ သ႐ုပ္ေဆာင္ရန္ ကိုေျပတီဦးႏွင့္ ႐ုပ္ဆင္သည့္အသက္(၅ႏွစ္ မွ ၁၂ႏွစ္) အ႐ြယ္ကေလးသ႐ုပ္ေဆာင္စိတ္ဝင္စားမည့္သူမ်ား “ငရဲဆို ခ်ိဳနဲ႕လား” ယခု ကြၽန္မ shareထားေသာpage တြင္ ေလွ်ာက္ထားနိုင္ၿပီျဖစ္ပါေၾကာင္း အသိေပးအပ္ပါသည္ ွရွင့္…” ဆိုၿပီး ဇူလိုင္(၈)ရက္ေန႕က အိႏၵျာေက်ာ္ဇင္ ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာေတြ႕ရပါတယ္။

လာေရာက္ ေလွ်ာက္ထားမယ့္ သ႐ုပ္ေဆာင္ ဝါသနာရွင္ေတြကလည္း အဓိက အားျဖင့္ မိဘအုပ္ထိန္းသူ လက္မွတ္ပါရမယ္လို႔ ဆိုပါတယ္။‘’ကိုယ္ေရးအခ်က္အလက္မ်ားျဖစ္ေသာ အမည္၊ အသက္၊ အရပ္အျမင့္(ေပ၊လက္မျဖင့္ အတိုင္းအတာ)၊ ေနရပ္လိပ္စာ၊

ဆက္သြယ္ရမည့္ ဖုန္းနံပါတ္မ်ားကို ေရးသားေဖၚျပ၍ Facebook page Messenger မွ တိုက္ရိုက္ဆက္သြယ္ ေပးပို႔နိုင္ပါသည္။ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ပါဝင္ရပါမည္။ ဆက္သြယ္ရန္ Facebook Page : ငရဲဆို ခ်ိဳနဲ႕လား Email : akaridko@gmail.com Ph.No : +959445273681’’ လို႔လည္း ဆက္လက္ေရးသားထားတာ ေတြ႕ရပါတယ္။

သုျဒာ ႐ုပ္ရွင္ထုတ္လုပ္ေရးကေန ပထမဆုံး ထုတ္လုပ္ထားတာကေတာ့ ‘’ေရာင္ျပန္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္ပါတယ္။ ဒီဇာတ္ကားကလည္း ပရိသတ္အားေပးမႈ အမ်ားႀကီး ရရွိခဲ့တာပါ။ ဒီထုတ္လုပ္ေရးကေန ထုတ္လုပ္မယ့္ ႐ုပ္ရွင္ဇာတ္ကားေတြကိုေတာ့ ပရိသတ္အတြက္ ဗဟုသုတ ရေစမယ့္၊ အက်ိဳးရွိေစမယ့္ ဇာတ္ကားေတြကိုသာ စိစစ္ေ႐ြးခ်ယ္ ထုတ္လုပ္သြားမယ္လို႔ အိႏၵျာေက်ာ္ဇင္က မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကနေ သရုပ်ဆောင်သစ်တွေ ခေါ်ယူနေတာ ဖြစ်ပါတယ်။ ပြေတီဦးငယ်ဘဝမှာသရုပ်ဆောင်ဖို့အတွက် ကလေးသရုပ်ဆောင်တွေလည်း ခေါ်လို့နေပါတယ်။သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ သုုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကလေးသရုပ်ဆောင်တွေ ခေါ်နေတာကို တွေ့ရပါတယ်။

“ငရဲဆိုချိုနဲ့လား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ဖြစ်ပြီး ပြေတီဦးရဲ့ ငယ်ဘဝကို သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ဒါကြောင့် ပြေတီဦးနဲ့ ရုပ်ချင်းဆင်တဲ့ ကလေးအသက်(၅နှစ်မှ၁၂နှစ်)အရွယ် ကလေးသရုပ်ဆောင်များကိုခေါ်ယူနေတာ ဖြစ်ပါတယ်။“ကျွန်မတို့ရဲ့ “သုဒြာ”ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် “ငရဲဆို ချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးအတွက်

ကိုပြေတီဦး ငယ်ဘဝတွင် သရုပ်ဆောင်ရန် ကိုပြေတီဦးနှင့် ရုပ်ဆင်သည့်အသက်(၅နှစ် မှ ၁၂နှစ်) အရွယ်ကလေးသရုပ်ဆောင်စိတ်ဝင်စားမည့်သူများ “ငရဲဆို ချိုနဲ့လား” ယခု ကျွန်မ shareထားသောpage တွင် လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည် ှရှင့်…” ဆိုပြီး ဇူလိုင်(၈)ရက်နေ့က အိန္ဒြာကျော်ဇင် ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

လာရောက် လျှောက်ထားမယ့် သရုပ်ဆောင် ဝါသနာရှင်တွေကလည်း အဓိက အားဖြင့် မိဘအုပ်ထိန်းသူ လက်မှတ်ပါရမယ်လို့ ဆိုပါတယ်။‘’ကိုယ်ရေးအချက်အလက်များဖြစ်သော အမည်၊ အသက်၊ အရပ်အမြင့်(ပေ၊လက်မဖြင့် အတိုင်းအတာ)၊ နေရပ်လိပ်စာ၊

ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရေးသားဖေါ်ပြ၍ Facebook page Messenger မှ တိုက်ရိုက်ဆက်သွယ် ပေးပို့နိုင်ပါသည်။ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ပါဝင်ရပါမည်။ ဆက်သွယ်ရန် Facebook Page : ငရဲဆို ချိုနဲ့လား Email : akaridko@gmail.com Ph.No : +959445273681’’ လို့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်ထားတာကတော့ ‘’ရောင်ပြန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ ဒီထုတ်လုပ်ရေးကနေ ထုတ်လုပ်မယ့် ရုပ်ရှင်ဇာတ်ကားတွေကိုတော့ ပရိသတ်အတွက် ဗဟုသုတ ရစေမယ့်၊ အကျိုးရှိစေမယ့် ဇာတ်ကားတွေကိုသာ စိစစ်ရွေးချယ် ထုတ်လုပ်သွားမယ်လို့ အိန္ဒြာကျော်ဇင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။