ဧည့္သည္ ဇာတ္ကားထဲက ပင္ပန္းမႈေတြကို ရင္ဖြင့္လာတဲ့ ေနျခည္ဦး

0
108

ေနျခည္ဦး အတြက္ေတာ့ ၂၀၁၉ ခုႏွစ္ဟာ သူမအတြက္ ေျပာင္းလဲျခင္းေတြ စတင္လာတဲ့ ႏွစ္ပါတဲ့။ မၾကာခင္ ရုံတင္ေတာ့မယ့္ ဧည့္သည္ ရုပ္ရွင္ဇာတ္ကားကလည္း သူမရဲ႕ ႀကိဳးစားမႈေတြကုိ ျပသႏုိင္မယ့္ ဇာတ္ကားျဖစ္တယ္လုိ႔ ဆုိပါတယ္။

ေနျခည္ဦးက ဧည့္သည္ ရုပ္ရွင္ဇာတ္ကားထဲမွာ သူမရဲ႕ ႀကိဳးစားမႈေလးေတြအေၾကာင္းေျပာျပလာပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူမဟာ အရမ္းေတြ ငုိခဲ့ရတာေၾကာင့္ စိတ္ပင္ပန္းခဲ့တာေတြရွိတယ္လုိ႔ ဆုိပါတယ္။

‘’ အဲဒီဇာတ္ကားမွာ ေနျခည့္ အခန္းေလးေတြက နည္းေတာ့ နည္းတယ္။ ဒါေပမယ့္ ေနျခည္ပါတဲ့ ၈၀ ရာခုိင္ႏႈန္းေလာက္ကေတာ့ အရမ္းငုိရတယ္။ အဲဒီဇာတ္ကားရုိက္တုန္းက ေတာ္ေတာ္ေလးေတာ့ စိတ္ဆင္းရဲ၊ ကုိယ္ဆင္းရဲ ျဖစ္ရတာေပါ့ေနာ္။ ကုိယ္က အစကတည္းက ေျပာင္ေတာင္ေတာင္၊ စပ္ၿဖီးၿဖီး ေနတတ္တဲ့သူဆုိေတာ့ အဲဒီတုန္းက ေတာ္ေတာ္ေလး Mood သြင္းၿပီးရုိက္ရခဲ့ရတယ္။ အခုခ်ိန္မွာ ေတာ္ေတာ္ေလး စိတ္ဝင္စားၾကတ့ဲ အတြက္ ႀကိဳးစားရက်ဳိးနပ္တယ္လုိ႔ျမင္ပါတယ္’’ ဆုိၿပီးေတာ့ ေမလ ၁၇ ရက္ေန႔ ေန႔လယ္ ၁၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ Live လႊင့္ရင္း ေျပာခဲ့တာပါ။

ဧည့္သည္ရုပ္ရွင္ဇာတ္ကားဟာ လူငယ္ပရိသတ္ေတြရဲ႕ ခံစားခ်က္နဲ႔ တူညီမႈရွိေစမယ့္ ရုပ္ရွင္ဇာတ္ကားလည္းျဖစ္တယ္လုိ႔ ေနျခည္ဦးက ေျပာပါတယ္။ ဒီဇာတ္ကားကုိေတာ့ ေမလ ၃၀ ရက္ေန႔မွာ ရုံတင္ျပသသြားပါမယ္တဲ့။

‘’ ေနျခည့္ရဲ႕ ဒုတိယ ဇာတ္ကား ဧည့္သည္က လာမယ့္ ၃၀ ရက္ေန႔ဆုိရင္ စျပပါၿပီ။ ဒီဇာတ္ကားေလးက အခုခ်ိန္မွာ လူေတြ အမ်ားႀကီး စိတ္ဝင္စားေနၾကတာ သိရေတာ့ အရမ္းဝမ္းသာတာေပါ့ေနာ္။ ဒီဇာတ္ကားေလးက နည္းနည္း Pressure မ်ားတယ္။ အဲဒီဇာတ္ကားေလးထြက္ရင္ လူငယ္ေတြ ႀကိဳက္ၾကမွာပါ။ ဘယ္သူ႔ Fan ရယ္လုိ႔မွ မဟုတ္ဘူး။ လူငယ္ေတြရဲ႕ စိတ္ခံစားခ်က္ေတြ အမ်ားႀကီးပါတယ္ဆုိေတာ့္ ေတာ္ေတာ္မ်ားမ်ား စိတ္ဝင္စားေနၾကမွာပါ’’ လုိ႔ ဆုိပါတယ္။

သူမဟာ အခုဆုိရင္ ရုပ္ရွင္ဇာတ္ကား ေတာ္ေတာ္မ်ားမ်ား ရုိက္ကူးလက္ခံလာရၿပီျဖစ္ပါတယ္။ အဲဒီေနာက္ သူမ ပါဝင္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုံတင္ျပသခဲ့ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ကေတာ့ ေနျခည္ဦးအတြက္ ေကာင္းတဲ့ ႏွစ္ တစ္ႏွစ္ပါလုိ႔ ေျပာပါတယ္။

‘’ ၂၀၁၉ ကေတာ့ ေကာင္းေသာေျပာင္းလဲျခင္းေတြ ပုိျဖစ္လာတယ္။ ၿပီးေတာ့ မေကာင္းတဲ့ ေဝဖန္ျခင္းေတြ ေလ်ာ့လာတယ္လုိ႔ျမင္တယ္။ ဒါေပမယ့္ လူဆုိတာ Parfect မွ မျဖစ္တာေနာ္။ ေနျခည့္ကုိ ခ်စ္တဲ့သူေတြလည္းမ်ားသလုိ ဒီေကာင္မေလးက ဘာေတြေျပာေနတာလဲ။ စကားေျပာတာလည္း ျမန္လုိက္တာ ဆုိၿပီးေတာ့ အျမင္ကပ္ေနတဲ့သူေတြလည္းရွိမွာပဲ။ အေကာင္းဆုံးႀကိဳးစားေနပါတယ္’’ လုိ႔ သူကဆုိပါတယ္။

သူမကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာ အလုပ္ေတြ လည္း ေဆာင္ရြက္လုိ႔ေနပါၿပီ။ သူမဟာ ရန္သူ ရုပ္ရွင္ကား၊ ဧည့္သည္ ရုပ္ရွင္ကား၊ ကုိယ္ပြား ရုပ္ရွင္ကား၊ ေအာက္ဖဲမလွန္ေၾကးရုပ္ရွင္ကား၊ တုိ႔ကုိ ရုိက္ကူးခဲ့ၿပီးျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ‘’အခမ္းနားဆုံးေမတၱာ’’ရုပ္ရွင္ဇာတ္ကားမွာ ပါဝင္သရုပ္ေဆာင္ေနတာျဖစ္ပါတယ္။

( Unicode )

နေခြည်ဦး အတွက်တော့ ၂၀၁၉ ခုနှစ်ဟာ သူမအတွက် ပြောင်းလဲခြင်းတွေ စတင်လာတဲ့ နှစ်ပါတဲ့။ မကြာခင် ရုံတင်တော့မယ့် ဧည့်သည် ရုပ်ရှင်ဇာတ်ကားကလည်း သူမရဲ့ ကြိုးစားမှုတွေကို ပြသနိုင်မယ့် ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

နေခြည်ဦးက ဧည့်သည် ရုပ်ရှင်ဇာတ်ကားထဲမှာ သူမရဲ့ ကြိုးစားမှုလေးတွေအကြောင်းပြောပြလာပါတယ်။ ပျော်ပျော်နေတတ်တဲ့သူမဟာ အရမ်းတွေ ငိုခဲ့ရတာကြောင့် စိတ်ပင်ပန်းခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။

‘’ အဲဒီဇာတ်ကားမှာ နေခြည့် အခန်းလေးတွေက နည်းတော့ နည်းတယ်။ ဒါပေမယ့် နေခြည်ပါတဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ အရမ်းငိုရတယ်။ အဲဒီဇာတ်ကားရိုက်တုန်းက တော်တော်လေးတော့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတာပေါ့နော်။ ကိုယ်က အစကတည်းက ပြောင်တောင်တောင်၊ စပ်ဖြီးဖြီး နေတတ်တဲ့သူဆိုတော့ အဲဒီတုန်းက တော်တော်လေး Mood သွင်းပြီးရိုက်ရခဲ့ရတယ်။ အခုချိန်မှာ တော်တော်လေး စိတ်ဝင်စားကြတဲ့ အတွက် ကြိုးစားရကျိုးနပ်တယ်လို့မြင်ပါတယ်’’ ဆိုပြီးတော့ မေလ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။

ဧည့်သည်ရုပ်ရှင်ဇာတ်ကားဟာ လူငယ်ပရိသတ်တွေရဲ့ ခံစားချက်နဲ့ တူညီမှုရှိစေမယ့် ရုပ်ရှင်ဇာတ်ကားလည်းဖြစ်တယ်လို့ နေခြည်ဦးက ပြောပါတယ်။ ဒီဇာတ်ကားကိုတော့ မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားပါမယ်တဲ့။

‘’ နေခြည့်ရဲ့ ဒုတိယ ဇာတ်ကား ဧည့်သည်က လာမယ့် ၃၀ ရက်နေ့ဆိုရင် စပြပါပြီ။ ဒီဇာတ်ကားလေးက အခုချိန်မှာ လူတွေ အများကြီး စိတ်ဝင်စားနေကြတာ သိရတော့ အရမ်းဝမ်းသာတာပေါ့နော်။ ဒီဇာတ်ကားလေးက နည်းနည်း Pressure များတယ်။ အဲဒီဇာတ်ကားလေးထွက်ရင် လူငယ်တွေ ကြိုက်ကြမှာပါ။ ဘယ်သူ့ Fan ရယ်လို့မှ မဟုတ်ဘူး။ လူငယ်တွေရဲ့ စိတ်ခံစားချက်တွေ အများကြီးပါတယ်ဆိုတော့် တော်တော်များများ စိတ်ဝင်စားနေကြမှာပါ’’ လို့ ဆိုပါတယ်။

သူမဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကား တော်တော်များများ ရိုက်ကူးလက်ခံလာရပြီဖြစ်ပါတယ်။ အဲဒီနောက် သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ ကတော့ နေခြည်ဦးအတွက် ကောင်းတဲ့ နှစ် တစ်နှစ်ပါလို့ ပြောပါတယ်။

‘’ ၂၀၁၉ ကတော့ ကောင်းသောပြောင်းလဲခြင်းတွေ ပိုဖြစ်လာတယ်။ ပြီးတော့ မကောင်းတဲ့ ဝေဖန်ခြင်းတွေ လျော့လာတယ်လို့မြင်တယ်။ ဒါပေမယ့် လူဆိုတာ Parfect မှ မဖြစ်တာနော်။ နေခြည့်ကို ချစ်တဲ့သူတွေလည်းများသလို ဒီကောင်မလေးက ဘာတွေပြောနေတာလဲ။ စကားပြောတာလည်း မြန်လိုက်တာ ဆိုပြီးတော့ အမြင်ကပ်နေတဲ့သူတွေလည်းရှိမှာပဲ။ အကောင်းဆုံးကြိုးစားနေပါတယ်’’ လို့ သူကဆိုပါတယ်။

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူမဟာ ရန်သူ ရုပ်ရှင်ကား၊ ဧည့်သည် ရုပ်ရှင်ကား၊ ကိုယ်ပွား ရုပ်ရှင်ကား၊ အောက်ဖဲမလှန်ကြေးရုပ်ရှင်ကား၊ တို့ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ ‘’အခမ်းနားဆုံးမေတ္တာ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။