ကလစ်တွေအများကြီးကို ကိုယ်တိုင်ခေါင်းပေါ်မှာတပ်ပြီး သီချင်းသံလေးကြားလို့ မြူးကြွစွာကနေတဲ့ ခေတ်နဲ့သစ်
0
136
( Unicode )
ပရိသတ်တွေအရမ်းချစ်ရတဲ့ ခေတ်နဲ့သစ်တို့ ညီအစ်မနှစ်ယောက်က အခုဆိုရင်တော့ စကားတွေအရမ်းတတ်ပြီး ချစ်စရာအမူအရာလေးတွေကြောင့် သူတို့လေးတွေကို ပိုပိုချစ်လာရပါတယ်နော်
။ခေတ်နဲ့သစ်တို့ကို မေမေချစ်သုဝေက သေချာဂရုစိုက်စောင့်ရှောက်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးလေးတွေဖြစ်အောင် သင်ပြပေးနေတာပါ။ခေတ်နဲ့သစ်ကလည်း သင်လွယ်တတ်လွယ်ကြလို့ ကလေးပီပီ အရာရာကို မေးမြန်းတတ်ကြပါတယ်။
ခေတ်နဲ့သစ်လေးက မူကြိုကျောင်းလည်း ပျော်ရွှင်စွာတက်နေကြပြီး ကျောင်းမှာလည်း သူငယ်ချင်းတွေနဲ့ ရင်းနှီးဖော်ရွေစွာ ကစားကြပါတယ်
။ခေတ်နဲ့သစ်တို့က ဘက်စုံတော်တဲ့မေမေကို ပိုင်ဆိုင်ထားတော့ သူတို့လေးတွေလည်း မေမေ့လိုပဲ ကြီးလာရင် ထူးချွန်ထက်မြက်မယ့် ကလေးလေးတွေပါ။ခေတ်နဲ့သစ်လေးက ချစ်စမွှေးပါကြလို့ တွေ့မြင်တဲ့လူတိုင်းကချစ်ကြပြီး အသည်းယားကြပါတယ်နော်။
အခုဆိုရင်တော့ ဒီဇိုင်နာမပုံ့က ချစ်သုဝေတို့အိမ်ကို သွားလည်ပြီး ခေတ်နဲ့သစ်တို့အတူ အဖော်ပြုကစားပေးပါတယ်။ခေတ်နဲ့သစ်ကလည်း ကလစ်တွေကို ခေါင်းပေါ်မှာ ကိုယ်တိုင်တပ်ပြီး မေမေပုံ့ကိုလည်း ကလစ်တွေတပ်ပေးလိုက်ပါသေးတယ်။သီချင်းသံလေးနဲ့ ခေတ်နဲ့သစ်တို့ ပျော်ရွှင်စွာ ကနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။Credit-Myanmaroad