WH မူႀကိဳကိစၥ တရား႐ုံး၏ဆုံးျဖတ္ခ်က္ ျပည္သူစိတ္ေက်နပ္ေစရမည္ဟု ရဲရဲကတိျပဳေၾကာင္း ဒုတိယခ႐ိုင္တရားသူႀကီး ဦးညိဳေဌးဆို”

0
33

ေနျပည္ေတာ္ Wisdom Hill မူႀကိဳ ေက်ာင္းသူေလး၏ အမႈႏွင့္ပတ္ သက္ၿပီး တရား႐ုံး၏ ျပ႒ာန္းဥပေဒ မ်ားႏွင့္အညီ စီရင္သည့္ ဆုံးျဖတ္ခ်က္ အေပၚ ျပည္သူစိတ္ေက်နပ္ေစရမည္ ဟု ရဲရဲကတိျပဳေၾကာင္း ဒကၡိဏခ႐ိုင္ တရား႐ုံး၏ သတင္းျပန္ၾကားေရးအရာရွိ ဒုတိယခ႐ိုင္တရားသူႀကီး ဦးညိဳေဌးက သတင္းမီဒီယာမ်ားအား ဇူလိုင္ ၈ ရက္က ေျပာဆိုသည္။

“ျပည္သူကလည္း စိတ္ဝင္စားတဲ့အမႈျဖစ္တယ္။ ကြၽန္ေတာ္တို႔က လည္း အမွန္တရားေဖာ္ထုတ္ၿပီးေတာ့ ျပည္သူလိုလားတဲ့ တရား႐ုံးစနစ္လည္း ကြၽန္ေတာ္တို႔ အေကာင္အထည္ေဖာ္ေနတာပါ။ အဲဒီေတာ့ စိတ္ခ်မ္းသာရမယ့္ တရား႐ုံးရဲ႕ ေဆာင္႐ြက္ခ်က္ေတြ၊ စိတ္ေက်နပ္ေအာင္ျမင္ေတြ႕ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ရဲရဲႀကီး ကတိေပး ပါတယ္”ဟု ၎က ေျပာဆိုသည္။

မည္သို႔ မွ်ဖိအားေပးျခင္းမရွိ

ျပည္သူလူထုအေနျဖင့္ စိုးရိမ္ေၾကာင့္ၾကမႈမရွိဘဲ တရား႐ုံး၏ ဆုံးျဖတ္ခ်က္အေျဖကို ေစာင့္ ၾကည့္ၾကရန္၊ ယင္းအမႈႏွင့္ပတ္သက္ၿပီး တရား႐ုံးသို႔ မည္သူကမွ ဖိအားေပးျခင္းမရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ ျပည္သူနားလည္လက္ခံၿပီး ယုံၾကည္ကိုးစားလာေစရန္အတြက္ အမွန္တရားကို ေဖာ္ထုတ္ရန္စိတ္ဆႏၵရွိေနေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

“ဒကၡိဏခ႐ိုင္တရား႐ုံးမွာစြဲထားတဲ့ ၂၀၁၉ ခုႏွစ္ ရာဇဝတ္ႀကီး အမႈအမွတ္ ၇၆ တရားခံ ကိုေအာင္ေက်ာ္မ်ိဳး(ခ)ေအာင္ႀကီးအမႈနဲ႔ ပတ္သက္ၿပီး တရားလိုျပသက္ေသ ၂၆ ဦး တင္ျပထား ၿပီးေတာ့ စစ္ေဆးမယ့္ေန႔ရက္ အစီအစဥ္ကေတာ့ တရားခံေရွ႕ေနငွားရမ္းတင္ျပလာတဲ့ အေျခ အေနအေပၚမူတည္ၿပီးေတာ့ လာမယ့္႐ုံးခ်ိန္းေတြမွာ ဥပေဒအရာရွိေတြ၊ တရားစြဲအဖြဲ႕အစည္း ေတြ၊ တရားခံေရွ႕ေနေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးဆုံးျဖတ္ၿပီးေတာ့ ဘယ္ေန႔ကိုေတာ့ ဘယ္သက္ ေသကို ၿပီးျပတ္ေအာင္ စစ္ေဆးမယ္ဆိုတဲ့ ကြၽန္ေတာ္တို႔ မႈခင္းစီမံခန္႔ခြဲမႈအစီအစဥ္နဲ႔ ေဆာင္ ႐ြက္သြားမွာျဖစ္ပါတယ္”ဟု ဦးညိဳေဌးက ေျပာဆိုသည္။

ေနရာလုံေလာက္မႈရွိႏိုင္

ဒကၡိဏခ႐ိုင္တရား႐ုံးက ယင္းအမႈႏွင့္ပတ္သက္ၿပီး လာမည့္ဇူလိုင္ ၁၅ ရက္တြင္ စတင္ ေဆာင္႐ြက္မည္ျဖစ္ၿပီး စိတ္ဝင္စားသူျပည္သူအမ်ားလည္း လာေရာက္ေလ့လာႏိုင္မည္ျဖစ္ သည္။ အဆိုပါ ခ႐ိုင္တရား႐ုံးသည္ အဆင့္မီတည္ေဆာက္ထားၿပီး ေပ (၄၀×၆၀) အက်ယ္ အဝန္းရွိ တရားခြင္ႀကီးျဖစ္သျဖင့္ လာေရာက္နားေထာင္လိုသူ ျပည္သူမ်ားအတြက္ ေနရာ လုံေလာက္မႈရွိႏိုင္မည္ျဖစ္ေၾကာင္း ဒုတိယခ႐ိုင္တရားသူႀကီးက ေျပာဆိုသည္

“ပရိသတ္ကိုလည္း စနစ္တက်လာေရာက္ နားေထာင္ႏိုင္ေအာင္နဲ႔ ဒီတရားစီရင္ေရးကို အေႏွာင့္အယွက္မျဖစ္ေအာင္ မည္သူ႔ကိုမဆို ကြၽန္ေတာ္တို႔ နားေထာင္ခြင့္ေပးမွာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ ကြၽန္ေတာ္တို႔ ႀကိဳတင္ေမတၱာရပ္ခံထားခ်င္တာက ဒီတရား႐ုံးေတြရဲ႕ က်င့္စဥ္ ေတြနဲ႔ တရားခြင္စစ္ေဆးေနတဲ့ အခ်ိန္မွာေတာ့ ဖုန္းနဲ႔ ကင္မရာ႐ိုက္တာတို႔၊ Recording လုပ္တာေတြကေတာ့ ႏိုင္ငံတကာဥပေဒအရလည္းပဲ ဒီဟာကေတာ့ တားျမစ္ထားတာပါ။ ဒါက အမ်ားျပည္သူေတြရဲ႕အက်ိဳးငွာ ကြၽန္ေတာ္တို႔ တားျမစ္ရျခင္းျဖစ္ပါတယ္။ ဒါေလးကိုေတာ့ ကြၽန္ေတာ္တို႔ ေမတၱာရပ္ခံပါတယ္။ က်န္တဲ့ဟာကေတာ့ အမ်ားျပည္သူေတြရဲ႕ ေရွ႕ေမွာက္မွာပဲ ပြင့္လင္းျမင္သာစြာနဲ႔ ကြၽန္ေတာ္တို႔ စစ္ေဆးစီရင္သြားမွာျဖစ္ပါတယ္”ဟု ဒုတိယခ႐ိုင္တရားသူ ႀကီးက ေျပာဆိုခဲ့သည္။

Credit: MM Time

Unicode Version

နေပြည်တော် Wisdom Hill မူကြို ကျောင်းသူလေး၏ အမှုနှင့်ပတ် သက်ပြီး တရားရုံး၏ ပြဋ္ဌာန်းဥပဒေ များနှင့်အညီ စီရင်သည့် ဆုံးဖြတ်ချက် အပေါ် ပြည်သူစိတ်ကျေနပ်စေရမည် ဟု ရဲရဲကတိပြုကြောင်း ဒက္ခိဏခရိုင် တရားရုံး၏ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးက သတင်းမီဒီယာများအား ဇူလိုင် ၈ ရက်က ပြောဆိုသည်။

“ပြည်သူကလည်း စိတ်ဝင်စားတဲ့အမှုဖြစ်တယ်။ ကျွန်တော်တို့က လည်း အမှန်တရားဖော်ထုတ်ပြီးတော့ ပြည်သူလိုလားတဲ့ တရားရုံးစနစ်လည်း ကျွန်တော်တို့ အကောင်အထည်ဖော်နေတာပါ။ အဲဒီတော့ စိတ်ချမ်းသာရမယ့် တရားရုံးရဲ့ ဆောင်ရွက်ချက်တွေ၊ စိတ်ကျေနပ်အောင်မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် ရဲရဲကြီး ကတိပေး ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မည်သို့ မျှဖိအားပေးခြင်းမရှိ

ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ တရားရုံး၏ ဆုံးဖြတ်ချက်အဖြေကို စောင့် ကြည့်ကြရန်၊ ယင်းအမှုနှင့်ပတ်သက်ပြီး တရားရုံးသို့ မည်သူကမှ ဖိအားပေးခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူနားလည်လက်ခံပြီး ယုံကြည်ကိုးစားလာစေရန်အတွက် အမှန်တရားကို ဖော်ထုတ်ရန်စိတ်ဆန္ဒရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒက္ခိဏခရိုင်တရားရုံးမှာစွဲထားတဲ့ ၂၀၁၉ ခုနှစ် ရာဇဝတ်ကြီး အမှုအမှတ် ၇၆ တရားခံ ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၂၆ ဦး တင်ပြထား ပြီးတော့ စစ်ဆေးမယ့်နေ့ရက် အစီအစဉ်ကတော့ တရားခံရှေ့နေငှားရမ်းတင်ပြလာတဲ့ အခြေ အနေအပေါ်မူတည်ပြီးတော့ လာမယ့်ရုံးချိန်းတွေမှာ ဥပဒေအရာရှိတွေ၊ တရားစွဲအဖွဲ့အစည်း တွေ၊ တရားခံရှေ့နေတွေနဲ့ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ပြီးတော့ ဘယ်နေ့ကိုတော့ ဘယ်သက် သေကို ပြီးပြတ်အောင် စစ်ဆေးမယ်ဆိုတဲ့ ကျွန်တော်တို့ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နဲ့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးညိုဌေးက ပြောဆိုသည်။

နေရာလုံလောက်မှုရှိနိုင်

ဒက္ခိဏခရိုင်တရားရုံးက ယင်းအမှုနှင့်ပတ်သက်ပြီး လာမည့်ဇူလိုင် ၁၅ ရက်တွင် စတင် ဆောင်ရွက်မည်ဖြစ်ပြီး စိတ်ဝင်စားသူပြည်သူအများလည်း လာရောက်လေ့လာနိုင်မည်ဖြစ် သည်။ အဆိုပါ ခရိုင်တရားရုံးသည် အဆင့်မီတည်ဆောက်ထားပြီး ပေ (၄၀×၆၀) အကျယ် အဝန်းရှိ တရားခွင်ကြီးဖြစ်သဖြင့် လာရောက်နားထောင်လိုသူ ပြည်သူများအတွက် နေရာ လုံလောက်မှုရှိနိုင်မည်ဖြစ်ကြောင်း ဒုတိယခရိုင်တရားသူကြီးက ပြောဆိုသည်

“ပရိသတ်ကိုလည်း စနစ်တကျလာရောက် နားထောင်နိုင်အောင်နဲ့ ဒီတရားစီရင်ရေးကို အနှောင့်အယှက်မဖြစ်အောင် မည်သူ့ကိုမဆို ကျွန်တော်တို့ နားထောင်ခွင့်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့ ကြိုတင်မေတ္တာရပ်ခံထားချင်တာက ဒီတရားရုံးတွေရဲ့ ကျင့်စဉ် တွေနဲ့ တရားခွင်စစ်ဆေးနေတဲ့ အချိန်မှာတော့ ဖုန်းနဲ့ ကင်မရာရိုက်တာတို့၊ Recording လုပ်တာတွေကတော့ နိုင်ငံတကာဥပဒေအရလည်းပဲ ဒီဟာကတော့ တားမြစ်ထားတာပါ။ ဒါက အများပြည်သူတွေရဲ့အကျိုးငှာ ကျွန်တော်တို့ တားမြစ်ရခြင်းဖြစ်ပါတယ်။ ဒါလေးကိုတော့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ ကျန်တဲ့ဟာကတော့ အများပြည်သူတွေရဲ့ ရှေ့မှောက်မှာပဲ ပွင့်လင်းမြင်သာစွာနဲ့ ကျွန်တော်တို့ စစ်ဆေးစီရင်သွားမှာဖြစ်ပါတယ်”ဟု ဒုတိယခရိုင်တရားသူ ကြီးက ပြောဆိုခဲ့သည်။

Credit: MM Time