ေတာင္ကိုရီးယား သတင္းဌာနေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ေဖာ္ျပျခင္းခံေနရတဲ့ Victoria ေလးရဲ႕ သက္ငယ္မုဒိမ္းမႈ

0
32

ျမန္မာျပည္ ကေလးထိန္းေက်ာင္းတစ္ခုမွာ ၂ ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ေယာက္ လိင္ပိုင္းဆိုင္ရာ ကိုယ္ထိလက္ေရာက္ေစာ္ကားမႈ (sexual assault ) ခံလိုက္ရပါတယ္။တရားခံကို အတိအက်ခန္႔မွန္းဖို႔ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ ရဲတပ္ဖြဲ႕ဟာ ၂ ႏွစ္အရြယ္ကေလးမေလးရဲ႕ ထြက္ဆိုခ်က္ကိုပဲ နားေထာင္ရင္း အခ်ိန္မွီ လုပ္သင့္တာေတြ မလုပ္ႏိုင္ခဲ့ပါ။

ဒါေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာျပည္သူျပည္သားေတြၿမိဳ႕လယ္ေကာင္မွာ အမွန္တရား စစ္ေဆးခ်က္ေတြေဖာ္ထုတ္ေပးဖို႔ စတင္ဆႏၵျပကုန္ၾကပါၿပီ။သတင္းေပးခ်က္အရ ရန္ကုန္ၿမိဳ႕မွာ ျမန္မာျပည္သူ ျပည္သား ၆၀၀၀ ေက်ာ္ဟာ ႏိုင္ငံေတာ္ ရဲတပ္ဖြဲ႕ကိုဆႏၵျပၾကပါတယ္။သူတို႔ဟာ အျဖဴေရာင္ အဝတ္အစားကို ဝတ္ထားၾကၿပီး သူတို႔ ကေလးေတြ လံုျခဳံေရးအတြက္ ဆႏၵျပေနၾကတာျဖစ္တယ္။

“Justice to Victoria”

“We don’t want another Victoria anymore.”

လို႔ေအာ္ဟစ္ေနၾကပါတယ္။

ဒီ အမႈဟာ ၅ လပိုင္း ၁၆ ရက္ေန႔မွာ ၂ ႏွစ္အရြယ္ ကေလးမေလးဆီမွာ ျဖစ္ခဲ့တာျဖစ္ၿပီး မိခင္က ရဲေတြကို တိုင္ၾကားခဲ့ပါတယ္။ ၅ လပိုင္းမွာပဲ အသက္ ၂၉ ႏွစ္အရြယ္ သံသယရွိသူကို ဖမ္းခဲ့ေပမဲ့ သက္ေသအေထာက္အထား မခိုင္လံုလို႔ျပန္လႊတ္ေပးခဲ့ရပါတယ္။

ဒါေပမယ့္ ျပည္သူေတြက ” အဖမ္းခံရတဲ့သူဟာ မတရား လူစားထိုးခံရတာ ” ဆိုၿပီး အမွန္တရားကိုေဖၚထုတ္ဖို႔ ေတာင္းဆိုေနၾကပါတယ္။ရဲေထာက္လွမ္းေရးေတြဟာ အခု ၇ လပိုင္းအထိ တရားခံကို မရွာႏိုင္ျဖစ္ေနပါတယ္။ ဒါေၾကာင့္ သမီးေလးရဲ႕ ဖခင္ကို စာနာၿပီး လူမႈကြန္ယက္ ကတဆင့္ ျပည္သူေတြက စတင္ကူညီ ဝန္းရံပံ႔ပိုးလာၾကပါတယ္။

ရဲေထာက္လွမ္းေရးေတြဟာ သက္ေသအေထာက္အထား မရွိလို႔လြတ္လာတဲ့ အသက္ ၂၉ ႏွစ္အရြယ္ အမ်ိဳးသားကို ထပ္ၿပီး သံသယရွိတယ္ဆိုၿပီး ဖမ္းဆီးပါတယ္။

လူ႔အခြင့္အေရး လႈပ္ရွားေရးက Nickey Diamond (Myanmar Human rights activist ) က ဒီအမႈမွာ အထူးေထာက္လွမ္း စုံစမ္းစစ္ေဆးေရး အဖြဲ႕လိုတယ္လို႔ အၾကံေပးပါတယ္။” ကေလးေတြကို ကာကြယ္ ေစာင့္ေရွာက္ရမွာက်ဳပ္တို႔ တာဝန္ျဖစ္တယ္။ ဒီအမႈမွာ သံသယျဖစ္စရာေတြက အမ်ားႀကီး” လို႔ ေျပာခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ ျမန္မာအမ်ိဳးသားတစ္ေယာက္ကေတာ့” ကြ်န္ေတာ့္မွာလည္း သမီးေလးရွိတယ္။ ဒီႏိုင္ငံမွာ ဒီလိုေတြထပ္မျဖစ္ေအာင္ ေမွ်ာ္လင့္ပါတယ္ဗ်ာ။ ကြ်န္ေတာ္တို႔ တရားမွ်တမႈကို ေမွ်ာ္လင့္ပါတယ္။ အျပစ္မရွိတဲ့သူကို ဖမ္းခ်ဳပ္ အစားထိုးတာမ်ိဳးေတြ ကြ်န္ေတာ္တို႔ ႏိုင္ငံမွာထပ္ မျဖစ္ခ်င္ေတာ့ဘူး”

ဒီသတင္းကို ေတာင္ကိုရီးယား YTN သတင္းဌာနက ၇ လပိုင္း ၇ ရက္ေန႔က စ ေၾကျငာခဲ့ၿပီး ” 미얀마 2살 유아 성폭행 ” လို႔ Naver မွာရွာၾကည့္ရင္ သတင္းေတြ အမ်ားႀကီးေတြ႕ႏိုင္ပါတယ္။ သတင္းထဲပါတာေတြ အက်ဥ္းခ်ဳပ္ကေတာ့ အေပၚကေရးတဲ့အတိုင္းပါပဲ။ Victoria ကိုေတာ့ ၂ ႏွစ္အရြယ္လို႔ပဲ သတင္းထဲမွာေဖာ္ျပပါတယ္။

အခုတစ္ေလာ ေတာင္ကိုရီးယားမွာလည္း ရဲေတြ လဒ္စား နာမည္ပ်က္ေနခ်ိန္မို႔ ဒီသတင္းကို အေတာ္က်ယ္က်ယ္ျပန္ျပန္႔ ေျပာေနၾကပါတယ္။ကြ်န္မတို႔ ျမန္မာေတြ အေရးႀကီးေတာ့ ေသြးနီး စည္းလံုးၾကတာ ေလးစား ဂုဏ္ယူမိပါတယ္။ အမွန္တရား အျမန္ဆုံးေပၚေပါက္ပါေစ။

Source : မေရႊမိုး (ကိုရီးယား )
July 9th, 2019.

References
국민일보
미얀마 2살 유아 성폭행… “경찰은 아기 진술 듣겠다고 수사 늦춰” 본문듣기 설정
기사입력2019.07.07. 오후 4:01
최종수정2019.07.07. 오후 4:28

Unicode

မြန်မာပြည် ကလေးထိန်းကျောင်းတစ်ခုမှာ ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်စော်ကားမှု (sexual assault ) ခံလိုက်ရပါတယ်။တရားခံကို အတိအကျခန့်မှန်းဖို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဟာ ၂ နှစ်အရွယ်ကလေးမလေးရဲ့ ထွက်ဆိုချက်ကိုပဲ နားထောင်ရင်း အချိန်မှီ လုပ်သင့်တာတွေ မလုပ်နိုင်ခဲ့ပါ။

ဒါကြောင့် ထောင်နဲ့ချီတဲ့ မြန်မာပြည်သူပြည်သားတွေမြို့လယ်ကောင်မှာ အမှန်တရား စစ်ဆေးချက်တွေဖော်ထုတ်ပေးဖို့ စတင်ဆန္ဒပြကုန်ကြပါပြီ။သတင်းပေးချက်အရ ရန်ကုန်မြို့မှာ မြန်မာပြည်သူ ပြည်သား ၆၀၀၀ ကျော်ဟာ နိုင်ငံတော် ရဲတပ်ဖွဲ့ကိုဆန္ဒပြကြပါတယ်။သူတို့ဟာ အဖြူရောင် အဝတ်အစားကို ဝတ်ထားကြပြီး သူတို့ ကလေးတွေ လုံခြုံရေးအတွက် ဆန္ဒပြနေကြတာဖြစ်တယ်။

“Justice to Victoria”

“We don’t want another Victoria anymore.”

လို့အော်ဟစ်နေကြပါတယ်။

ဒီ အမှုဟာ ၅ လပိုင်း ၁၆ ရက်နေ့မှာ ၂ နှစ်အရွယ် ကလေးမလေးဆီမှာ ဖြစ်ခဲ့တာဖြစ်ပြီး မိခင်က ရဲတွေကို တိုင်ကြားခဲ့ပါတယ်။ ၅ လပိုင်းမှာပဲ အသက် ၂၉ နှစ်အရွယ် သံသယရှိသူကို ဖမ်းခဲ့ပေမဲ့ သက်သေအထောက်အထား မခိုင်လုံလို့ပြန်လွှတ်ပေးခဲ့ရပါတယ်။

ဒါပေမယ့် ပြည်သူတွေက ” အဖမ်းခံရတဲ့သူဟာ မတရား လူစားထိုးခံရတာ ” ဆိုပြီး အမှန်တရားကိုဖေါ်ထုတ်ဖို့ တောင်းဆိုနေကြပါတယ်။ရဲထောက်လှမ်းရေးတွေဟာ အခု ၇ လပိုင်းအထိ တရားခံကို မရှာနိုင်ဖြစ်နေပါတယ်။ ဒါကြောင့် သမီးလေးရဲ့ ဖခင်ကို စာနာပြီး လူမှုကွန်ယက် ကတဆင့် ပြည်သူတွေက စတင်ကူညီ ဝန်းရံပံ့ပိုးလာကြပါတယ်။

ရဲထောက်လှမ်းရေးတွေဟာ သက်သေအထောက်အထား မရှိလို့လွတ်လာတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားကို ထပ်ပြီး သံသယရှိတယ်ဆိုပြီး ဖမ်းဆီးပါတယ်။လူ့အခွင့်အရေး လှုပ်ရှားရေးက Nickey Diamond (Myanmar Human rights activist ) က ဒီအမှုမှာ အထူးထောက်လှမ်း စုံစမ်းစစ်ဆေးရေး အဖွဲ့လိုတယ်လို့ အကြံပေးပါတယ်။” ကလေးတွေကို ကာကွယ် စောင့်ရှောက်ရမှာကျုပ်တို့ တာဝန်ဖြစ်တယ်။ ဒီအမှုမှာ သံသယဖြစ်စရာတွေက အများကြီး” လို့ ပြောခဲ့ပါတယ်။

အသက် ၃၀ အရွယ် မြန်မာအမျိုးသားတစ်ယောက်ကတော့” ကျွန်တော့်မှာလည်း သမီးလေးရှိတယ်။ ဒီနိုင်ငံမှာ ဒီလိုတွေထပ်မဖြစ်အောင် မျှော်လင့်ပါတယ်ဗျာ။ ကျွန်တော်တို့ တရားမျှတမှုကို မျှော်လင့်ပါတယ်။ အပြစ်မရှိတဲ့သူကို ဖမ်းချုပ် အစားထိုးတာမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာထပ် မဖြစ်ချင်တော့ဘူး”

ဒီသတင်းကို တောင်ကိုရီးယား YTN သတင်းဌာနက ၇ လပိုင်း ၇ ရက်နေ့က စ ကြေငြာခဲ့ပြီး ” 미얀마 2살 유아 성폭행 ” လို့ Naver မှာရှာကြည့်ရင် သတင်းတွေ အများကြီးတွေ့နိုင်ပါတယ်။ သတင်းထဲပါတာတွေ အကျဉ်းချုပ်ကတော့ အပေါ်ကရေးတဲ့အတိုင်းပါပဲ။ Victoria ကိုတော့ ၂ နှစ်အရွယ်လို့ပဲ သတင်းထဲမှာဖော်ပြပါတယ်။

အခုတစ်လော တောင်ကိုရီးယားမှာလည်း ရဲတွေ လဒ်စား နာမည်ပျက်နေချိန်မို့ ဒီသတင်းကို အတော်ကျယ်ကျယ်ပြန်ပြန့် ပြောနေကြပါတယ်။ကျွန်မတို့ မြန်မာတွေ အရေးကြီးတော့ သွေးနီး စည်းလုံးကြတာ လေးစား ဂုဏ်ယူမိပါတယ်။ အမှန်တရား အမြန်ဆုံးပေါ်ပေါက်ပါစေ။

Source : မရွှေမိုး (ကိုရီးယား )
July 9th, 2019.

References
국민일보
미얀마 2살 유아 성폭행… “경찰은 아기 진술 듣겠다고 수사 늦춰” 본문듣기 설정
기사입력2019.07.07. 오후 4:01
최종수정2019.07.07. 오후 4:28