သင် မကြိုက်တာတွေ သူ (လုံးဝ) မလုပ်ဘူး .. သူစိတ် မထိန်းနိုင်ရင်တောင် လျှော့တယ် (ဥပမာ – ဆေးလိပ် သောက်တာ) သွားမေးစရာ မလိုဘူး မောင်/ ကိုကို အခု ဘာလုပ်နေတယ်… ချစ်ရေ ဆိုတာကို အမြဲ အစီရင်ခံနေတယ် . “လွမ်းလိုက်တာ ချစ်ရေ”ဆိုတဲ့ Message မျိုးကို သူပို့ချင်မှ ပို့လိမ့်မယ် .. ဒါပေမယ့် သူ့စိတ်ထဲမှာ သင်အမြဲရှိတယ် . အစားတစ်ခုခု စားရင် သင့်ကို သူ ဘာစားနေလို့ ကျွေးချင်ကြောင်း ချက်ချင်း...
သင့်အိမ်က မိန်းမဟာ… ဗိုက်ပူချင် ပူမယ်…နှိုက်ချူမယ့်သူတော့ မဟုတ်ဘူး ပုံပျက်ချင် ပျက်မယ်…ဂုဏ်ပျက်သူတော့ မဟုတ်ဘူး အရမ်းမလန်းရင်သာ နေမယ်…ဘဲတိုင်း နမ်းတဲ့ဟာ မဟုတ်ဘူး ပွစိပွစိ လုပ်ချင်လုပ်မယ်…ယွစိယွစိ လှုပ်မယ့်ဟာတော့ မဟုတ်ဘူး အိမ်​ထောင့်တာဝန်တွေကြောင့် နွမ်းချင်နွမ်းနေမယ်..ကုတင်တကာတက်နေလို့ ပမ်းနေတာ မဟုတ်ဘူး စင်းလုံးချောတဲ့ အလှတွေ မရှိတော့ရင်တောင်ပိုင်းလုံးစားတဲ့ အတန်းထဲက မဟုတ်ဘူး ချိုချိုအေးအေး ပြောတတ်ချင်မှ ပြောတတ်လိမ့်မယ်..တဏှာထပီး နှာကြွသံတော့ ထွက်မှာမဟုတ်ဘူး အပြုစု အနုရွ ရချင်မှ ရလိမ့်မယ်….အလှအပဘန်းပြ ဖိုတကာကို ယုယနေမယ့်သူမျိုး မဟုတ်ဘူး သင့်မိန်းမဟာ အဟောင်းဂျီး ဖြစ်နေခဲ့ယင်တောင် Made in USAပါ… Second ဖြစ်သွားရင်တောင်Brand new made in China...
ယောကျာ်းလေးတော်တော်များများဟာ မိန်းကလေးတွေရဲ့စိတ်ခံစားချက်နဲ့ အပြုအမူတွေကို သိပ်နားမလည်နိုင်ကြပါဘူး။ ဒီတော့ သူတို့ချစ်သူနဲ့ပတ်သက်လာရင်လည်း တချို့အပြုအမူလေးတွေကိုနားမလည်နိုင်တာမျိုး ရှိကြပါတယ်။ နားမလည်နိုင်ခြင်းတွေထဲမှာ ချစ်သူကောင်မလေးက သူတို့အပေါ်ပြောင်းလဲနေတာကို မသိတာက တော်တော်ဆိုးတယ်လို့ ပြောရမှာပါ။ ဒါကြောင့် ကိုကို၊မောင်မောင်တို့ ကိုယ့်ချစ်သူမိန်းကလေးက ကိုယ့်အပေါ်ပြောင်းလဲနေပြီ၊ မချစ်တော့ဘူးဆိုတာကို သူတို့ရဲ့ ဒီလိုအပြုအမူလေးတွေကို ကြည့်ရင်သိနိုင်ပါတယ်လို့….။ (၁) သင်ဖုန်းခေါ်ထားတာကို တွေ့ပေမယ့် ပြန်မခေါ်ဘူး အရင်က သင်ဖုန်းခေါ်ရင် ချက်ချင်းကိုင်တတ်တဲ့၊ မအားလို့ဖုန်းမကိုင်ဖြစ်ရင်တောင် အားတာနဲ့ချက်ချင်းပြန်ခေါ်တတ်တဲ့သူမက သင်ဖုန်းခေါ်ထားတာကိုတွေ့ပေမယ့် ပြန်မခေါ်တတ်တော့ဘူးဆိုတာက သူ့ဘက်မှာ သင်နဲ့စကားပြောစရာမရှိတော့တာ ဒါမှမဟုတ် စကားပြောချင်စိတ်မရှိတော့တာဖြစ်နိုင်ပါတယ်။ (၂) သင့်ထက်တခြားသူတွေနဲ့ပိုပျော်တယ် သင်နဲ့ထက် သူ့သူငယ်ချင်းတွေနဲ့ ပိုပြီးပျော်နေတတ်တယ်၊ အကြောင်းအရာတစ်ခုခုဖြစ်လာလို့...
စုံတွဲလေးတို့ သေချာ လိုက်နာပေးနော် စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူလေး ကိုယ့်ကို ချစ်နေပြီး အမြဲသတိရနေတာမျိုး လိုချင်တယ်မလား၊ ကိုယ့်ချစ်သူ ကိုယ့်ကို အမြဲသတိရနေဖို့ဆိုတာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာလည်း မူတည်ပါတယ်နော်။ ကိုယ့်ချစ်သူလေး ကိုယ့်ကို အမြဲသတိရနေမှလည်း တခြားဒုတိယက အတွေးတွေထဲ ဝင်မလာမှာပေါ့နော်။ နွေးထွေးပါ စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူလေး ကိုယ့်ကို အမြဲတမ်း သတိရနေစေချင်တယ်ဆိုရင်တော့ နွေးထွေးပြပေးပါနော်။ နွေးထွေးမှုကို မလိုချင်တဲ့သူဆိုတာကလည်း ရှားတယ်လေ။ ကိုယ်က နွေးထွေးပြမှ ကိုယ့်အနား မရှိရင်တောင် ကိုယ့်ရဲ့ နွေးထွေးမှုလေးတွေ တွေးပြီး သတိရနေမှာလေနော်။ စိတ်ညစ်စရာတွေပဲ မပြောပါနဲ့ စုံတွဲလေးတို့ရေ ချစ်သူဆိုတာ ရင်ဖွင့်ဖော်...
ရှေးခေတ်ကတည်းက သတ်မှတ်ထားတဲ့ တော်ဝင်အလှအပစံနှုန်းတွေဟာ ထူးခြားပြီး အဲ့ဒီစံနှုန်းတွေနဲ့ကိုက်ညီတဲ့သူဆိုတာလည်း တော်တော်လေးရှားပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်လေးတွေက တော်ဝင်စံနှုန်းတွေနဲ့ ကိုက်ညီနေနိုင်တာကြောင့် သင်က နန်းဆန်တဲ့ ပျိုမေတစ်ယောက်လားဆိုတာ ဒီအချက်လေးတွေနဲ့ တိုက်စစ်ဆေးကြည့်လိုက်ပါဦးနော်။ (၁) ဖြူဖျော့တဲ့အသားအရေ ဟိုးအရင်ကနေအခုအချိန်အထိ ဖြူဖျော့ပြီးသွေးကြောတွေကို ဖောက်ထွင်းမြင်ရတဲ့ အသားအရေမျိုးကို တော်ဝင်ဆန်တယ်လို့ သတ်မှတ်ထားကြပါတယ်။ (၂) လက်ချောင်းသွယ်သွယ်လေးတွေ ရှည်ရှည်သွယ်သွယ် လက်ချောင်းလေးတွေက အနုပညာဆန်တဲ့ အလှအပတစ်မျိုးလို့ ယူဆကြပြီး တော်ဝင်အမျိုးအနွယ်တွေသာ ပိုင်ဆိုင်နိုင်တယ်လို့ ယူဆထားကြတာပါ။ (၃) ပြေပြစ်တဲ့ကိုယ်နေဟန်ထား ခန္ဓာကိုယ်အချိုးအစားလှတာ မလှတာထက် ကိုယ်နေဟန်ထားပြေပြစ်မှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ်နေဟန် မှန်ကန်ပြီး ပြေပြစ်တဲ့ ပုံစံမျိုးရှိတယ်ဆိုရင် သင်က...
ဆင်ဂယ်တစ်ယောက်ဖြစ်ရတာ ကိုယ့်စိတ်ကိုယ်ပိုင်၊ ကိုယ့်အချိန်တွေအားလုံးကိုယ်တစ်ယောက်တည်းပိုင်တာကြောင့် အရမ်းကိုလွတ်လပ်ပေါ့ပါးပါတယ်။ ဒါပေမယ့် စိတ်အနှောက်အယှက်ဖြစ်ရတာကတော့ တစ်ယောက်တည်းပဲနေတော့မှာလား၊ မစွံဘူးထင်တယ် စတဲ့လူတွေရဲ့တစ်ဖက်သတ်ထင်မြင်ယူဆချက်တွေပဲဖြစ်ပါတယ်။ဒီတော့ လွတ်လပ်မှုကိုကြိုက်တဲ့ ဆင်ဂယ်တွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရဆုံးစကားတွေကတော့ ဒီမှာပါ။ (၁) မင်းကဒီလောက်မိုက်တာဘာလို့ဆင်ဂယ်ဖြစ်နေတာလဲ ဒီစကားက ကိုယ့်ကိုမိုက်တယ်လို့ပြောသလိုလိုနဲ့ ဆင်ဂယ်ဖြစ်နေတာကို နှိမ်တဲ့စကားလုံးပဲမဟုတ်ပါလား။ တကယ်လို့ သင်ဟာ ဆင်ဂယ်တွေကို ဒီလိုစကားမျိုးပြောနေကျဆိုရင် နောက်လုံးဝမပြောပါနဲ့တော့၊ ဘာလို့လဲဆိုတော့ ဆင်ဂယ်တွေက ကိုယ့်ဘာကိုယ် ချောမှန်းသိပြီးသားမို့ပါ။ (၂) သူများတွေကလေးတွေရနေပြီ ဆင်ဂယ်ဖြစ်နေတာဟာ ကိုယ့်ကိုဘယ်သူမှမကြိုက်လို့လည်းမဟုတ်သလို၊ ကိုယ့်အကြိုက်မတွေ့သေးလို့လည်းမဟုတ်ပါဘူး။ မင်းစိတ်ကြိုက်တစ်ယောက်တော့တွေ့မှာပါ ဆိုတဲ့စကားကိုကြားရတဲ့အချိန်မှာ ကိုယ်က တစ်ယောက်ယောက်နဲ့တွဲခုတ်ဖို့၊ အိမ်ထောင်ပြုဖို့ကို ဆိုင်မှာ ပစ္စည်းရွေးသလိုစိတ်ကြိုက်မတွေ့မချင်းရွေးနေမိသလိုခံစားရစေပါတယ်။ (၄) ဆင်ဂယ်ဖြစ်ရတာ ဘယ်လောက်ကံကောင်းလဲမင်းမသိဘူးနော် ဒါကတော့ RS...
အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆိုရင် သူမရဲ့အတွေးတွေက သူ့ဆီမှာပဲရစ်ဝဲနေမယ်။ သူ့အပြုံးကြောင့် သူမရဲ့တစ်နေ့တာ လန်းဆန်းနေမယ်။ သူ့ကိုဘယ်လောက် ပျော်အောင်လုပ်ပေးလိုက်လို့ သူဘယ်လောက်ကျေနပ်သွားတယ်ဆိုတာက သူမရဲ့ထိုက်တန်မှုပဲလို့ ခံစားနေရမယ်။ သူမ ပေးဆပ်လိုက်တဲ့ ကိစ္စတိုင်းအတွက် အသိအမှတ်ပြုခံချင်တဲ့ စိတ်နဲ့ မျှော်လင့်တောင့်တ နေမယ် သူဟာ သူမအတွက် နေတစ်စင်းလို တောက်ပနေပြီး၊ သူမ အတွက်တော့ လောင်စာစီလဲဖြစ်တယ်။ သူ့ရဲ့အစီအစဉ်တွေက ကြားဖြတ်အစားထိုးဝင်ရောက်လာတဲ့အခါ သူ့ကိစ္စက ပိုအရေးကြီးတယ်၊ သူ့စကားက ပိုအလေးသာတယ်လို့ သူမ ယူဆတယ်။ တစ်နေ့တာကုန်သွားတဲ့ အဆုံးသတ်မှာ သူမ လုံးဝ စိတ်မဆိုးဘူး။ ချစ်တာကိုး။...
မသိသေးသေးတဲ့ မျိုးဆက်သစ်တွေ အတွက်ပါ။ လင်ကျင့်ဝတ် ၅ ပါး မထီမဲ့ကင်း အပ်နှင်းဥစ္စာ မိစ္ဆာမမှား ဝတ်စားဆင်ယင် မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ။ (၁) ဇနီးမယားအား မထီလေးစား မပြုခြင်း၊ (၂) ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊ (၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊ (၄) ဇနီးမယားအား အခါအားလျော်စွာ အဝတ်အစားအသစ် အဆန်းများ ဆင်ယင်ပေးခြင်း၊ (၅) ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။ အကျယ်ထပ်ရှင်းရရင်တော့ (၁) မိမိ ဇနီးမယားအား မထီလေးစား မပြုခြင်း ကိုယ့်ဇနီး ကို အများသူငါရှေ့မှာ အော်ငေါက်တာတွေ ၊ ဆဲဆိုတာတွေ ၊ အပြစ်မရှိ...
ရုပ်ရည်နဲ့မသက်ဆိုင်ဘဲ စန်းပွင့်စေနိုင်မယ့် နည်းလမ်းများ ! အချို့သော ပုဂ္ဂိုလ်တွေဟာ ရုပ်ရည်ရူပကာယ သာမာန်သာရှိပေမယ့် လူမှုရေးနဲ့ အချစ်ရေး နယ်ပယ်မှာ အောင်မြင် ကြပါတာကို တွေ့ရမှာပါ။ အဲဒီလူတွေမှာ ဘာအရည်အချည်းတွေ ရှိသလဲလို့ လေ့လာလိုက်တဲ့ အခါမှာ အောက်ပါ အချက်အလက်တွေကို သွားတွေ့ပါတယ်။ (၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ လူမှုရေးနဲ့ အချစ်ရေးမှာ စန်းပွင့်ချင်တယ်ဆိုရင်တော့ အရင်ဆုံးရှိထားရမယ့် အရည်အချင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှသာ အခြားလုပ်ငန်းဆောင်တာတွေကို ရဲရဲဝင့်ဝင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ မိမိကိုယ်ကို ယုံကြည်မှုမရှိဘူး ဆိုရင်တော့ အရာရာမှာ နိမ့်ကျနေရဦးမှာပါ။ အောင်မြင်မှုတွေလည်း နှေးကွေးနေဦးမှာပါ။ (၂)...
0FansLike
0FollowersFollow
10,218SubscribersSubscribe
Recent Posts