မိုင်းဖုန်း ဆရာတော် ဟာ ထူးခြားတဲ့ ပါရမီရှင် တစ်ပါးဖြစ်ပါတယ်။ မွေးဖွားစဉ်က မိုးတွေအဆက်မပြတ် ရွာသွန်း ဖြိုး ခဲ့တာကြောင့် အဖွားဖြစ်သူက ဘုန်းကံထူးတဲ့ ကလေးကို ရှမ်း ဘာသာအားဖြင့် “ပုခေ်းrဝုမ့်” အဆက်မပြတ် သော မိုးစက်ကဲ့သို့ ပုညကောင်းမှုရှိတဲ့သူဟု အမည်ပေးခဲ့ပါတယ်။ အသံဖလှယ်စနစ်ဖြင့် “ပ”ကို “မ”သို့ပြောင်း၊ “မ”မှ “ဝ”သို့ပြောင်းကာ ရှမ်းလို “ကျောက်ဝုမ်းစုမ့်”ဟု ခေါ်တွင်ပါတယ်။ နေထိုင်သီတင်းသုံးတဲ့ ဒေသကို အစွဲ ပြုပြီး “မိုင်းဖုန်းဆရာတော်”ဟုလည်း ခေါ်ကြပါတယ်။ ပါရမီရှင်ရဲ့ ဘဝနိဒါန်းကတော့ ညိုးနွမ်းတာနဲ့ စခဲ့ရပါတယ်။...
အရက်ကိုလည်း ဖြတ်ချင်တယ် မသောက်ဘဲလည်း မနေနိုင် ကိုယ့်စိတ်ကိုလည်း မထိန်းနိုင် မမြင်ရရင် မသောက်ပဲ နေနိုင်တယ် မြင်မိပြန်တော့ သောက်ချင်မိပြန်တယ်။ အဲ့လိုဖြစ်နေသူများနှင့် အရက်မသောက် စေချင်တော့လို့ ဖြတ်ပေးချင်သူများ အတွက် နည်းလမ်းကောင်းလေးပါ ဆေးနည်း သံပုရာပင်ရဲ့ အမြစ်ကိုတူးယူ (အစို /အခြောက်မဟုတ် ) ဓားလေးနဲ့စင်း အရည်ရအောင် ငရုပ်ဆုံ သန့်သန့်လေးနဲ့ ထည့်ထောင်းပါ။ ရလာတဲ့ အရည်ကို ဆားအနည်းငယ် ထည့်သောက်ပေးပါ / တိုက်ပေးလိုက်ပါ ။ တစ်နေ့မှ တစ်ကြိမ်ပဲတိုက်ပေးပါ ။ Bare but strong roots...
ပုံထဲမှာ မြင်တွေ့ရတဲ့ လမ်းလျှောက်တတ်စအရွယ် (၁)နှစ်နဲ့ (၃)လအရွယ်ကလေးငယ်လေးဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၂)ရက်နေ့က ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကို ထိမိလိုက်ပြီး ရေနွေးပူတွေ မတော်တဆ လောင်းချခံလိုက်ရပါတယ်။ ဘာလို့ ဒီသတင်းလေးကို ပြန်တင်ပေးရလဲဆိုတော့ အောက်မှာပြောမယ့်အထဲမှာ တကယ်စွမ်းတဲ့ သဘာဝဆေးနည်းတလက်ပါလို့ပါ။လူကြီးတောင် မခံနိုင်တဲ့ ရေနွေးပူတွေဟာ ကလေးငယ်လေးရဲ့ မျက်နှာပေါ်ကို ဖိတ်စင်သွားတဲ့အတွက် မခံရပ်နိုင်အောင် နာကျင်လွန်းတဲ့ ဒဏ်ကြောင့် အော်ဟစ်ငိုပါတော့တယ်။ မိဘတွေလည်း ချက်ချင်းဘဲ ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ပေမယ့် ဆရာဝန်ကြီးတွေက “ ကလေးဟာ အရမ်းကို ငယ်ရွယ်လွန်းတဲ့အတွက်...
ငါးဟင်းကြိုက်တဲ့ မေမေတို့အတွက် သတင်းကောင်းလေးပေါ့။ ကိုယ်ဝန်ရှိစဉ်မှာ သန္ဓေသားလေးရဲ့ အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးကျန်းမာဖို့အတွက် ငါးကရရှိတဲ့ အဆီဓာတ် လိုအပ်ပါသတဲ့။ သုတေသနအဖွဲ့တွေက မိခင်ရဲ့အစားအစာနဲ့ သွေးတွင်းက အဆီဓာတ်ပမာဏရယ်၊ ကလေး ၁ လသားမှာ သွေးတွင်းအဆီအာဟာရ ပမာဏရယ်ကို စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။ အဲဒီအခါ ကိုယ်ဝန်ဆောင်ကာလမှာ ငါး လုံလုံလောက်လောက် စားသုံးပေးသူ ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဟာ သွက်လက်မြန်ဆန်စွာ ဖွံ့ဖြိုးလာတာကို တွေ့ရပါတယ်။ ငါးကရတဲ့ အဆီဓာတ်အာဟာရဟာ မျက်လုံးနဲ့ ဦးနှောက်ကြီးထွားဖို့ လိုအပ်သလို အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့လည်း အထူးလိုအပ်နေတာ ဖြစ်ပါတယ်။ မိခင်...
အိပ်ယာ အစောကြီး ထ၊ မနက် (၁၀) နာရီ မတိုင်ခင် အလုပ်သွားရတာဟာ ခန္ဓာကိုယ်အတွက် ပြင်းထန် ကြီးမားတဲ့ နှိပ်စက်ညှင်းပန်းမှုနဲ့ အလားသဏ္ဍာန်တူကြောင်း အောက်စ်စဖို့ တက္ကသိုလ်ရဲ့ စူးစမ်းလေ့လာရေးဦးဆောင်သူ ဒေါက်တာ Paul Kelly ကဆိုပါတယ်။ ဆက်ကာဒီယံ ရက်သမ် (သို့) ခန္ဓာအတွင်းက နာရီဟာ ဇီဝအချိန်တိုင်း ကိရိယာအဖြစ် ကိုယ်စားပြုပြီး လူတွေရဲ့ ခန္ဓာကိုယ်ကို လည်ပတ်မှုတွေကို သတ်မှတ်ပေးပါတယ်။ အဲ့ဒီ့နောက် ဒီ မျိုးရိုး ဗီဇအလိုက် အလိုအလျောက်လုပ်ဆောင်ဖို့ စီမံထားတဲ့ စက်ဝန်းက အချိန်တွေကို...
မဟာဝင်၊ အာဒိကပ္ပကမ္ဘာဦးကျမ်းအစရှိသော မြန်မာကျမ်းဂန်များအရ၊ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောက သည် ဇမ္ဗူဒိပ်ကျွန်းဖြစ်သည်။ ဇဗ္ဗူဒိပ်ကျွန်းသည် မြင့်မိုရ်တောင် ၏ တောင်ဘက် မျက်နှာတွင်ရှိသော ကျွန်းကြီးဖြစ်သည်။ ပါဠိ ဘာသာအားဖြင့် ဇဗ္ဗူဒိပ်ကျွန်းဟု ခေါ်သည်။ ယင်းကို မြန်မာမှု ပြုသော် ဇမ္ဗူဒိပ်ကျွန်းဖြစ်၏။ မြင့်မိုရ်တောင်ကို ဗဟိုပြု၍ အရှေ့ ဘက်တွင် ပုဗ္ဗဝိဒေဟကျွန်း၊ အနောက်ဘက်တွင် အပရဂေါယာ နကျွန်း၊ တောင်ဘက်တွင် ဇမ္ဗူဒီပကျွန်း(ဇဗ္ဗူဒိပ်ကျွန်း)၊ မြောက်ဘက်တွင် ဥတ္တရကုရုကျွန်းဟူ၍၊ ကျွန်းကြီးလေးကျွန်းနှင့် အရံကျွန်းငယ် ၂ဝဝဝ ရှိသည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့သည် အခြားကျွန်းများသို့ မသွားရောက်နိုင်သကဲ့သို့...
ဆယ်ဂျွန် (Sejong ) ဆိုသည်မှာကိုရီးယား ဂျို စွန်းခေတ်မှ ဘုန်းတန်ခိုးအကြီးမားဆုံးသော ဘုရင်တပါးဖြစ်သည့်အပြင် ကိုရီးယားစာပေကို စတင်တီထွင်ခဲ့သည့်ပညာရှိဘုရင်တပါးဖြစ်ခဲ့သည်။ ထိုဘုရင်လက်ထက်၌ ကိုရီးယားနိုင်ငံဖြစ်လာမည့် ဂျို စွန်းအင်ပါယာသည် အတောက်ပဆုံးလည်းဖြစ်ခဲ့လေသည် ။ ထိုကဲ့သိုဘုန်းတန်ခိုးနှင့်ပြည့်စုံလှသည့် ဘုရင်ကြီးသည် ၂၁ ရာစုတွင် ကိုရီးယားနိုင်ငံအတွက် ပြန်လည်ထမြောက်ရှင်သန်လာပေသည် ။ Sejong the graet destroyer ကြီးသည် sejong အတန်းစားဖျက်သင်္ဘောများမှ ဦးဆောင်သင်္ဘောကြီး ၁ စင်းဖြစ်ပြီး ကိုယ်ထည်အမှတ် ၉၉၁ ဖြစ်သည် ။ ထို Sejong အတန်းစားဖျက်သင်္ဘောကြီးများကို ကိုရီးယား...
ဌာပနာ ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက် ဘုရားထဲမှာ တန်ဖိုးရှိတဲ့အရာတွေ ဘာလို့ ထည့်သွင်းထားတာတုန်း၊တချို့ လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ၊ ဘုရားထဲမှာ ဌာပနာတယ်၊ ဌာပနာဆိုတာ ထည့်သွင်းတာ၊ထည့်သွင်းခြင်း တည်ထားခြင်းလို့ အဓိပ္ပါယ်ရတယ်၊ အဲဒီတော့ ရတနာတွေ ဘာကိစ္စဘုရားထဲမှာ ထည့်ကြတာတုန်း၊နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး ပြောမှာပေါ့နော်၊ ဒါတွေထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း၊ ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့၊ရတနာတွေထည့်တယ်၊ အခုခေတ်လည်းထည့်တာပဲ၊ ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဒါတရားနဲ့ ကိုယ် ထည့်ကြတယ်၊ ဘာအတွက် ထည့်တာလဲဆိုတော့ကြည်ညိုလို့ လှူတာပဲသိတယ်။ သို့ သော် တကယ့်အစစ်အမှန်ကရည်ရွယ်ချက်ရှိတယ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါ...
မြို့ပြမြေပြင်ရှိစစ်ဆင်ရေးများ Military Operations in Urbanized Terrain သည်ကား အသစ်အဆန်းတော့မဟုတ်ပါပေ။ အသစ်အဆန်းဖြစ်လာသောအရာသည်ကား မြို့တွင်းစစ်ပွဲများတွင် တိုက်ပွဲဝင်တင့်ကားများအပါအဝင် သံချပ်ကာတိုက်ခိုက်ရေးယန္တယားများအား ပိုမိုချဲ့ထွင်အသုံးချလာခြင်းပင်ဖြစ်သည်။ ယခင်က တင့်ယန္တယားများကို မြို့တွင်းစစ်ပွဲများတွင် ကန့်သတ်အသုံးပြုခဲ့ရာမှ ယခုအခါတွင်မူ ပုံမှန်သုံးစံပြုလက်နက်ဖြစ်လာခဲ့ပေသည်။ မြို့တွင်းစစ်မြေပြင်များသည် အနာဂါတ်ကာလစစ်ပွဲများတွင် လွှမ်းမိုးလာဖွယ်ရှိသော စစ်မြေပြင်အခင်းအကျင်းပင်ဖြစ်လာဖွယ်ပင်ဖြစ်သည်။၂၀၁၀တွင် ကမ္ဘာ့လူဦးရေ၏ ၇၅%သည် မြို့ပြများတွင်ပြောင်းရွှေ့နေထိုင်ကြသည်ဟု ခန့်မှန်းတွက်ချက်ထားခဲ့ကြသည်။ စစ်ပွဲတခုအနိုင်ရရန် ထိုမြို့ပြဗဟိုချက်မများကို သိမ်းယူနိုင်ရန်လိုအပ်လှသည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့ပြကြီးများသည် နိုင်ငံတနိုင်ငံ၏ ဓနဥစ္စာနှင့် သြဇာအာဏာကို ကိုယ်စားပြုနေ၍ ဖြစ်ပေသည်။ အစိုးရတို့ရုံးစိုက်ရာနေရာ ၊ စက်မှုလုပ်ငန်းတို့အခြေစိုက်ရာ...
0FansLike
0FollowersFollow
10,218SubscribersSubscribe
Recent Posts