အီရန်နိုင်ငံက အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ မက်ဆီနဲ့ အလွန်တူနေခဲ့တာကြောင့် သူ့ကို ရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဟာမီဒန်မြို့ အနောက်ပိုင်းမှာ နေထိုင်တဲ့ ရီဇာ ပါရာစတက်ရှ်ဆိုတဲ့ ကျောင်းသားဟာ အာဂျင်တီးနားနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဆံပင်၊ မုတ်ဆိတ်မွှေး ပါးမြိုင်းမွှေးတွေက အစ တစ်ပုံစံတည်း တူနေခဲ့တာပါ။ အဲ့ဒါ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဘာစီလိုနာ ကျောနံပါတ် (၁၀) ကို ၀တ်ဆင်ပြီး မြို့ရဲ့ လမ်းတွေပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီ့မှာ တွေ့သမျှလူတိုင်းက သူ့ကို တကယ့်မက်ဆီ မှတ်နဲ့...
ONE Championship ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်သည် ရန်ကုန်မြို့၌ ချန်ပီယံ ကာကွယ်ပွဲကို ထပ်မံထိုးသတ်ကာ မြန်မာပရိသတ် များနှင့်ပြန်လည်ဆုံတွေ့လိုကြောင်း ပြောကြားသည်။ မြန်မာပြည် ဖွား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံ အောင်လအန်ဆန်သည် ပြီးခဲ့သော အောက်တိုဘာလတွင် ချန်ပီယံခါးပတ် စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား Karaki နှင့် နောက်ဆုံးစိန်ခေါ်ပွဲထိုးသတ်ခဲ့သူဖြစ်ပြီး အဆိုပါပွဲစဉ်တွင် Karaki ကို ပထမအချီ၌ အလဲထိုးကာ ၄င်း၏ အစောဆုံးပွဲသိမ်းနိုင်မှုစံချိန်ကို ဆက်လက်သက်သေပြနိုင်ခဲ့သည်။ ‘‘ ဒီနှစ်ထဲ One မှာ ကျွန်တော်ချန်ပီယံကာကွယ်ပွဲ သုံးပွဲထိုးဖို့ရှိတယ်။ အခုလာမယ့်မတ်လမှာ...
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်MFF ဥက္ကဌ ဦးဇော်ဇော်ကို ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ယနေ့ကျင်းပခဲ့သော အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်ဆုံးဖြတ်ချက်အရ အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ အဖြစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။ သြစတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပါဝင်သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားမှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမောမှ ဖရန်စ္စကို ခါလ်ဘူအာဒီလေ တို့နှင့်အတူ ဒုတိယ...
မနေ့ညက ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုး(၂)ဂိုးဟာ ပရိသတ်တွေကို တကယ်ပဲ စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ပထမပိုင်း(၁၈)မိနစ်မှာ ရရှိခဲ့တဲ့ မက်ဆီရဲ့ ပြစ်ဒဏ်ဘောကန်ချက်က တကယ်ပဲ အဆင့်မြင့်ခဲ့ပြီး ဂိုးသမားပိတ်ထားတဲ့ ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဘက်တစ်ဂိုးသမား လိုပက်ဇ်တစ်ယောက် ဘယ်လိုမှ မတတ်နိုင်အောင် ဖြစ်ခဲ့ရတာပါ။ မက်ဆီက အဲဒီပွဲမှာ Hat-Trick ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ဘောကနေ သွင်းဂိုးတစ်ဂိုး၊ ဆွာရက်ဇ်ရဲ့ ဖန်တီးမှုကနေ တစ်ဂိုးနဲ့ ရာကီတစ်ရဲ့ဖန်တီးပေးမှုကနေ နောက်ထပ် သွင်းဂိုးတစ်ဂိုး သွင်းခဲ့တာပါ။ ပွဲချိန် (၈၅)မိနစ်မှာ သွင်းယူခဲ့တဲ့ မက်ဆီရဲ့...
ကမ္ဘာ့အကောင်းဆုံး စကေးပိုင်ရှင်ဖြစ်ကြောင်း ဗီဒီယိုနဲ့တကွ သက်သေပြခဲ့တဲ့ရော်နယ်ဒင်ဟို ဒီနေ့ခေတ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆိုတဲ့ နေရာအတွက် မက်ဆီနဲ့ ရော်နယ်ဒို တို့ အပြိုင်လုနေကြပေမယ့်လည်း ကမ္ဘာ့စကေးအကောင်းဆုံး ဘောလုံးသမားကို ပြပါဆိုရင်တော့ ဘရာဇီးကွင်းလယ်ကစားသမား ရော်နယ်ဒင်ဟိုကိုသာ ချွင်းချက်မရှိ ပြသရမှာပါ။ ဘောလုံးအလိမ်အခေါက်တွေမှာသာမက အထိန်းအသိမ်းတွေ၊ လိုရာပို့နိုင်တာတွေ စတဲ့အချက်တွေမှာ ရော်နယ်ဒင်ဟို ကို မီတဲ့သူ မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ သူ့ထက် ပိုကောင်းတဲ့သူတွေရှိနေတယ်လို့ထင်ရင်တော့ အောက်က ဗီဒီယိုဖိုင်လေးကိုသာ ကြည့်လိုက်ပါ။ Nike ရဲ့ အားကစားဖိနပ်အသစ်ကြော်ငြာမှာ ရော်နယ်ဒင်ဟို က ဂိုးဧရိယာထိပ်ကနေပြီး ဘားတန်းကိုထိအောင် ကန်ပြနေတာကိုတွေ့ရပါလိမ့်မယ်။ ဘားတန်းကို...
မြန်မာ့ဘောလုံးကို ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဝင်ပြိုင်ခွင့်ရအောင် ကြိုးပမ်းပေးခဲ့ပြီး ဘောလုံးပရိသတ်တွေရဲ့ အားပေးချင်းကိုလည်း အပြည့်အဝ အားပေးထောက်ခံကို ရရှိထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ကျော်မင်းဦးကတော့ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ဘောလုံးကစားခြင်းကို ရပ်လိုက်ရပြီဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ ကျော်မင်းဦးက အောင်သူနဲ့ပတ်သက်ပြီး ရှိခဲ့တဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။ ကျော်မင်းဦးက “အောင်သူရဲ့ မင်္ဂလာသတင်းက မသိဘူး အတူတူနေတဲ့ အချိန်အတွင်းတော့။ သူကဒိုင်လျှို သူက သိပ်စကားမပြောတော့ ကျွန်တော်က ဘယ်ရိပ်မိမလဲ။ သူသဘောကျလို့ သူယူတာပဲ သဘောတူတာပေါ့။ သူက လုံးဝမရှုပ်ဘူး သူ့ဘာသူပဲနေတာ တစ်ခါမှ...
သေခြင်းတရားဆိုတာ လူတွေမြန်ပါတယ်ပြောကြတဲ့ အမြန်ဆုံးကားတွေ တရွေ့ရွေ့ကုန်ဆုံးသွားတဲ့ အချိန်ထက်တောင် မြန်ဆန်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျတ်သွားမှ အမှန်တယ်ဆိုတာ သိကြပါတယ်။ အားကစားသမားတွေလဲ အားကစားလုပ်လို့ အသက်ရှည်ကျန်းမာတယ်ဆိုတာ သိပ်တော့မမှန်ပါဘူး။ တစ်ချို့ဘောလုံသမားတွေဆို ဘောလုံကစားနေရင်းနဲ့တောင် သေဆုံးသွားတတ်တာတွေရရှိတတ်ပါတယ်။ ကမ္ဘာ့ကျော်ဘောလုံသမားကြီးတွေလဲ လူထောင်ချီရှိနေတဲ့ ဘောလုံးကွင်းအလယ်မှာသူတို့အမြတ်တနိုး ချစ်ခင်ရတဲ့ ဘောလုံးကို ကိုယ်တိုင် ကစားနေရင်း လဲကျပြီး ချက်ချင်း သေဆုံးသွားကြပါတယ်။ ချစ်ပရိသတ်တွေအတွက် ကျန်းကျန်းမာမာနဲ့ ဘောလုံးကစားနေရင်း လဲကျပြီး သေဆုံးသွားကြတဲ့ ကမ္ဘာ့ကျော်ဘောလုံသမားကြီးတွေရဲက ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။ အခုလိုဖော်ပြပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်အနားမှာ ရှိတဲ့လူတွေလဲ ကိုယ်ကို ဘယ်အချိန်မှ...
ဂျပန်ဘော်လီဘော Toray arrows ကလပ်မှာ ကစားနေတဲ့ မြန်မာ့ဘော်လီဘောလက်ရွေးစင်အောင်သူဟာ သူ့ရဲ့ ပြင်းထန်အားပါတဲ့ အပြင်းစားရိုက်ချက်တွေကြောင့် ဂျပန်နိုင်ငံမှာ နာမည်ကြီးလျက်ရှိနေပါတယ်။Outside hitter နေရာမှာဆော့ကစားတဲ့ အောင်သူဟာ လက်ရှိဂျပန်ဘောလီဘောကလပ်ရဲ့ အကောင်းဆုံး spikerတစ်ယောက်အဖြစ် သတ်မှတ်ခံနေရပြီး သူ့ရဲ့ရိုက်ချက်တွေဟာ ပြိုင်ဘက်ကစားသမားများ လိုက်လံဆယ်ယူဖို့ ခက်ခဲကာ ပြင်းအားကောင်းတဲ့ ဘုရားပေးတဲ့လက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်လို့ ချီးကျူးခံနေရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အောင်သူဟာ တောင်ကြီးမြို့ အင်းလေးဒေသကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၀ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက...
နှစ်ပေါင်းများစွာ ရုန်းကန်နေရသည့် မြန်မာ့ကြက်တောင် အားကစားလောကသည် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ်များဆွတ်ခူးခဲ့သည့် လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူ ဇာကြောင့် ပြန်လည်လှုပ်ခတ်လာ သည်။ အသက် (၁၉) နှစ်အရွယ် သက်ထားသူဇာသည် ငါးလအ တွင်း ယှဉ်ပြိုင်သည့်နိုင်ငံတကာ ပြိုင်ပွဲငါးခုတွင် ရွှေတံဆိပ်သုံးခု နှင့် ငွေတံဆိပ်တစ်ခုရရှိပြီး အိပ် ပျော်နေသည့် မြန်မာ့ကြက် တောင်လောကကို လှုပ်နှိုးနိုင်ခဲ့ သည်။ အရှေ့တောင်အာရှဒေသ တွင်း မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်း ကြက်တောင်ကစားသမား များသည် ကမ္ဘာ့အဆင့်ရှိသော ကြောင့် မြန်မာကြက်တောင် ကစားသမားများ...
0FansLike
0FollowersFollow
10,218SubscribersSubscribe
Recent Posts