အဝါရောင်ဂါဝန်လေးနဲ့ တောက်ပစွာ လှပနေတဲ့ မေတိုးခိုင်

0
41


  



Unicode Version

မေတိုးခိုင်ဆိုတာနဲ့အနုပညာလောကမှာတဖြည်းဖြည်းနဲ့အောင်မြင်နေရာယူလာပြီးယောက်ျားလေးတွေရဲ့အသည်းနှလုံးကိုဖမ်းစားထားတဲ့မော်ဒယ်သရုပ်ဆောင်မလေးပဲဖြစ်ပါတယ်။ဖြူစင်ပြီးဆွဲမက်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီးပရိသတ်အားပေးထောက်ခံမှုတွေကိုအပြည့်ရထားတဲ့သူတစ်ယောက်ပါ။ သူမဟာ အနုပညာမျိုးရိုးရှိသူတစ်ယောက်ဖြစ်ပြီး နိုင်ငံကျော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့တူမအရင်းလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်းသူမရဲ့ဖြူစင်တဲ့ပုံရိပ်တွေရိုးထားတဲ့စိတ်ထားလေးတွေကြောင့်တစ်နေ့ထက်တစ်နေ့အချစ်တွေတိုးနေရတာပါ။သူမကတော့ခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကိုပိုမိုလုပ်ကိုင်လာပြီးmtvလေးတော်တော်များများမှာပါဝင်ရိုက်ကူးနေရတာပါ။ဒီထက်ပိုပြီးလည်းအနုပညာအလုပ်တွေကိုကြိုးစားနေတာကြောင့်အချိန်တိုအတွင်းအောင်မြင်လာတာဖြစ်ပါတယ်။

လတ်တလောမှာလည်း ပွဲအခမ်းအနားတွေတက်ရောက်ဖြစ်နေတာပဲဖြစ်ပြီး အခုတစ်ခေါက်မှာလည်း ရွှေနန်းတော်ဆိုင်ဖွင့်ပွဲအခမ်းအနားကိုဖွင့်လှစ်ရန် တက်ရောက်လာတာပဲ ဖြစ်ပါတယ်။ သူမရဲ့အဝါရောင်ဂါဝန်လေးနဲ့ပွဲတက်ဝတ်စုံလေးဟာလည်း လူတွေကြားမှာထင်းကနဲဖြစ်လောက်အောင်ကိုပေါ်လွင်နေတာပါ။ ပရိသတ်တွေအတွက် မေတိုးခိုင်ရဲ့ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။