ရန်ကုန်နွေအပူကိုရှောင်ရင်း မေမြို့မှာသာယာကြည်နူးနေကြတဲ့ သုသုတို့ချစ်သူနှစ်ယောက်

0
144

ရန်ကုန်နွေအပူကိုရှောင်ရင်း မေမြို့မှာသာယာကြည်နူးနေကြတဲ့ သုသုတို့ချစ်သူနှစ်ယောက်

သုသုတို့ကတော့ သာသာယာယာ မေမြို့မှာချစ်သူနဲ့ အရမ်းကိုချစ်နေပါပြီ ပရိသတ်ကြီးရေ။ နှစ်ယောက်သားရဲ့ ချစ်သက်တမ်းဟာ ငါးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆင်ပြေသာယာတဲ့ ချစ်ကမ္ဘာလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဘယ်လိုဝေဖန်တိုက်ခိုက်မှုတွေကို မဆို ရင်ဆိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွဲထားပုံက တကယ့်ကိုလေးစားစရာပါ။ ဒီအချစ်ရေးလေးမှာ သုသုတစ်ယောက် အရမ်းကိုပျော်ရွှင်နေရပုံပါပဲ။

ရန်ကုန်ရဲ့နွေအပူကိုလည်းရှောင်ရင်း ချစ်သူနဲ့လည်း အတူတူခရီးထွက်ရင်းဆိုတော့ ဘုရားလည်းဖူး လိပ်ဥလည်းတူးပေါ့နော်။ နှစ်ယောက်သားက အရမ်းကိုချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ သာယာပျော်ရွှင်နေပုံက အားကျစရာပါပဲ။ ဝေဖန်တဲ့ comment တိုင်းကိုလည်း သုသုက သာသာနဲ့ နာနာနှက်ပြီး ပြန်ပြောနေပုံက တကယ့်ကိုဟာသရသမြောက်ပါပေတယ်။

သူမတို့နှစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို ” ပေါ့ပေါ့ ပါးပါးပြုံး ” ဆိုပြီးတင်ထားတာပဲ ဖြစ်ပါတယ်။ နှစ်ယောက်တစ်ကမ္ဘာအခန်းငယ်လေးထဲမှာ အပျော်တွေအတိုင်းမသိပျံ့လွင့်နေပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မဝနိုင်အောင်ချစ်လွန်းတဲ့ ဒီစုံတွဲလေးရဲ့ ကြည်နူးမှုမှတ်တမ်း လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Nyi Nyi Maung