မေမေ့ကို မာမားလို့ မပီကလာပီကလာလေးနဲ့ခေါ်နေပြီး စကားတွေပြောနေတဲ့ အာဇာနည်ရဲ့သားငယ်လေးချစ်ချစ်တုန်

0
56




ချစ်ချစ်လေး ဘာတွေပြော😜❤️

Posted by Phit Phit Chit Chit on Tuesday, 9 July 2019

Source::Phit Phit Chit Chit

Unicode

ပရိသတ်ကြီးရေ အဆိုတော်အာဇာနည်ကတော့ သူနဲ့တူတဲ့သားနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့အပြင် နားလည်မှုအပြည့်ပေးပြီးပါရမီဖြည့်ဖက်ကောင်းပီသတဲ့ ချစ်ဇနီးချောလေးကိုလည်း ပိုင်ဆိုင်ထားလို့ သာယာလှပတဲ့မိသားစုဘဝလေးမှာ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။အာဇာနည်တို့ဇနီးမောင်နှံကတော့ ရှေ့သွားနောက်လိုက်ညီပြီးလိုက်ဖက်ညီတဲ့ကြည်နူးစရာစုံတွဲလေးပဲဖြစ်ပါတယ်။

အာဇာနည်ရဲ့သားကြီးလေး ဖစ်ဖစ်တုန်ကတော့ ဖေဖေ့လိုပဲ အနုပညာကိုဝါသနာပါပြီး တူရိယာတွေကိုတီးခက်တတ်ပြီး ဘက်စုံထူးချွန်တဲ့သားကြီးလေးဖြစ်ပါတယ်။သားငယ်လေးချစ်ချစ်တုန်ကတော့ မျက်နှာဝိုင်းဝိုင်း၊ပါးလေးဖောင်ဖောင်းလေးနဲ့ အရမ်းချစ်စမွှေးပါတဲ့ကလေးလေးဖြစ်လို့ လူချစ်လူခင်ပေါများပြီး အမြဲတမ်းပြုံးရွှင်နေတတ်ကာ မျက်နှာချိုတဲ့ချစ်ချစ်လေးလို့ ပရိသတ်တွေကချီးကျူးနေကြတာပါနော်။

ချစ်ချစ်လေးက စကားတွေနည်းနည်းပါးပါးပြောတတ်နေပြီး လမ်းလျှောက်တာလည်းကျွမ်းကျင်နေတဲ့ အရွယ်ကိုရောက်နေပါပြီနော်။အခုဆိုရင်လည်း မေမေဝမ်းကို မာမားလို့ခေါ်ပြီး စကားတွေတီတီတာတာပြောကာ ပြုံးရွှင်ရယ်မောနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ချစ်ချစ်လေး ဘာတွေပြော😜❤️

Posted by Phit Phit Chit Chit on Tuesday, 9 July 2019

Source::Phit Phit Chit Chit