ျမင့္ျမတ္လိုျဖစ္ဖို႔ ယံုၾကည့္ခ်က္ရွိတယ္ဆိုတဲ့ ၿခိမ့္ေကကို

0
118

ဦးသိန္းတန္ ငွက္ေပ်ာသီးေကြ်းတဲ့ ကိစၥကေနစျပီးေတာ့ နာမည္ၾကီးလာတဲ့ ရိုးသားတဲ့လူငယ္တေယာက္ျဖစ္တဲ့ ျခိမ့္ေကကိုကေတာ့ အျမဲတမ္း ကိုယ့္ကိုကုိယ္ယံုၾကည္မႈ ရွိျပီး ၾကိဳးစားရင္ ဘာမဆိုျဖစ္ႏိုင္တယ္လို႔ ယံုၾကည္လက္ခံထားတဲ့ သူတေယာက္လည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း သူ႔အေနန႔ဲ ပြဲေတာ္ေတာ္မ်ားမ်ားကို တတ္ေနရျပီး ဗီဒီယိုေလးေတြေလး ရိုက္ေနရျပီ ျဖစ္ပါတယ္။ မၾကာေသးခင္ကမွ ရုံတင္ထားတဲ့ ေဟာက္စား ရုပ္ရွင္ဇာတ္ကား မိတ္ဆက္ပြဲမွာလည္းသူ႔အေနနဲ႔တက္ေရာက္ခဲ့ျပီး ျမင့္ျမတ္လိုမ်ိဳး သရုပ္ေဆာင္တေယာက္ျဖစ္ဖို႔ ယံုၾကည္ခ်က္ရွိပါတယ္လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

ျခိမ့္ေကကိုကေတာ့ အင္တာဗ်ဴးတြင္ ေဟာက္စားဇာတ္ကားၾကည့္ျပီးျပီလားဆိုတဲ့အေပၚ “ကြ်န္ေတ္ာၾကည့္ျပီးပါျပီ။ ေတာ္ေတာ္ကို ရီရပါတယ္။ အခန္းတိုင္းလိုလိုကုိလည္း သေဘာက်ပါတယ္”

ေဟာက္စားဇာတ္ကားထဲမွာ ပါဝင္ခြင့္ရမယ္ဆုိရင္ ဘယ္လိုေနရာကေန ပါဝင္မလဲဆိုတဲ့ ေမးခြန္းကုိေတာ့ “ရီရတဲ့အခန္းေလးေတြ ဟာသပံုစံေလးေတြေပါ့။ ပရိသတ္ေတြ ရီေမာႏိုင္ေအာင္ လုပ္ေပးႏိုင္တဲ့ အခန္းေလးေတြေပါ့”

ျမင့္ျမတ္ေနရာမွာဆိုရင္ အကိုဆိုသရုပ္ေဆာင္ႏိုင္မယ္ထင္လားဆိုတဲ့ ေမးခြန္းကိုေတာ့ “ၾကိဳးစားျပီးေတာ့ အေကာင္းဆံုးျဖစ္ေအာင္ေတာ့ သရုပ္ေဆာင္ရမွာပဲ။ လုပ္ႏိုင္တယ္ဆိုတာထက္ ကိုယ္ၾကိဳးစားရင္ေတာ့ ၾကိဳးစားသလို ျဖစ္သြားမွာေပါ့။ ကုိယ့္ကိုကုိယ္ ယံုၾကည္မႈ ရွိပါတယ္”

ေဟာက္စားဆိုတဲ့ စကားလံုးနဲ႔ ပတ္သက္ျပီး ဘယ္လိုအမွတ္တရေတြ ရွိလဲဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ “ေဟာက္စားဆိုတဲ့ စကားလံုးနဲ႔ ပတ္သက္ျပီး ေျပာရမယ္ဆိုရင္ေတာ့ ငယ္ငယ္ေလးတုန္းကတည္းက ေဟာက္စားလုပ္တဲ့သူေတြ အမ်ားၾကီးရွိပါတယ္။ သူငယ္ခ်င္း အခ်င္းခ်င္းေတာင္မွ မသိရင္ မသိသလို ေဟာက္စားလုပ္တာေတြ ရွိပါတယ္။ ခံခဲ့ရတာေတြ ကိုယ္ပဲ ခံခဲ့ရတာပါ။ ဂ်င္းထည့္ခံခဲ့ရတာေပါ့”

ေဟာက္စားဇာတ္ကားနဲ႔ ပတ္သက္ျပီး “ဒီဇာတ္ကားေလးကို လာၾကည့္ၾကပါ။ ကိုျမင့္ျမတ္တို႔လည္း အေကာင္းဆံုး သရုပ္ေဆာင္ထားပါတယ္။ ကြ်န္ေတာ္လည္း အခန္းတိုင္းလိုလိုကို ၾကိဳက္ပါတယ္။ ပရိသတ္ၾကီးလည္း ဒီကာေးလးကို အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္။ nanmalgyi

Unicode

မြင့်မြတ်လိုသရုပ်ဆောင်ဖို့ ယုံကြည်ချက်ရှိတယ်ဆိုတဲ့ ခြိမ့်ကေကို

ဦးသိန်းတန် ငှက်ပျောသီးကျွေးတဲ့ ကိစ္စကနေစပြီးတော့ နာမည်ကြီးလာတဲ့ ရိုးသားတဲ့လူငယ်တယောက်ဖြစ်တဲ့ ခြိမ့်ကေကိုကတော့ အမြဲတမ်း ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိပြီး ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ယုံကြည်လက်ခံထားတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့အနေနဲ့ ပွဲတော်တော်များများကို တတ်နေရပြီး ဗီဒီယိုလေးတွေလေး ရိုက်နေရပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ရုံတင်ထားတဲ့ ဟောက်စား ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာလည်းသူ့အနေနဲ့တက်ရောက်ခဲ့ပြီး မြင့်မြတ်လိုမျိုး သရုပ်ဆောင်တယောက်ဖြစ်ဖို့ ယုံကြည်ချက်ရှိပါတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

ခြိမ့်ကေကိုကတော့ အင်တာဗျူးတွင် ဟောက်စားဇာတ်ကားကြည့်ပြီးပြီလားဆိုတဲ့အပေါ် “ကျွန်တေ်ာကြည့်ပြီးပါပြီ။ တော်တော်ကို ရီရပါတယ်။ အခန်းတိုင်းလိုလိုကိုလည်း သဘောကျပါတယ်”

ဟောက်စားဇာတ်ကားထဲမှာ ပါဝင်ခွင့်ရမယ်ဆိုရင် ဘယ်လိုနေရာကနေ ပါဝင်မလဲဆိုတဲ့ မေးခွန်းကိုတော့ “ရီရတဲ့အခန်းလေးတွေ ဟာသပုံစံလေးတွေပေါ့။ ပရိသတ်တွေ ရီမောနိုင်အောင် လုပ်ပေးနိုင်တဲ့ အခန်းလေးတွေပေါ့”

မြင့်မြတ်နေရာမှာဆိုရင် အကိုဆိုသရုပ်ဆောင်နိုင်မယ်ထင်လားဆိုတဲ့ မေးခွန်းကိုတော့ “ကြိုးစားပြီးတော့ အကောင်းဆုံးဖြစ်အောင်တော့ သရုပ်ဆောင်ရမှာပဲ။ လုပ်နိုင်တယ်ဆိုတာထက် ကိုယ်ကြိုးစားရင်တော့ ကြိုးစားသလို ဖြစ်သွားမှာပေါ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါတယ်”

ဟောက်စားဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ဘယ်လိုအမှတ်တရတွေ ရှိလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ဟောက်စားဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ငယ်ငယ်လေးတုန်းကတည်းက ဟောက်စားလုပ်တဲ့သူတွေ အများကြီးရှိပါတယ်။ သူငယ်ချင်း အချင်းချင်းတောင်မှ မသိရင် မသိသလို ဟောက်စားလုပ်တာတွေ ရှိပါတယ်။ ခံခဲ့ရတာတွေ ကိုယ်ပဲ ခံခဲ့ရတာပါ။ ဂျင်းထည့်ခံခဲ့ရတာပေါ့”

ဟောက်စားဇာတ်ကားနဲ့ ပတ်သက်ပြီး “ဒီဇာတ်ကားလေးကို လာကြည့်ကြပါ။ ကိုမြင့်မြတ်တို့လည်း အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်လည်း အခန်းတိုင်းလိုလိုကို ကြိုက်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကာေးလးကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ nanmalgyi