ကြီးကျယ်ခမ်းနားတဲ့နေရာကြီးရဲ့ လူအများရှေ့မှာ ဒူးထောက်လိုက်တဲ့ ချစ်ခင်ပွန်းကြောင့် ရင်တွေခုန်ကာငိုခဲ့ရတဲ့ စမိုင်းလ်

0
38


  



Source:Smile

Unicode

ချစ်ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ်ချိန်က နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေး စမိုင်းလ် ကိုပရိတ်သတ်ကြီး ချစ်မယ်ထင်ပါတယ်။စမိုင်းလ်တို့ မိသားစုဟာ ပျော်ပျော်နေတက်ကာ အမြဲတမ်း အပန်းဖြေခရီးထွက်နေတာဖြစ်ပြီးပရိတ်သတ်တွေက အားကျနေရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ခရီးတွေအမြဲလိုလိုထွက်ကာ ခရီးသွားအမှတ်တရပုံလေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ အရမ်းလှတဲ့ Grand Central station ထဲမှာ အပြတ်ရိုနေတဲ့ အမိုက်စားပုံလေးတွေနဲ့ အတူ ” ဒီလိုအရမ်းလှတဲ့ Grand Central station ကြီးမှာမောင်ဒူးထောက်လိုက်တဲ့အချိန်ရင်တွေခုန်လွန်းလို့ငိုခါနီး သူကခြေစွပ်အောက်ကျနေလို့ဆွဲတင်တာတဲ့ ” ဆိုပြီးစနောက်ကာ စာလေးနဲ့ဖော်ပြထားတာတွေ့ရပါတယ်။

မင်းသမီးစမိုင်းလ်ကတော့ သူမရဲ့ခရီးသွားပုံရိပ်လေးတွေကို ချစ်ရတဲ့ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတာလည်းဖြစ်ပါတယ်။စမိုင်းလ်တို့နှစ်ယောက်ရဲ့ ရိုမက်တစ် ဆန်ဆန် ကြည်နူးစရာပုံရိပ်လေးတွေကို ကြည့်ပီး ပရိတ်သတ်ကြီး အားကျနေမှာအမှန်ပါပဲ ရှေ့ဆက်ပီးလည်း သူမရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Source:Smile