အကြောင်းပြချက် တခုနဲ့ ကလေးရဲ့ အသက် လဲနေကြဦးမှာလား

0
1989

အကြောင်းပြချက် တခုနဲ့ ကလေးရဲ့ အသက် လဲနေကြဦးမှာလား

အသိ နဲ့ အသက် လဲ ကြမလား ????

“ဆရာမရေ ကျွန်မ သမီးလေး အသံက ဘယ်လိုဖြစ်တယ် မသိဘူး လည်ပင်းလဲ ဖောင်းကားလို့ သူကြည့်ရတာလဲ ဘယ်လို ရှူနေမှန်းမသိဘူး ဆရာမရယ် ဘာမှလည်း ကျွေးမရ မှိန်းနေတာပါပဲ ဆရာမရယ် ကြည့်ပါအုန်း ”

ပြောသံကြားလို့ကြည့်လိုက်တော့ ကလေးမယ် အသက်ရှူတာ ဟပ်ထိုးလိုက်လို့ ဆေးပညာ အခေါ် stridor လေပြွန် ကျဉ်းတဲ့အသံကြီးနဲ့ လည်ပင်းမှာ ကျွဲ လည်ပင်းလို bull neck ကြီးနဲ့ ဆိုတော့ ကိုယ်လို ကလေးဆရာဝန်တွေ ပြာယာခတ်ပါပီ အထူးကြပ်မှတ်ဆောင်ပြ ခွဲစိတ်ဆရာဝန်ခေါ် ပီး လည်ပင်း အပေါက်ဖောက်ဖို့လုပ်

မဖောက်ခင်လေးတင်ပဲ ကလေးမယ် အသက်ရှူ ရပ်သွားလို့ အသည်းအသန် လုပ်ရ, ခွဲစိတ်ဆရာဝန်လဲ အဆင်သင့် ကလေး လည်ပင်း အပေါက်ဖောက် အသက် ပြန်ရှူရအောင်လုပ်နဲ့ ပေါ့ မနဲ ကိုချွေးပြန်အောင် team တခုလုံး ခွဲစိတ် ဆရာဝန် မမ အပါအဝင် အသက်ရှင်အောင် လုပ်လိုက်ရတယ်

ကလေးလေးကံကောင်းတယ်။ခုတော့ ကလေးလေး အထူးကြပ်မတ်ဆောင်က ပြန်ရောက်လာပါပီ။ ဟိုတလောကတော့ ကလေး တယောက် ၁၀ နှစ်ကလေးလေး ဒီရောဂါပါပဲ။ အသက်ရှူ ကြပ်တာ မသိသာပေမယ့် ဆိုးဆိုးဝါးဝါး နှလုံးကို ထိ သွားတော့ ဆေးတွေ အချိန်မှီအောင်သွင်း အထူးကြပ်မှတ်ကုသပေမယ့် လိုအပ်တာတွေ ဘယ်လိုပဲ လုပ်လုပ် ပါ နှမျောစရာ အသက် ဆုံးရှုံးသွားပါတယ် ။ ဒီလိုမျိုး ကြုံတွေ့နေရတာ ကလေးဆရာဝန်တော်တော်များများပါပဲ !!!

ကဲ ဒီလောက် ဆိုးတဲ့ အဓိက တရားခံက ဘယ်သူလဲ? ကာကွယ်ဆေး ထိုးလို့ရပါရက်နဲ့ မထိုးပေးကြတော့

ခေါင်းထောင် လာတဲ့ ဆုံဆို့နာ (Diptheria ) ရောဂါဆိုးပါပဲ။ ကဲ မေမေတို့ သိရအောင်

ဆုံဆို့နာဆိုတာ က ဘာလဲ ?

ဆိုဆို့နာ ဆိုတာ bacterium Corynebacterium diphtheriae. ကြောင့် ဖြစ်တာပါ

ဘယ်ကကူးလဲ ?

သိတဲ့ အတိုင်း လေက ကူးတာပါပဲ။ကလေး ချောင်းဆိုး နှာစေး, အရုပ် လေးတွေကိုင်ဆော့ရာက တဆင့် တခြားသူကူးနိုင်ပါတယ်။ လူကြီးကနေလဲ ကူးတတ်ပါတယ်

ဘာတွေဖြစ်လဲ ?

ဖျားမယ် ။ ခေါင်းဆိုးမယ် ။နှာစေးမယ် ။ လည်ပင်း အကြိတ်ထွက်မယ်

ဘာတွေက အန္တရာယ်ရှိလဲ ?

ပိုးက ထွက်တဲ့ toxin ကြောင့် လည်မြိုမှာ Membrane ခေါ်တဲ့ အဖြူညစ် အဖတ်ကြီး ကပ်နေတော့ ကလေး အသက်ရှုခက်လာမယ် ။အသံ ( stridor ) အသက်ရှူ လမ်းကြောင်းပိတ်တဲ့ အသံကြားလာမယ်။ နှလုံးထိတတ်တယ် နှလုံးခုန် မြန်တာ နှေးတာဖြစ်လာမယ်။ နှလုံး အမောဖောက်မယ်။ နဲပေမယ့် အာရုံကြောထိလာမယ် ခန္ဒာကိုယ်သေတတ် တယ်

အသက်အန္တရာယ်ရှိလား ?

အရမ်း အသက် အန္တရာယ်ရှိပါတယ်။ မကုသပဲ ထားရင် ၂ ယောက်မှာ ၁ ယောက်သေတယ်။ ကုသရင်တောင်မှ ၁၀ ယောက်မှာ ၁ ယောက်သေနိုင်ပါတယ် ကြောက်ဖို့ကောင်းတယ်

ကာကွယ်လို့ရလား ?

ရတာပေါ့ ။ ၂ လ ၄ လ ၆ လ မှာ အစိုးရက ငါးမျိုးစပ်ကာကွယ်ဆေးထိုးပေးပါတယ်။

ဘယ်အချိန် booster. ပြန် ထိုးမလဲ ?

၁ နှစ် ခွဲ ၊ ၄ နှစ် မှ ၆ နှစ် ၊ ၁၁ နှစ် မှ ၁၂ နှစ် ၊ ကြီးသွားရင်တော့ ၁၀ နှစ် တခါ ထိုးဖို့လိုပါတယ်မေမေတို့ရေ

WHO (2011 – 2015 ) data တွေ အရ မြန်မာနိုင်ငံမယ် ဆုံဆို့နာ ရောဂါ ၁၈၀ ယောက် ရှိတယ်တဲ့။ ဒါတောင် report တင်တဲ့ case တွေ မနဲဘူးနော်/ ဒါပေမယ့် ခုတော့ ကလေးလေးတွေကို ကာကွယ်ဆေးမထိုးပေးကြဘူး။ မျိုးစုံ အကြောင်းပြကြတယ်။ ဖျားမှာကြောက်လို့ ခရီးတွေ ထွက်နေလို့ မအားလို့ နဲ့၊ အကြောင်းပြချက် တခု နဲ့ ကလေး အသက် လဲ ကြအုန်းမလား ??

ရွှေ့ပြောင်းလုပ်သား ကလေးတွေပွဲဈေးတန်းရောင်းတဲ့နောက် တကောက်ကောက်လိုက်ရတဲ့ ကလေးတွေ အတွက် ကာကွယ်ဆေးတွေ ??? ကိုယ့်ရဲ့ သတိ, မသိမှူ , ဆင်ခြေ နဲ့ ကိုယ်ချစ်တဲ့ ကလေးတို့ရဲ့ အသက်နဲ့ လဲ ကြမှာလား ? မေမေတို့ကော ကိုယ်သိတဲ့ အသိကို သူများကို မျှဝေကြစို့လား

ကဲ ကာကွယ်ဆေးထိုးဖို့ မေမေတို့လဲ သတိထား၊ အချင်းချင်းကိုလည်း တိုက်တွန်းကြရအောင်လား !!!!

မေတ္တာဖြင့်

ဒေါက်တာခိုင်ဝါဝါထွန်း ၈.၃.၂၀၁၉

Reference

https://www.cdc.gov/diphtheria/about/prevention.html

Credit – Khine War