အေဖသာ႐ိွေနေသးရင္ အမွတ္တရဓာတ္ပံုေလးေတြတင္ခ်င္တယ္ ဆိုတဲ့ မိကြန္ေထာ

0
32

ျမန္မာႏိုင္ငံရဲ႕ ဂီတေလာကအတြက္႐ွားပါးတဲ့ ပုဂၢိုလ္တစ္ေယာက္ အျဖစ္ ေပၚထြန္းခဲ့ၿပီး အခုခ်ိန္ထိ ေမ႔မရေသးတဲ့ သူတစ္ေယာက္ ၊ အႏုပညာေပၚမွာ နည္းနည္းေလးမွာ အစြန္းအထင္းမခံခဲ့သူ ၊ သမီးေလးကို သိုင္းတတ္ေစခ်င္တယ္ဆိုတဲ့ ဂႏၱဝင္ေျမာက္တဲ့ စကားလံုးေလးနဲ႔ က်ေနာ္တို႔ ခံစားနားဆင္ေနဆဲျဖစ္တဲ့သံစဥ္ေတြ ကိုဖန္တီးေပးခဲ့တဲ့ ထူးအိမ္သင္ကိုေတာ့ အားလံုး မေမ့ၾကေသးဘူးျဖစ္ပါတယ္ ။ အားလံုးရဲ႕ အမွတ္တရ႐ိွေနမႈေတြမႈနဲ႔ အတူ သူ႔ရဲ႕ ခ်စ္သမီးေလး မိကြန္ေထာကို လည္း အားလံုးေသာ ပရိသတ္ႀကီးခ်စ္ၿပီးသား႐ိွမွာပါ ။ အခု ကြန္ေထာေလးနဲ႔ ဆယ္လီရပ္ကြက္နဲ႔အင္တာဗ်ဴးမွာ ကြန္ေထာေလး ေျပာျပသြားတဲ့ အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ ျပန္ေျပာျပေပးလိုက္ပါတယ္ ။

မိကြန္ေထာက အႏုပညာ အလုပ္ေတြလုပ္တာ မေတြ႔ရေသးတာနဲ႔ ပတ္သက္ၿပီး “ အခုခ်ိန္ထိေတာ့ မ႐ိွေသးဘူး သမီးကေက်ာင္းလည္း တတ္ေနတာ MPAတတ္ေနတာဆိုေတာ့ ။ အျပင္မွာ အျပင္ေတြဘာေတြ သြားရင္ လြတ္လြတ္လပ္လပ္ပဲ သြားခ်င္တယ္ ။ သတိထားမ်ိဳးဆိုေတာ့ နည္းနည္းေနရတာ က်ဥ္းၾကပ္တာေပါ့ေနာ္ ။ အေဖနဲ႔တူတာ တစ္ခါတေလက်ရင္ စိတ္မၾကည္ရင္ မၾကည္သလို ဘုကန္႔လန္႔တိုက္တယ္ ။”ဆိုၿပီးေျပာျပသြားပါတယ္ ။

ဖခင္ရဲ႕သီခ်င္းေတြနဲ႔ ပတ္သက္ၿပီး “ အေဖ့သီခ်င္းေတြကေတာ့ ႀကိုက္တယ္ သီခ်င္းေအးေအးေလးေတြကို ႀကိဳက္တဲ့သူဆိုေတာ့ အေဖရဲ႕ သီခ်င္းေတြကိုႀကိဳက္တယ္ ။ယူမသံုးနဲ႔တို႔ ဘာတို႔က်ေတာ့ အဲ့ဒီလိုမ်ိဳးႀကီး က်ေတာ့ေလ ယူသံုးလိုက္ၿပီး ကိုယ္ကမသိလိုက္ရတဲ့ ဟာမ်ိဳးက် နည္းနည္းသေဘာမက်ဘူး ။ သံုးခ်င္တယ္ ဆိုရင္လည္း အသိေပးတာေလးပဲျဖစ္ျဖစ္ ခြင့္ေတာင္းတာပဲျဖစ္ျဖစ္ အဲ့ဒီလိုမ်ိဳးေလးေတာ့ အရင္လုပ္ေစခ်င္တာေပါ့ ။ အဲ့ဒီက်ရင္လည္း မိသားစုအေနနဲ႔ လုပ္ဖို႔ခြင့္ျပဳသင့္တယ္ဆိုရင္လည္း ခြင့္ျပုမွာေပါ့ ဒါမွမဟုတ္ရင္လည္း သမီးတို႔က အဲ့ဒီလိုမ်ိဳးလုပ္တာ မႀကိဳက္ဖူးဆိုရင္လည္း မႀကိဳက္ဘူးဆိုတဲ့အေၾကာင္း ျပန္ေျပာမွာေပါ့”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

အကယ္၍အေဖမ်ား႐ိွေနဦးမယ္ဆိုရင္ဆိုတဲ့ေမးခြန္းကိုေတာ့ “ အေဖရိွမယ္ဆိုရင္ အဲ့ဒီလိုေပါ့ အေဖက သမီးအရမ္းငယ္ေသးတဲ့အခ်ိန္မွာ ဆံုးသြားတယ္ ။ အဲ့ဒီေတာ့ Memories ေတြအမ်ားႀကီးလုပ္ခ်င္တယ္ ။တစ္ခါတေလက် အေမဆူတဲ့အခ်ိန္ေတြက်ရင္ေတာ့ အေဖကိုသတိရတယ္ ။ အေဖကအဲ့ဒီလို အၿမဲတမ္းမဆူနဲ႕ ကေလးကို မဆူနဲ႔ အဲ့ဒီလို ။ အေဖကပိုၿပီးေတာ့ အလိုလိုက္တယ္ ဆိုေတာ့ အဲ့ဒီလိုမ်ိဳးေတြေတာ့႐ိွတယ္ ။ တစ္ခါတေလ သူမ်ားေတြ အေဖေတြနဲ႔ အဲ့ဒီလိုမ်ိဳး ဓာတ္ပံုေလးေတြေလ ဟိုတစ္ေခါက္ကဆိုရင္ မမပန္းေရာင္တင္ထားတာေလးလည္းေတြ႔တယ္ ဟိုးငယ္ငယ္ေလးက ဦးဂေရဟမ္နဲ႔႐ိုက္ထားတဲ့ ပံုကို သူက အခုႀကီးလာတဲ့အခ်ိန္မွ ျပန္ၿပီးေတာ့ လုပ္ထားတဲ့ဟာ ေပါ့ အဲ့ဒီလိုမ်ိဳးေလးေတြ႕ရင္ေတာ့ သမီးလည္းလုပ္ခ်င္တယ္ ဆိုတဲ့ စိတ္ေတာ့႐ိွပါတယ္”ဆိုၿပီးေျပာျပသြားပါတယ္ ။

Unicode

မြန်မာနိုင်ငံရဲ့ ဂီတလောကအတွက်ရှားပါးတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ပေါ်ထွန်းခဲ့ပြီး အခုချိန်ထိ မေ့မရသေးတဲ့ သူတစ်ယောက် ၊ အနုပညာပေါ်မှာ နည်းနည်းလေးမှာ အစွန်းအထင်းမခံခဲ့သူ ၊ သမီးလေးကို သိုင်းတတ်စေချင်တယ်ဆိုတဲ့ ဂန္တဝင်မြောက်တဲ့ စကားလုံးလေးနဲ့ ကျနော်တို့ ခံစားနားဆင်နေဆဲဖြစ်တဲ့သံစဉ်တွေ ကိုဖန်တီးပေးခဲ့တဲ့ ထူးအိမ်သင်ကိုတော့ အားလုံး မမေ့ကြသေးဘူးဖြစ်ပါတယ် ။ အားလုံးရဲ့ အမှတ်တရရှိနေမှုတွေမှုနဲ့ အတူ သူ့ရဲ့ ချစ်သမီးလေး မိကွန်ထောကို လည်း အားလုံးသော ပရိသတ်ကြီးချစ်ပြီးသားရှိမှာပါ ။ အခု ကွန်ထောလေးနဲ့ ဆယ်လီရပ်ကွက်နဲ့အင်တာဗျူးမှာ ကွန်ထောလေး ပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြန်ပြောပြပေးလိုက်ပါတယ် ။

မိကွန်ထောက အနုပညာ အလုပ်တွေလုပ်တာ မတွေ့ရသေးတာနဲ့ ပတ်သက်ပြီး “ အခုချိန်ထိတော့ မရှိသေးဘူး သမီးကကျောင်းလည်း တတ်နေတာ MPAတတ်နေတာဆိုတော့ ။ အပြင်မှာ အပြင်တွေဘာတွေ သွားရင် လွတ်လွတ်လပ်လပ်ပဲ သွားချင်တယ် ။ သတိထားမျိုးဆိုတော့ နည်းနည်းနေရတာ ကျဉ်းကြပ်တာပေါ့နော် ။ အဖေနဲ့တူတာ တစ်ခါတလေကျရင် စိတ်မကြည်ရင် မကြည်သလို ဘုကန့်လန့်တိုက်တယ် ။”ဆိုပြီးပြောပြသွားပါတယ် ။

ဖခင်ရဲ့သီချင်းတွေနဲ့ ပတ်သက်ပြီး “ အဖေ့သီချင်းတွေကတော့ ကြိုက်တယ် သီချင်းအေးအေးလေးတွေကို ကြိုက်တဲ့သူဆိုတော့ အဖေရဲ့ သီချင်းတွေကိုကြိုက်တယ် ။ယူမသုံးနဲ့တို့ ဘာတို့ကျတော့ အဲ့ဒီလိုမျိုးကြီး ကျတော့လေ ယူသုံးလိုက်ပြီး ကိုယ်ကမသိလိုက်ရတဲ့ ဟာမျိုးကျ နည်းနည်းသဘောမကျဘူး ။ သုံးချင်တယ် ဆိုရင်လည်း အသိပေးတာလေးပဲဖြစ်ဖြစ် ခွင့်တောင်းတာပဲဖြစ်ဖြစ် အဲ့ဒီလိုမျိုးလေးတော့ အရင်လုပ်စေချင်တာပေါ့ ။ အဲ့ဒီကျရင်လည်း မိသားစုအနေနဲ့ လုပ်ဖို့ခွင့်ပြုသင့်တယ်ဆိုရင်လည်း ခွင့်ပြုမှာပေါ့ ဒါမှမဟုတ်ရင်လည်း သမီးတို့က အဲ့ဒီလိုမျိုးလုပ်တာ မကြိုက်ဖူးဆိုရင်လည်း မကြိုက်ဘူးဆိုတဲ့အကြောင်း ပြန်ပြောမှာပေါ့”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

အကယ်၍အဖေများရှိနေဦးမယ်ဆိုရင်ဆိုတဲ့မေးခွန်းကိုတော့ “ အဖေရှိမယ်ဆိုရင် အဲ့ဒီလိုပေါ့ အဖေက သမီးအရမ်းငယ်သေးတဲ့အချိန်မှာ ဆုံးသွားတယ် ။ အဲ့ဒီတော့ Memories တွေအများကြီးလုပ်ချင်တယ် ။တစ်ခါတလေကျ အမေဆူတဲ့အချိန်တွေကျရင်တော့ အဖေကိုသတိရတယ် ။ အဖေကအဲ့ဒီလို အမြဲတမ်းမဆူနဲ့ ကလေးကို မဆူနဲ့ အဲ့ဒီလို ။ အဖေကပိုပြီးတော့ အလိုလိုက်တယ် ဆိုတော့ အဲ့ဒီလိုမျိုးတွေတော့ရှိတယ် ။ တစ်ခါတလေ သူများတွေ အဖေတွေနဲ့ အဲ့ဒီလိုမျိုး ဓာတ်ပုံလေးတွေလေ ဟိုတစ်ခေါက်ကဆိုရင် မမပန်းရောင်တင်ထားတာလေးလည်းတွေ့တယ် ဟိုးငယ်ငယ်လေးက ဦးဂရေဟမ်နဲ့ရိုက်ထားတဲ့ ပုံကို သူက အခုကြီးလာတဲ့အချိန်မှ ပြန်ပြီးတော့ လုပ်ထားတဲ့ဟာ ပေါ့ အဲ့ဒီလိုမျိုးလေးတွေ့ရင်တော့ သမီးလည်းလုပ်ချင်တယ် ဆိုတဲ့ စိတ်တော့ရှိပါတယ်”ဆိုပြီးပြောပြသွားပါတယ် ။