
0
191





Posted by Gorgon Enchantress on Friday, 17 May 2019

UNICODE

မေမေ့ကို နို့တိုက်ပါဆိုပြီး ကလေးလေးလို အတင်းပူဆာနေတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်
စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့အတူ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက မာန်မာနတွေမရှိဘဲ နာမည်လေးနဲ့လိုက်အောင် ဖြူစင်လွန်းတာကြောင့် အားပေးသူပရိသတ်တွေကလည်း အရမ်းကို များပြားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖြူဖြူထွေးက မိသားစုနဲ့အတူ နေထိုင်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ကြော်ငြာလေးတွေ အဆက်မပြတ်ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတဲ့ ဖြူဖြူထွေးက တစ်နေ့တစ်ခြား နာမည်ရအောင်မြင်လာတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက သူသိပ်ချစ်ရတဲ့အမေကို ဘေးကနေ စနောက်ကျီစယ်နေတာ တွေ့ရပါတယ်။ ဖြူဖြူထွေးက အမေ့ကို နို့တိုက်ပါဆိုပြီး ကလေးလေးတစ်ယောက်လို ပူဆာနေတာပဲ ဖြစ်ပါတယ်။

အမေ့ကို အနားကပ်ပြီး အတင်းဂျီကျနေတဲ့ ဖြူဖြူထွေးကတော့ ရယ်လည်းရယ်ရသလို ချစ်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ စနောက်ရင်း ရယ်မောပျော်ရွှင်နေကြတဲ့ ဖြူဖြူထွေးတို့သားအမိနှစ်ယောက်ကတော့ တကယ့်ကို ကြည်နူးစရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အမေ့ကိုနို့တိုက်ဖို့ ပူဆာနေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe;CRD-MYANMAR LOAD