ကိုးကန့်ဆိုဒ်ထဲနဲ့ လူမှုကွန်ယက်ထဲ ပျံ့နေတဲ့သတင်း ကိုယ်လဲ မမြင်ရတော့ ဖြစ်စဉ်အမှန်ကို မသိရဘူး… ကိုးကန့်ဆိုဒ်ထဲတင်ထားတာကတော့… (17-3-2019)ညက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ တုံချိန်မှာ ယာဉ်တိုက်မှုဖြစ်တာနဲ့ပတ်သက်ပြီး တင်ထားတာတွေ့ရတယ် . WeChat ထဲတင်ထားတာကတော့ သုံးဘီးနဲ့ဟွန်ဒါဖစ် ယာဉ်တိုက်မှုဖြစ်တယ် လမ်းပိတ်နေတယ် အရပ်ဝတ်နဲ့ ရဲဆိုပြီး ပုံထဲကလူရောက်လာပြီး ကားကိုလာမောင်းယူလို့ လုံထန်ပြည်သူ့စစ်တွေနဲ့ ကိုးကန့်ယာဉ်ထိန်းရဲမေတွေက တားဆီးတယ် အခြေအတင် စကားများကြတယ်ပေါ့ . ရဲတပ်ဖွဲ့ထံက သိရတာကတော့ … ဟွန်ဒါဖစ်ကို အရက်မူးနေတဲ့ တရုတ်တစ်ယောက်က တုံချိန်ဘက်မှ လောက်ကိုင်ဘက်ကို မောင်းလာတယ် . အခင်းဖြစ်တဲ့နေရာအရောက်မှာ ဆိုင်ကယ်တစ်စီးနဲ့ သုံးဘီးတစ်စီးတို့ကို ၀င်တိုက်မိတယ် ....
ဟုမ္မလင်းမြို့နယ်လောင်ဖောင်အုပ်စုလွင်ဦးကျေးရွှာမှရှင်ပြုနားသအလှူမှာရှမ်းနီရိုးရာခေါင်းပေါင်းနဲ့ရှင်ပြုတဲ့မြင်ကွင်းလေးပါဘိုးဖွားအမွေအနှစ်ထဲကတစ်ခု မပျောက်ပျက်သေးပဲ ထိန်းသိမ်းလာတဲ့ ဓလေ့လေးပေါ့ source-ဥရုဘေးက Sai Tai Aowen Kham ( Unicode ) ဘိုးဖွားအမွေအနှစ်ထဲကတစ်ခု မပျောက်ပျက်သေးပဲ ထိန်းသိမ်းလာတဲ့ထူးထူးရှားရှားဟုမ္မလင်းမြို့နယ်က ရှင်ပြုနားသအလှူ ဟုမ္မလင်းမြို့နယ်လောင်ဖောင်အုပ်စုလွင်ဦးကျေးရွှာမှရှင်ပြုနားသအလှူမှာရှမ်းနီရိုးရာခေါင်းပေါင်းနဲ့ရှင်ပြုတဲ့မြင်ကွင်းလေးပါဘိုးဖွားအမွေအနှစ်ထဲကတစ်ခု မပျောက်ပျက်သေးပဲ ထိန်းသိမ်းလာတဲ့ ဓလေ့လေးပေါ့
ရခိုင်ပြည်နယ်မြောက်ဦးမြို့ ပေါ်တွင် ယနေ့ညပိုင်း လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၆ဦးဒဏ်ရာရရှိကြောင်း မြောက်ဦးဒေသခံများက ပြောသည်။ မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်မှစတင်၍ မြောက်ဦးတစ်မြို့လုံး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ထွက်ပေါ်လာပြီး ပြည်သူ ၆ ဦးဒဏ်ရာရရှိကာတစ်မြို့လုံး ကြောက်လန့် နေကြောင်း မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။ “ပစ်ခတ်မှုသတင်းတွေ တော့ ဖြစ်ပါတယ်။ ပစ်ခတ်မှုက တစ်မြို့လုံးဖြစ်တာပါ။ ကားနဲ့ လိုက်ပြီးတော့ ပစ်တယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ သူတို့ လှည့်ပတ်ပစ်တဲ့သဘောပဲ။ အကုန်လုံး ဒဏ်ရာရတာ ၆ ဦးပေါ့။ ရွာဟောင်းဘက်မှာ...
အိမ်တွေထိ လိုက်တောင်းစားတဲ့လူတွေရှိတယ် ဝတ်ကောင်းစားလှတွေဝတ်ပြီး တံခါးကိုအတင်းခေါက်တယ် မဖွင့် ပေးသေးပဲ ဘယ်သူလဲလို့မေးတော့ အန်တီပါသမီးဆိုပြီးအသက် ၅၀ ဝန်းကျင်အမျိုးသမီးအသံကြားတော့ ဖွင့်ပေးမိတယ် နောက်မှာလည်း ယောက်ျားလေးတွေလည်းပါတယ် ပုန်းနေကြတယ် မသိချင်ဟန်ဆောင်နေလိုက်တယ်။ 2 သန်လျှင်ကပါ အဆင်မပြေလို့ကူညီပါအုံးပြောတယ် နောက်ကပါလာ တဲ့လူတွေက ပုန်းနေကြတယ် ဒါပေမဲ့သိနေတယ် လိုက်လိမ်စားနေ တာသိလို့ ငွေ ၁၀၀၀ ပဲပေးပြီး တံခါးမြန်မြန်ပိတ်လိုက်တယ် တံခါးပိတ်တာနဲ့ နောက်ကပုန်းနေတဲ့ လူတွေရဲ့ အသံထွက်လာတယ်။ သူတို့ ဆင်းသွားတော့ ဝရံတာကနေလိုက်ကြည့်တာ ယောက်ျား မိန်းမ အကုန် ၅ယောက်တောင် လက်ထဲမှာလည်း...
ထက်ဖြိုး တွေ့ဆုံမေးမြန်းသည် ယာဉ်မောင်းနဲ့ စပယ်ယာ အပါအ၀င် လူပေါင်း ၃၆ ယောက်လိုက်ပါလာတဲ့ အလောင်းတော် ကဿပဘုရားဖူးယာဉ် တစ်စီး ယနေ့နံနက်ပိုင်းက ချောက်ထဲ ထိုးကျမှုကြောင့် ခရီးသည် ငါးဦးသေဆုးံခဲ့ပါတယ်။ တိမ်းမှောက်ကားမှ မုံရွာဆေးရုံကြီးသို့ရောက်လာတဲ့ လူနာများထဲက ခရီးသည်တစ်ဦးဖြစ်တဲ့ ဒေါ်ခိုင်ဖြူဝင်းကို မုံရွာဂေဇက်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ -MGZ-ဘယ်အချိန်ကစဖြစ်တာလဲ။ ဖြစ်စဉ်လေးကို ပြန်ပြောပြပါဦး။ DKPW-ငါးနာရီကျော်စကဖြစ်တာ။ ဖြစ်ခါနီးတုန်းက နည်းနည်း ညော်စော်ရတာပေါ့။ ညော်စော်ရတော့ အစ်မတို့က ကားတာယာက ဖြစ်တယ်ထင်လို့ပေါ့။ အဲဒါပြီးဆယ်မိနစ်လောက်နေတော့ ကားမှောက်တော့တာပဲ။ မှောက်တော့ ၀ိုက်ချလိုက်တာ ချောက်ထဲရောက်သွားတာပေါ့။ အဲနောက်တော့ ဘာမှမသိတော့ဘူး။ -MGZ-ဘယ်ကနေလာပြီး ဘုရားလာဖူးတာလဲ။ DKPW -ရန်ကုန်ကလာတာ။...
ရထားပေါ်၌တွေ့ ဆုံခဲ့ရာမှနေအိမ်သို့လိုက်လာပြီး အသတ်ခံလိုက်ရတဲ့ မိုးညှင်း ကျူတာ ဆရာမလေးတစ်ဦးဖြစ်ရပ် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌၂၀၁၉-ခုမတ်(၁၇)ရက်နေ့ ညနေ (၄)နာရီခန့်အချိန်တွင် မိုးညှင်းဒီဂရီကောလိပ်တွင် ကျူတာဆရာမလုပ်နေသော ရေတွင်းကုန်းနေ အဖေ ဦးထွန်းမောင် အမိ ဒေါ်ကြည်မေတို့၏သမီး မမာမာဝင်း (၂၅)နှစ်အား အသတ်ခံရကြောင်း ဒေသခံပြည်သူများ၏ပြောပြချက်အရ သိရှိရပါသည်။ ဖြစ်စဉ်မှာ—အခင်းမဖြစ်ပွားမှီ (၃/၄)ရက်အလိုက အမည်မသိအမျိုးသားတစ်ဦးနှင့်ရထားပေါ်၌တွေ့ဆုံရင်နှီးခဲ့ကြရာမှမိမိတို့၏ ကိုယ်ရေးကိုယ်ရာ အကြောင်းများအပြန်အလှန်ပြောပြကြပြီးနောက် အမျိုးသားမှ ဟိုပင်ဘက်သို့ လိုက်ပါသွားကြောင်း သိရှိရသော်လည် ထိုနေ့တွင် ၎င်းအမျိုးသားမှာ လိုက်ပါသွားခြင်းမရှိဘဲ ရွာအနီးကောက်ရိုးပုံတွင် ညအိပ်ခဲ့ပြီး နံနက် (၆)နာရီအချိန်တွင် မမာမာဝင်း၏နေအိမ်သို့စုံစမ်းမေးမြန်း၍ရောက်ရှိလာခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ...
စင်္ကာပူကို ကြက်​ဥ​ ၊ ဘဲဥ​တွေ ယူမိရင်​ ဒဏ်​​ငွေ အပြင်​ ​ထောင်​ဒဏ်​ပါ ကျနိုင်​​ကြောင်း သတင်း​ကို​တွေ့​တော့ မချိပြုံး ပြုံးမိတယ်​..။ စိုက်​ပျိုး​ရေး ​ဆေး ​ရောင်းသူကျွန်​​တော်​ဟာ ပရဟိတအလုပ်​​တွေနဲ့ တစ်​နိုင်​ငံလုံး ​ခြေဆန့်​မိတဲ့အခါ ​ဒေသ​ပေါင်းစုံက စိုက်​ပျိုး​ရေးအ​ခြေအ​နေ​လေး​တွေကို ဂရုစိုက်​ပြီး ကြည့်​မိတယ်​..။ ကယန်း​ဒေသ​မှာ အဓိကထွက်​ကုန်​ဟာ ငရုတ်​သီးဖြစ်​ပါတယ်​။ ဘ၀တစ်​​လျှောက်​ စားဖူးသမျှ ငရုတ်​သီး​တွေထဲ ကယန်းငရုတ်​သီး​လောက်​စပ်​တာ မ​တွေ့ဖူးပါ.. ဒါ့အပြင်​ ကယန်းငရုတ်​သီးရဲ့ ထူးခြားချက်​က “ဘယ်​​လောက်​စားစား ပါးစပ်​ကသာစပ်​တာ ၀မ်းထဲ မပူပါဘူး..” တဲ့.. အဟုတ်​ပါပဲ.. ငရုတ်​သီး အစားများလို့ ဗိုက်​ထဲ ပူ​နေတာတို့...
AAအဖွဲ့ကို အာရုဏ်ဦးစစ်ဆင်ရေးလို့နာမည်ပေးပြီး မြန်​မာနဲ့အိန္ဒိယပူး​ပေါင်းကာ အပြီးသတ်​​ချေမှုန်း သောင်းကျန်းသူစခန်း ၁၂ ​နေရာ​လောက်​ကို မြန်​မာနဲ့အိန္ဒိယပူး​ပေါင်းပြီးအပြီးသတ်​​ချေမှုန်း ။အိန္ဒိယတပ်​မ​တော်​နဲ့ နှစ်​ပတ်​ကြာပူး​ပေါင်းစစ်​​ဆင်​​ရေးကာလအတွင်း မြန်​မာ့တပ်​မ​တော်​ဟာ ရခိုင်ပတ်ဝန်းကျင်က ​​​​ရခိုင့်​တပ်​မ​တော်​(AA)ရဲ့စခန်း ၁၀ ​နေရာက​နေ ၁၂ ​နေရာ​လောက်​ကိုအပြီးသတ်ေ​ချမှုန်းခဲ့ပါတယ်​။ အဲဒီစခန်း​တွေက အိန္ဒိယကတည်​ဆောက်ေ​​နတဲ့ ကာလာဒန်​ဘက်​စုံပို့​ဆောင်​​ရေးစီမံကိန်းအတွက်​ အန္တရာယ်​ဖြစ်​​နေလို့ အာရုဏ်ဦးစစ်ဆင်ရေးလို့နာမည်ပေးထားတဲ့ စစ်​ဆင်​​ရေးလုပ်​ခဲ့ရတာလို့ အိန္ဒိယကာကွယ်​​ရေးဝန်​ကြီးဌာနရဲ့သတင်းရင်ြး​မစ်​တစ်​​ယောက်​က​ပြောတယ်​လို့ The Hinduသတင်းဝက်​ဆိုက်​က​ဖော်​ပြပါတယ်​။ “​ဖေ​ဖော်​ဝါရီ ၁၇ ရက်​က​နေ မတ်​ ၂ ရက်​အထိ မြန်​မာ့တပ်​မ​တော်​က ချင်းပြည်နယ်နဲ့ကပ်နေတဲ့အိန္ဒိယရဲ့မီဇိုရမ်ပြည်နယ်မှာစစ်ဆင်ရေး​ဆောင်​ရွက်​ခဲ့တာပါ။ တပ်​စခန်း ၁၀ ​နေရာက​နေ ၁၂ ​နေရာ​လောက်​အထိ ​ချေမှုန်းနိုင်​ခဲ့တယ်​။ ရည်​ရွယ်​ချက်​က​တော့ သူတို့အ​ခြေပျက်​သွားဖို့ပါ။”လို့...
ဒီနေ့….သားသားဘုန်းပြည့်​ဖြိုးရဲ့ P3 ပညာသင်​နှစ်​ ပြီးဆုံးပါပြီ။ အိမ်​ရောက်​တော့…သားသားက ..သားပိုက်​ဆံစုတာ ဒီနေ့ သိန်း၂၀ ပြည့်​ပြီဖေဖေ တဲ့..။ ဒီနှစ်​စာသင်​နှစ်​အစမှာ သားနဲ့ ကျွန်​တော်​တို့မိဘ၂ ပါး သဘောတူညီမှုတစ်​ခုပြုလုပ်​ထားခဲ့ပါတယ်​။ အဲဒါဘာလဲဆိုတော့ ….သား Tution တက်​ /မတက်​ကိစ္စပါ..။ သားကို Tutionတက်​ချင်​လား…? တက်​ချင်​ရင်​ထားပေးမယ်​…ဒါပေမယ့်​…သားကျူ ရှင်​တက်​ရင်​…သားပင်​ပန်းမယ်​..အချိန်​ကုန်​မယ်​….ကစားဖို့အချိန်​နည်းသွားမယ်​… သားဝါသနာပါတဲ့အခြားအရာတွေလုပ်​ဖို့ အချိန်​လျှော့သွားမယ်​..ဖေဖေတို့လည်း တစ်​လ ၂သိန်းနဲ့ ၁၀လစာ သိန်း၂၀လောက်​ကုန်​မယ်​….။ တကယ်​လို့ Tution မတက်​ဘဲသားကျောင်းမှာ ဆရာ/ဆရာမတွေသင်​ကြားပြသတာကို ဂရုတစိုက်​မှတ်​သားနားထောင်​မယ်​….ပြီးတော့ဖေဖေမေမေတို့ ရဲ့ Timetableအတိုင်းလိုက်​နာကြိုးစားမယ်​ဆိုရင်​…သားအတွက်​ ဖေဖေတို့ သိန်း၂၀စုမိမယ်​…သားလည်းဝါသနာပါတဲ့အခြားအရာတွေကိုလုပ်​ဖို့…အချိန်​ပိုရမယ်..သားကို စဉ်းစားဖို့​…သားလွတ်​လပ်​စွာကြိုက်​ရာဆုံးဖြတ်​ခွင့်​ပြု ခဲ့ပါတယ်​။သားသားက Tutionမတက်​ပဲ...
ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကျောက်ဖျာကျေးရွာနဲ့ ဆင်အိုးဝကျေးရွာကြာ ကုလားတန်မြစ်အတွင်း ဆောက်လုပ်ရေးပစ္စည်းတင် ဇက်ရေယာဉ်တစီးကို မတ် ၁၆ ရက် ညနေပိုင်းမှာ အေအေအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မီးရှို့ခဲ့ပါတယ်။ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဇက်ရေယာဉ်ဟာ မြစ်၏အရှေ့ဘက်ကမ်းမှာ ရပ်တန့်သွားခဲ့တယ်၊ အေအေအဖွဲ့က စက်လှေနဲ့ ဇက်ရေယာဉ်ကို လာရောက်ပြီး ရေယာဉ်မောင်း အပါအ၀င် ၁၂ ဦးကို ကုန်းပေါ် တက်ခိုင်းကာ ရေယာဉ်စက်ခန်း မီးရှို့ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော်(အေအေ)ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ မှာ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက...
0FansLike
0FollowersFollow
10,218SubscribersSubscribe

Recent Posts