ရုပ္ရွင္ထဲက အဂၤလိပ္အရာရွိၾကီး(သို႔)ေလးစားဖြယ္ စေလဒင္စံျမင့္

0
151

၁၉၈၇ ခုနွစ္။ပုဇြန္ေတာင္ႏြားသတ္ရံုတြင္ သတ္ျဖတ္ရန္အတြက္ ဖမ္းဆီးလာေသာ ကြ်ဲၾကီးတစ္ေကာင္သည္ ရုတ္တရက္ လြတ္ထြက္သြားျပီး သားသတ္ရံု၀န္ထမ္းတစ္ဦးအား ခ်ိဳျဖင့္ အေသခတ္ပစ္လိုက္သည္။ေသတြင္းမွ လြတ္လာေသာ ထိုကြ်ဲရိုင္းၾကီးသည္ ျမင္ျမင္သမ်ွ လူမ်ားအား လိုက္လံ ေ၀ွ႕ခတ္ရင္း မဂၤလာေတာင္ညြန္႕ျမိဳ႕နယ္အတြင္းသို႕ ၀င္ေရာက္လာသည္။မဂၤလာေတာင္ညြန္႕ရဲစခန္းမွ ရန္ကုန္တိရိစာန္ဥယ်ာဥ္သို႕ ဖုန္းဆက္လာသည္။ဦးစံျမင့္ ဆိုသူကို စခန္းသို႕ ခ်က္ခ်င္းလႊတ္ေပးလိုက္ရန္။အဆိုပါ ဦးစံျမင့္သည္ စခန္းသို႕ ေရာက္သည္နွင့္ စခန္းမွ အရာရွိမ်ားက ဒသမ ၃၀၃ ရိုင္ဖယ္ကို ထုတ္ေပးသည္။

ထို႕ေနာက္အထက္အမိန္႕အရကြ်ဲရိုင္းၾကီးကိုအေသပစ္ခတ္ရမည္ဟုဆိုကာကြ်ဲရိုင္းၾကီး ေသာင္းက်န္းေနရာသို႕ ေခၚသြားေတာ့၏။မဂၤလာေတာင္ညြန္႕ျမိဳ႕နယ္ထဲတြင္ ကြ်ဲရိုင္းၾကီးက ျမင္သမ်ွ ပတ္ရမ္းေနသည္။ေထာင္ခ်ီေသာ လူအုပ္ၾကီးကလည္း ခပ္ေ၀းေ၀းမွ အံုလ်က္ ၀ိုင္းၾကည့္ေန၏။ကြ်ဲရိုင္းၾကီးေသာင္းက်န္းေနသည့္အနီးသို႕ ရိုင္ဖယ္ေသနတ္ကိုင္ထားေသာ အဂၤလိပ္ၾကီးတစ္ေယာက္ ၀င္လာသည္ကို ေတြ႕ေတာ့ သူတို႕ ၀ိုင္းေအာ္တားၾကသည္။တခ်ိဳ႕ကလည္း အဂၤလန္က မုဆိုးၾကီးလာျပီ ဆိုျပီး ေျပာၾကသည္။တခ်ိဳ႕ကေတာ့ တိရိစာန္ဥယ်ာဥ္မွ ေဆး၀န္ထမ္း ကိုစံျမင့္ ဆိုတာ သိၾကသည္။

ကြ်ဲရိုင္းၾကီးနွင့္ကိုက္နွစ္ရာအကြာအေ၀းတြင္သူေနရာယူလိုက္သည္။မဲမဲျမင္ရာလိုက္ခတ္ေနသည့္ကြ်ဲကသူ႕ရွိရာတဟုန္ထုိးေျပးလာ၏။”ကလစ္” ခနဲ ေမာင္းကို တင္သည္။ ခလုတ္ကို ညွစ္သည္”ဒိုင္း” ဆိုသည့္ အသံနွင့္အတူ ကြ်ဲရိုင္းၾကီး၏ ယာဘက္မ်က္လံုးပြင့္ထြက္သြားျပီး လဲက်သြားသည္လူအုပ္ၾကီးက လက္ခုပ္၀ိုင္းတီးၾကသည္။ရိုင္ဖယ္ကိုင္ထားသည့္ ျမိဳ႕လယ္ေခါင္မွ မုဆိုးၾကီး ခမ်ာ..ထိုအခါမွ သက္ျပင္းခ်နိုင္ေတာ့၏။ျမိဳ႕လယ္ေခါင္တြင္ ကြ်ဲရိုင္းၾကီးကို ရိုုင္ဖယ္ေသနတ္ျဖင့္ နွိမ္နင္းခဲ့သည္မွာ ရုပ္ရွင္ဇာတ္၀င္ခန္းမဟုတ္။

ရန္ကုန္ျမိဳ႕တြင္ ျဖစ္ပြားခဲ့သည့္ သည္းထိပ္ရင္ဖို႕ တကယ့္အျဖစ္အပ်က္တစ္ခုသာျဖစ္သည္။ထိုမုဆိုးၾကီးသည္ မည္သူနည္း။ထိုသို႕ ရုပ္ရွင္ဆန္ေသာ စြန္႕စားခန္းမ်ားကို ျပင္ပဘ၀တြင္ အမွန္တကယ္ျဖတ္သန္းခဲ့ရသည့္ ရန္ကုန္တိရိစာန္ဥယ်ာဥ္မွ တိရိစာန္ေဆးဘက္ဆို္င္ရာကြ်မ္းက်င္သူ ဦးစံျမင့္သည္ ေနာင္တခ်ိန္တြြင္ ျမန္မာ့ရုပ္ရွင္ေလာက ၏ အဂၤလိပ္အရာရွိအခန္းမ်ားကို သရုပ္ေဆာင္ရသူ သခင္ၾကီး ျဖစ္လာေလသည္။ငယ္စဥ္ဘ၀က ျမန္မာ့ေတာ္လွန္ေရးဇာတ္ကားမ်ား ၾကည့္ဖူးသူတိုင္း သူ႕ကို အမွတ္ရၾကလိမ့္မည္။မၾကာေသးမီ နွစ္ကာလမ်ားကလည္း သူ႕အေၾကာင္းကို ဂ်ာနယ္မ်ား၊ ရုပ္သံမီဒီယာမ်ားတြင္ ေတြ႕ျမင္ခဲ့ၾကရသည္။

”ေမာင္မင္းလူကေလး” ဆိုေသာ မာန္ပါလွသည့္ ဘိလပ္သံ၀ဲ၀ဲ ျမန္မာစကားသံ သည္ သူ႕အမွတ္တံဆိပ္ျဖစ္ခဲ့သည္။သာမန္ ရုပ္ရွင္သရုပ္ေဆာင္တစ္ဦး ဟုသာ လူအမ်ားက သိထားၾကေသာ အသက္(၈၇)နွစ္အရြယ္ သခင္ၾကီး ေခၚ အဘ ဦးစံျမင့္ ၏ ျပင္ပဘ၀ ျဖတ္သန္းမႈမ်ားကား ရုပ္ရွင္ဇာတ္၀င္ခန္းမ်ားထက္ ပိုမိုစိတ္လႈပ္ရွားဖြယ္ေကာင္းလွသည္ကိုေတာ့ လူသိနည္းလြန္းလွသည္။သူ႕ျဖတ္သန္းခဲ့ေသာဘ၀သည္ စြန္႕စားခန္းမ်ားျဖင့္ ျပည့္္နွက္ေနခဲ့ပါသည္။

ဦးစံျမင့္ကို စစ္ၾကိဳေခတ္ ၁၉၃၁ ခုနွစ္၊ ျပည္ျမိဳ႕တြင္ ေမြးဖြားခဲ့သည္။ဖခင္ျဖစ္သူမွာ ပထမကမာစစ္အတြင္း ျမန္မာနိုင္ငံတြင္ တာ၀န္က်သည့္ ဥေရာပစစ္သားတစ္ဦးျဖစ္ျပီး မိခင္ျဖစ္သူမွာ ျမန္မာလူမ်ိဳးတစ္ဦးျဖစ္သည္။ေမာင္စံျမင့္ အသက္(၆)နွစ္သားအရြယ္၊ ဒုတိယကမာစစ္မျဖစ္မီတြင္ပင္ ဖခင္ျဖစ္သူ ဆံုးပါးသြားခဲ့သည္။ေမာင္စံျမင့္ တို႕ ေမာင္နွမေျခာက္ဦးမွာ မိခင္ၾကီးနွင့္အတူ ရုန္းကန္လႈပ္ရွားရင္း ေက်ာင္းေနခြင့္မရခဲ့ေပ။”အသက္ (၁၂)နွစ္ေလာက္ေရာက္ေတာ့ ကြ်န္ေတာ္ ေက်ာင္းအရမ္းေနခ်င္လာတယ္။အဲ့ဒါနဲ႕ အဂၤလိပ္- ျမန္မာ အလြတ္သင္ေက်ာင္းတစ္ခုကိုသြားျပီး ေက်ာင္းအုပ္ဆရာၾကီးကို သြားေတာင္းပန္ျပီး ေျပာတယ္။ဆရာၾကီးက ေက်ာင္းလခလြတ္ေက်ာင္းထားေပးတယ္။ ကြ်န္ေတာ္က ေနာက္မွ သင္ရေပမယ့္ ေသခ်ာသင္ေတာ့ အတန္းေတြေက်ာ္တက္ခြင့္၇တယ္။ ေလးနွစ္ေလာက္အတြင္းမွာကို ခုနွစ္တန္းေအာင္ခဲ့တယ္” ဟု ဦးစံျမင့္က ဆုိသည္။

ထိုေခတ္က ခုနွစ္တန္းေအာင္လ်င္ ရံုးအုုပ္စာေရးၾကီး၊ ေက်ာင္းဆရာ စသည္ျဖင့္ အလုပ္ရနုိင္ခဲ့သည္။အသက္(၁၈)နွစ္အရြယ္တြင္မူ ဦးစံျမင့္သည္ ဗမာ့တပ္မေတာ္၊ အေျမာက္တပ္ရင္းသို႕ ၀င္ခဲ့သည္။”သမတၾကီး ဦးဘဦး လက္ထက္၊ ၁၉၅၂ မွာ ကြ်န္ေတာ့္ ယူဂိုဆလားဗီးယားနိုင္ငံကို ပညာေတာ္သင္သြားရတယ္။ ၇၆ မမ အေျမာက္ နဲ႕ ပတ္သက္ျပီး ပစ္ခတ္ေရး၊ ျပဳျပင္ေရးေတြကို ေျခာက္လသင္ခဲ့ရတယ္” ဟု ဦးစံျမင့္က ေျပာျပသည္။၁၉၅၄ ခုနွစ္တြင္ ပါကစ္စတန္နိုင္ငံ ၊ ဆဲလ္ကိုးဒါးျမိဳ႕သို႕ ထပ္မံ ပညာေတာ္သင္ေစလႊတ္ျခင္းခံရျပီး တိရိစာန္ဆိုင္ရာေဆးပညာကို သင္ယူခဲ့ရသည္။၇၆ မမ အေျမာက္ၾကီးမ်ားမွာ ျမင္းမ်ားျဖင့္ သယ္ယူရသည္ျဖစ္သျဖင့္ ဦးစံျမင့္သည္ ျမင္းမ်ားနွင့္ ပတ္သက္သည့္ ပညာရပ္မ်ား၊ ျမင္းစီးျခင္းမ်ား၊ ျမင္းတို႕၏ က်န္းမာေရးဆုိင္ရာတို႕အားလည္း တစ္ပါတည္း ကြ်မ္းက်င္စြာေအာင္ သင္ယူခဲ့ရ၏။

”အဲ့ဒီက ျပန္ေရာက္တာနဲ႕ တရုတ္ျဖဴစစ္ဆင္ေရးမွာ ၀င္တိုက္ရေတာ့တာပဲ။ ရန္ၾကီးေအာင္ စစ္ဆင္ေရး၊ ဘုရင္ေနာင္စစ္ဆင္ေရး၊ လြိဳင္တြန္းစခန္းစစ္ဆင္ေရး၊ ဘုရင့္ေနာင္စစ္ဆင္ေရး၊ ေအာင္ေမဃစစ္ဆင္ေရးေတြမွာ အေျမာက္တပ္နဲ႕အတူ ၀င္တိုက္ခဲ့ရတယ္။ အဲ့ဒီတုန္းက ကြ်န္ေတာ္တို႕ အျခားအဆင့္ေတြက ဒုတိယဗိုလ္မွဴးၾကီးတင္ဦး (ယခု ဦးတင္ဦး NLD) ကို အရမ္းေလးစားေနၾကတဲ့အခ်ိန္၊ သူက ကြ်န္ေတာ္တုိ႕ ေအာက္ေျခ ရဲေဘာ္ေတြဘက္က အျမဲတမ္းရပ္တည္တယ္။ ကြ်န္ေတာ္တို႕ကို တပ္ထဲမွာ မနက္ဆို လက္ဘက္ရည္ အျမဲတိုက္ရာက ဆန္ျပဳတ္ေျပာင္းတိုက္ပါဆိုတဲ့ အမိန္႕ကို ဗိုလ္တင္ဦးက ကြ်န္ေတာ္တို႕ငယ္သားေတြဘက္က ရပ္တည္ျပီး တိုက္ဖ်က္ခဲ့တာ၊ အဲ့ဒီတုန္းက သူက စစ္ေျမျပင္တပ္မွဴးဆိုေတာ့ သူ႕လက္ေအာက္မွာ တိုက္ရတာမို႕ ကြ်န္ေတာ္တို႕က အရမ္းတက္ၾကြၾကတာ” ဟု ဦးစံျမင့္က ဂုဏ္ယူ၀ံ့ၾကြားစြာေျပာျပသည္။

၁၉၆၀ တြင္ အရာရွိေလာင္းေရြးခ်ယ္သည့္အထဲ ပါခဲ့ေသာ္လည္း ဦးစံျမင့္မွာ နိုင္ငံျခားေသြးပါေနသည့္အတြက္ အရာရွိျဖစ္ရန္ အခြင့္မရခဲ့ေခ်။”ေအာင္ပန္းအေျမာက္တပ္မွာ ရွိေနတုန္းက မင္းသား တင္ညြန္႕တို႕၊ ေရႊဘတို႕ ၊ သင္းသင္းလဲ့ တို႕က ေအာင္ပန္းမွာ ရုပ္ရွင္လာရိုက္တယ္။ သူတို႕က ကြ်န္ေတာ္တို႕တပ္က ျမင္းေတြ ငွားရိုက္ေတာ့ ကြ်န္ေတာ္က လိုက္ကူညီေပးရတယ္။ ကြ်န္ေတာ္က ျမင္းစီး ကြ်မ္းက်င္ေတာ့ မင္းသမီးေရွ႕မွာ ျမင္းကို မတ္တပ္စီး၊ ေဘးေစာင္းစီး၊ ပံုစံအမ်ိဳးမ်ိဳးစီးျပေတာ့ သူတို႕က သေဘာက်တယ္။ အဲ့ဒီလိုနဲ႕ ရုပ္ရွင္ေလာက က လူေတြနဲ႕ ရင္းနွီးခဲ့ရတယ္” ဟု ဦးစံျမင့္က ဆိုသည္။

၁၉၆၂ ခုနွစ္တြင္ တပ္မွ ထြက္ျပီးေနာက္ ရန္ကုန္တိရိစာန္ဥယ်ာဥ္တြင္ တိရိစာန္ေဆးကုသေရးဆရာအျဖစ္ ဆက္လက္တာ၀န္ထမ္းေဆာင္ခဲ့သည္။တိရိစာန္ဥယ်ာဥ္တြင္ တာ၀န္ထမ္းေဆာင္စဥ္ ဦးစံျမင့္ကို သစ္ထုတ္လုပ္ေရးမွ ေခၚယူျပီး ပဲခူးရိုးမထဲတြင္ ဆင္ဖမ္းသည့္လုပ္ငန္းကို တာ၀န္ယူဦးစီး လုပ္ကိုင္ေစျပန္သည္။”တစ္ရက္မွာ သစ္လုပ္ငန္းက ဆင္တစ္ေကာင္က မုန္ယိုျပီး ဆင္ဦးစီးကို အစြယ္နဲ႕ထိုးသတ္တယ္။ ျပီးေတာ့ ေတာထဲ ၀င္သြားတယ္။ သစ္တင္ကားေတြ ေတာထဲလာရင္ ကားတစ္စီးလံုးလဲေအာင္ ထိုးခ်ပစ္တာ။ အဲ့ဒီေကာင္ၾကီးကို ပစ္ဖမ္းဖို႕ က်ေတာ့လည္း ကြ်န္ေတာ္ပဲ ဦးေဆာင္ရတာပါပဲ။ တကယ့္ကို သက္စြန္႕ဆံဖ်ားပစ္ဖမ္းရတာပါ” ဟု ဦးစံျမင့္က ဆိုသည္။

ဦးစံျမင့္သည္ ထိုကဲ့သို႕ေသာ ဆင္သံုးေကာင္အထိ ဖမ္းေပးခဲ့ရသည္။တိရိစာန္ဥယ်ာဥ္သို႕ ျပန္ေရာက္သည့္အခါတြင္လည္း ျမိဳ႕လယ္ေခါင္တြင္ ကြ်ဲရိုင္းကို ပစ္ဖမ္းေပးရျခင္း၊ ေမ့ေဆးေပးထားေသာ ျခေသၤ႕မ်ား၊ က်ားမ်ားကိုေလွာင္အိမ္ထဲ၀င္ကာ ေမ့ေဆးေျပေဆးျပန္ထိုးေပးရျခင္း စသည့္ သက္စြန္႕ဆံဖ်ား အလုပ္မ်ားသာ လုပ္ကိုင္ျပီး ေပ်ာ္ေမြ႕ခဲ့သည္။”ထူးထူးျခားျခား အာဇာနည္ေန႕ ဗံုးကြဲမႈမွာ ကိုရီးယားက ေဖာက္ခြဲေရးသမားေတြကို လိုက္ဖမ္းေတာ့ ဦးေန၀င္း ကေန ေမ့ေဆးနဲ႕ပစ္ဖမ္းဖို႕ အမိန္႕ေပးတယ္။ အဲ့ဒါ နဲ႔ ကြ်န္ေတာ့္ကို ေမ့ေဆးေသနတ္ကိုင္ျပီး လိုက္ခဲ့ဖို႕ ေခၚတယ္။ ဟယ္လီေကာ္ပရာနဲ႕ ေခၚသြားတာ။ ဒါေပမယ့္ ကြ်န္ေတာ္တို႕ ေရာက္တဲ့အခ်ိန္ ေျမျပင္လံုျခံဳေရးေတြက လံုးေထြးဖမ္းလို႕ ဟိုက အေသခံဗံုးခြဲလိုက္တာ ေသတဲ့သူေတြက ေသေနျပီ။ အဲ့ဒီ ကင္မင္ခ်ဴးလည္း လက္ျပတ္သြားတယ္”

ဦးစံျမင့္သည္ သမိုင္း၏ လူသိနည္းသည့္ မွန္ကူကြက္မ်ားတြင္လည္း တစ္စိတ္တစ္ေဒသ ပါ၀င္သည့္ သက္ရွိမွတ္တမ္းၾကီးျဖစ္ေနျပန္သည္။တိရိစာန္ရံုတြင္ တာ၀န္ထမ္းေဆာင္ေနစဥ္အတြင္း ယခင္က ခင္မင္ခဲ့သည့္ ရုပ္ရွင္ေလာကသားမ်ား နွင့္ ခ်ိတ္ဆက္မိကာ သူ႕အား ရုပ္ရွင္ဇာတ္ကားမ်ားတြင္ ပါ၀င္ရန္ ကမ္းလွမ္းခဲ့ၾကသည္။နဂိုကပင္ ၀ါသနာပါလွေသာ ဦးစံျမင့္ကား ရုပ္ရွင္ဇာတ္ကားမ်ားတြင္ အဂၤလိပ္အရာရွိအျဖစ္ ပါ၀င္ရိုက္ကူးခဲ့သည္။

”ကြ်န္ေတာ္က အဂၤလိပ္ေရာ၊ ဟင္ဒီေရာ ဘာသာစကားနွစ္မ်ိဳးတတ္တယ္။ ဒါေပမယ့္ သရုပ္ေဆာင္တဲ့အခါက် ဗမစကားကို အဂၤလိပ္ေလသံ ေပါက္ေအာင္မေျပာတတ္ဘူး။ အဲ့ဒါနဲ႕ စေနမ ဇာတ္ကားမွာ ေဒၚ၀ါ၀ါ၀င္းေရႊ က ေမာင္မင္း၊ လူကေလးဆိုတဲ့ ဒိုင္ယာေလာ့ခ္ကို သင္ေပးတယ္။ အရင္ေခတ္ အဂၤလိပ္အရာရွိေတြ စကားေျပာပံုေျပာနည္းကို သူက ေကာင္းေကာင္းသိတယ္။ အဲ့ဒါနဲ႕ ကြ်န္္ေတာ္က ေမာင္မင္း လူကေလး ဆိုတာကို ကြ်မ္းကြ်မ္းက်င္က်င္ သရုပ္ေဆာင္နိုင္သြားတာ” ဟု ဦးစံျမင့္က ဆုိသည္။

ဦးစံျမင့္သည္ တိရိစာန္ဥယ်ာဥ္၀န္ထမ္းဘ၀ နွင့္ သရုပ္ေဆာင္ဘ၀တြင္ နွစ္ေပါင္းေလးဆယ္ေက်ာ္ၾကာ က်င္လည္ခဲ့သည္။
န၀တ အစိုးရေခတ္တြင္ တရုတ္နိုင္ငံသို႕ သြားေရာက္ကာ ဆတ္ခ်ိဳနု ေဆးေဖာ္နည္းကို သင္ယူခဲ့ရျပီး ထိုစီမံကိန္းတြင္ ပါ၀င္ခဲ့ရသည္။ဆတ္ မ်ား နွင့္ပတ္သက္ျပီး ကြ်မ္းက်င္သူတစ္ေယာက္လည္းျဖစ္ခဲ့သည္။သရုပ္ေဆာင္ တစ္ေယာက္အျဖစ္ ရုပ္ရွင္ဇာတ္ကားမ်ားစြာကို ရိုက္ခဲ့ေသာ္လည္း ဦးစံျမင့္ ျဖတ္သန္းခဲ့သည့္ ဘ၀ျဖတ္သန္းမႈမ်ားမွာ ထိုရုပ္ရွင္မ်ားထက္ ပိုမို ရုပ္ရွင္ဆန္သည္။တရုတ္ျဖဴစစ္ဆင္ေရးတြင္ပါ၀င္ခဲ့သူ စစ္သားၾကီး။

နိုင္ငံတကာအဆင့္မွီ ျမင္းစီးကြ်မ္းက်င္သူ။ တိရိစာန္ေဆးကုသေရးပညာရွင္ျမိဳ႕ျပ မုဆိုး ။ ဆင္ဖမ္းသမား။ ဆတ္ခ်ိဳနုေဆး၀ါးထုတ္လုပ္သူပညာရွင္။အဂၤလိပ္ေခတ္၊ ဂ်ပန္ေခတ္၊ ပါလီမန္ေခတ္၊ မဆလေခတ္၊ န၀တေခတ္၊ ဒီမိုကေရစီေခတ္ ေခတ္ေျခာက္ေခတ္ကို ျဖတ္သန္းခဲ့ျပီး သက္ရွိသမိုင္းစာအုပ္ၾကီးျဖစ္ေနသည့္ ဦးစံျမင့္၏ ဘ၀ျဖတ္သန္းမႈ စြန္႕စားခန္းမ်ားသည္ ရုပ္ရွင္တစ္ကားစာနီးပါးပင္ ရွိေနသည္။”ရုပ္ရွင္ထဲက အဂၤလိပ္အရာရွိၾကီးလို႕ အမ်ားျမင္ၾကတဲ့လူတစ္ေယာက္ရဲ႕ ျပင္ပဘ၀မွာ ထူးျခားတဲ့ အေတြ႕အၾကံဳေတြအမ်ားၾကီးပဲ။ အခုအခ်ိန္မွာ ကြ်န္ေတာ္က အဲ့ဒါေတြကို ေျပာျပခ်င္ေနခဲ့တာ။ ကြ်န္ေတာ့္ဘ၀က မွ တကယ့့္ ရုပ္ရွင္ဆန္ဆန္ျဖတ္သန္းခဲ့ရတာ”အသက္ (၈၇)နွစ္အရြယ္ အဖိုးအိုသည္ သူ႕တစ္ဘ၀စာ အမွတ္တရမ်ားကို ထိုနွယ့္ ေက်နပ္အားရစြာ ေျပာျပရင္း ရယ္ေမာေနသည္။

ထို႕ေနာက္ သူ႕ကြ်န္မခံမီ ဇာတ္ကားရိုက္စဥ္က သံုးသည့္ ပါေတာ္မူဇာတ္၀င္ေတးသီခ်င္းကို ဌာန္ ကရိုဏ္းက်က် ျဖင့္ ဆိုျပလိုက္ေသးသည္။ဘိုင္စကုပ္အျပင္မွ သခင္ၾကီးကား ျမန္မာ့ဂီတအဆိုပညာတြင္လည္း ေခသူေတာ့မဟုတ္။သူ႔ကြၽန္မခံၿပီ ဇာတ္ကားတြင္ ကာနယ္စေလဒင္ အျဖစ္ သ႐ုပ္ေဆာင္ခဲ့ရာ ပီျပင္လြန္း သည့္အတြက္ ”စေလဒင္စံျမင့္”ဟုပင္ နာမည္ႀကီးခဲ့ဖူးသည္။

Source:ခက္ေဇာ္,Crd-Kyaw Swa Naing,Photo:Crd

Credit to Original

( Unicode )

၁၉၈၇ ခုနှစ်။ပုဇွန်တောင်နွားသတ်ရုံတွင် သတ်ဖြတ်ရန်အတွက် ဖမ်းဆီးလာသော ကျွဲကြီးတစ်ကောင်သည် ရုတ်တရက် လွတ်ထွက်သွားပြီး သားသတ်ရုံဝန်ထမ်းတစ်ဦးအား ချိုဖြင့် အသေခတ်ပစ်လိုက်သည်။သေတွင်းမှ လွတ်လာသော ထိုကျွဲရိုင်းကြီးသည် မြင်မြင်သမျှ လူများအား လိုက်လံ ဝှေ့ခတ်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည်။မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရန်ကုန်တိရိစာန်ဥယျာဉ်သို့ ဖုန်းဆက်လာသည်။ဦးစံမြင့် ဆိုသူကို စခန်းသို့ ချက်ချင်းလွှတ်ပေးလိုက်ရန်။အဆိုပါ ဦးစံမြင့်သည် စခန်းသို့ ရောက်သည်နှင့် စခန်းမှ အရာရှိများက ဒသမ ၃၀၃ ရိုင်ဖယ်ကို ထုတ်ပေးသည်။

ထို့နောက်အထက်အမိန့်အရကျွဲရိုင်းကြီးကိုအသေပစ်ခတ်ရမည်ဟုဆိုကာကျွဲရိုင်းကြီး သောင်းကျန်းနေရာသို့ ခေါ်သွားတော့၏။မင်္ဂလာတောင်ညွန့်မြို့နယ်ထဲတွင် ကျွဲရိုင်းကြီးက မြင်သမျှ ပတ်ရမ်းနေသည်။ထောင်ချီသော လူအုပ်ကြီးကလည်း ခပ်ဝေးဝေးမှ အုံလျက် ဝိုင်းကြည့်နေ၏။ကျွဲရိုင်းကြီးသောင်းကျန်းနေသည့်အနီးသို့ ရိုင်ဖယ်သေနတ်ကိုင်ထားသော အင်္ဂလိပ်ကြီးတစ်ယောက် ဝင်လာသည်ကို တွေ့တော့ သူတို့ ဝိုင်းအော်တားကြသည်။တချို့ကလည်း အင်္ဂလန်က မုဆိုးကြီးလာပြီ ဆိုပြီး ပြောကြသည်။တချို့ကတော့ တိရိစာန်ဥယျာဉ်မှ ဆေးဝန်ထမ်း ကိုစံမြင့် ဆိုတာ သိကြသည်။

ကျွဲရိုင်းကြီးနှင့်ကိုက်နှစ်ရာအကွာအဝေးတွင်သူနေရာယူလိုက်သည်။မဲမဲမြင်ရာလိုက်ခတ်နေသည့်ကျွဲကသူ့ရှိရာတဟုန်ထိုးပြေးလာ၏။”ကလစ်” ခနဲ မောင်းကို တင်သည်။ ခလုတ်ကို ညှစ်သည်”ဒိုင်း” ဆိုသည့် အသံနှင့်အတူ ကျွဲရိုင်းကြီး၏ ယာဘက်မျက်လုံးပွင့်ထွက်သွားပြီး လဲကျသွားသည်လူအုပ်ကြီးက လက်ခုပ်ဝိုင်းတီးကြသည်။ရိုင်ဖယ်ကိုင်ထားသည့် မြို့လယ်ခေါင်မှ မုဆိုးကြီး ခမျာ..ထိုအခါမှ သက်ပြင်းချနိုင်တော့၏။မြို့လယ်ခေါင်တွင် ကျွဲရိုင်းကြီးကို ရိုင်ဖယ်သေနတ်ဖြင့် နှိမ်နင်းခဲ့သည်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းမဟုတ်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် သည်းထိပ်ရင်ဖို့ တကယ့်အဖြစ်အပျက်တစ်ခုသာဖြစ်သည်။ထိုမုဆိုးကြီးသည် မည်သူနည်း။ထိုသို့ ရုပ်ရှင်ဆန်သော စွန့်စားခန်းများကို ပြင်ပဘဝတွင် အမှန်တကယ်ဖြတ်သန်းခဲ့ရသည့် ရန်ကုန်တိရိစာန်ဥယျာဉ်မှ တိရိစာန်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ ဦးစံမြင့်သည် နောင်တချိန်တွင် မြန်မာ့ရုပ်ရှင်လောက ၏ အင်္ဂလိပ်အရာရှိအခန်းများကို သရုပ်ဆောင်ရသူ သခင်ကြီး ဖြစ်လာလေသည်။ငယ်စဉ်ဘဝက မြန်မာ့တော်လှန်ရေးဇာတ်ကားများ ကြည့်ဖူးသူတိုင်း သူ့ကို အမှတ်ရကြလိမ့်မည်။မကြာသေးမီ နှစ်ကာလများကလည်း သူ့အကြောင်းကို ဂျာနယ်များ၊ ရုပ်သံမီဒီယာများတွင် တွေ့မြင်ခဲ့ကြရသည်။

”မောင်မင်းလူကလေး” ဆိုသော မာန်ပါလှသည့် ဘိလပ်သံဝဲ၀ဲ မြန်မာစကားသံ သည် သူ့အမှတ်တံဆိပ်ဖြစ်ခဲ့သည်။သာမန် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဟုသာ လူအများက သိထားကြသော အသက်(၈၇)နှစ်အရွယ် သခင်ကြီး ခေါ် အဘ ဦးစံမြင့် ၏ ပြင်ပဘ၀ ဖြတ်သန်းမှုများကား ရုပ်ရှင်ဇာတ်ဝင်ခန်းများထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းလှသည်ကိုတော့ လူသိနည်းလွန်းလှသည်။သူ့ဖြတ်သန်းခဲ့သောဘဝသည် စွန့်စားခန်းများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ဦးစံမြင့်ကို စစ်ကြိုခေတ် ၁၉၃၁ ခုနှစ်၊ ပြည်မြို့တွင် မွေးဖွားခဲ့သည်။ဖခင်ဖြစ်သူမှာ ပထမကမာစစ်အတွင်း မြန်မာနိုင်ငံတွင် တာဝန်ကျသည့် ဥရောပစစ်သားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ မြန်မာလူမျိုးတစ်ဦးဖြစ်သည်။မောင်စံမြင့် အသက်(၆)နှစ်သားအရွယ်၊ ဒုတိယကမာစစ်မဖြစ်မီတွင်ပင် ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့သည်။မောင်စံမြင့် တို့ မောင်နှမခြောက်ဦးမှာ မိခင်ကြီးနှင့်အတူ ရုန်းကန်လှုပ်ရှားရင်း ကျောင်းနေခွင့်မရခဲ့ပေ။”အသက် (၁၂)နှစ်လောက်ရောက်တော့ ကျွန်တော် ကျောင်းအရမ်းနေချင်လာတယ်။အဲ့ဒါနဲ့ အင်္ဂလိပ်- မြန်မာ အလွတ်သင်ကျောင်းတစ်ခုကိုသွားပြီး ကျောင်းအုပ်ဆရာကြီးကို သွားတောင်းပန်ပြီး ပြောတယ်။ဆရာကြီးက ကျောင်းလခလွတ်ကျောင်းထားပေးတယ်။ ကျွန်တော်က နောက်မှ သင်ရပေမယ့် သေချာသင်တော့ အတန်းတွေကျော်တက်ခွင့်၇တယ်။ လေးနှစ်လောက်အတွင်းမှာကို ခုနှစ်တန်းအောင်ခဲ့တယ်” ဟု ဦးစံမြင့်က ဆိုသည်။

ထိုခေတ်က ခုနှစ်တန်းအောင်လျင် ရုံးအုပ်စာရေးကြီး၊ ကျောင်းဆရာ စသည်ဖြင့် အလုပ်ရနိုင်ခဲ့သည်။အသက်(၁၈)နှစ်အရွယ်တွင်မူ ဦးစံမြင့်သည် ဗမာ့တပ်မတော်၊ အမြောက်တပ်ရင်းသို့ ဝင်ခဲ့သည်။”သမတကြီး ဦးဘဦး လက်ထက်၊ ၁၉၅၂ မှာ ကျွန်တော့် ယူဂိုဆလားဗီးယားနိုင်ငံကို ပညာတော်သင်သွားရတယ်။ ၇၆ မမ အမြောက် နဲ့ ပတ်သက်ပြီး ပစ်ခတ်ရေး၊ ပြုပြင်ရေးတွေကို ခြောက်လသင်ခဲ့ရတယ်” ဟု ဦးစံမြင့်က ပြောပြသည်။၁၉၅၄ ခုနှစ်တွင် ပါကစ်စတန်နိုင်ငံ ၊ ဆဲလ်ကိုးဒါးမြို့သို့ ထပ်မံ ပညာတော်သင်စေလွှတ်ခြင်းခံရပြီး တိရိစာန်ဆိုင်ရာဆေးပညာကို သင်ယူခဲ့ရသည်။၇၆ မမ အမြောက်ကြီးများမှာ မြင်းများဖြင့် သယ်ယူရသည်ဖြစ်သဖြင့် ဦးစံမြင့်သည် မြင်းများနှင့် ပတ်သက်သည့် ပညာရပ်များ၊ မြင်းစီးခြင်းများ၊ မြင်းတို့၏ ကျန်းမာရေးဆိုင်ရာတို့အားလည်း တစ်ပါတည်း ကျွမ်းကျင်စွာအောင် သင်ယူခဲ့ရ၏။

”အဲ့ဒီက ပြန်ရောက်တာနဲ့ တရုတ်ဖြူစစ်ဆင်ရေးမှာ ဝင်တိုက်ရတော့တာပဲ။ ရန်ကြီးအောင် စစ်ဆင်ရေး၊ ဘုရင်နောင်စစ်ဆင်ရေး၊ လွိုင်တွန်းစခန်းစစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ အောင်မေဃစစ်ဆင်ရေးတွေမှာ အမြောက်တပ်နဲ့အတူ ဝင်တိုက်ခဲ့ရတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ အခြားအဆင့်တွေက ဒုတိယဗိုလ်မှူးကြီးတင်ဦး (ယခု ဦးတင်ဦး NLD) ကို အရမ်းလေးစားနေကြတဲ့အချိန်၊ သူက ကျွန်တော်တို့ အောက်ခြေ ရဲဘော်တွေဘက်က အမြဲတမ်းရပ်တည်တယ်။ ကျွန်တော်တို့ကို တပ်ထဲမှာ မနက်ဆို လက်ဘက်ရည် အမြဲတိုက်ရာက ဆန်ပြုတ်ပြောင်းတိုက်ပါဆိုတဲ့ အမိန့်ကို ဗိုလ်တင်ဦးက ကျွန်တော်တို့ငယ်သားတွေဘက်က ရပ်တည်ပြီး တိုက်ဖျက်ခဲ့တာ၊ အဲ့ဒီတုန်းက သူက စစ်မြေပြင်တပ်မှူးဆိုတော့ သူ့လက်အောက်မှာ တိုက်ရတာမို့ ကျွန်တော်တို့က အရမ်းတက်ကြွကြတာ” ဟု ဦးစံမြင့်က ဂုဏ်ယူဝံ့ကြွားစွာပြောပြသည်။

၁၉၆၀ တွင် အရာရှိလောင်းရွေးချယ်သည့်အထဲ ပါခဲ့သော်လည်း ဦးစံမြင့်မှာ နိုင်ငံခြားသွေးပါနေသည့်အတွက် အရာရှိဖြစ်ရန် အခွင့်မရခဲ့ချေ။”အောင်ပန်းအမြောက်တပ်မှာ ရှိနေတုန်းက မင်းသား တင်ညွန့်တို့၊ ရွှေဘတို့ ၊ သင်းသင်းလဲ့ တို့က အောင်ပန်းမှာ ရုပ်ရှင်လာရိုက်တယ်။ သူတို့က ကျွန်တော်တို့တပ်က မြင်းတွေ ငှားရိုက်တော့ ကျွန်တော်က လိုက်ကူညီပေးရတယ်။ ကျွန်တော်က မြင်းစီး ကျွမ်းကျင်တော့ မင်းသမီးရှေ့မှာ မြင်းကို မတ်တပ်စီး၊ ဘေးစောင်းစီး၊ ပုံစံအမျိုးမျိုးစီးပြတော့ သူတို့က သဘောကျတယ်။ အဲ့ဒီလိုနဲ့ ရုပ်ရှင်လောက က လူတွေနဲ့ ရင်းနှီးခဲ့ရတယ်” ဟု ဦးစံမြင့်က ဆိုသည်။

၁၉၆၂ ခုနှစ်တွင် တပ်မှ ထွက်ပြီးနောက် ရန်ကုန်တိရိစာန်ဥယျာဉ်တွင် တိရိစာန်ဆေးကုသရေးဆရာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။တိရိစာန်ဥယျာဉ်တွင် တာဝန်ထမ်းဆောင်စဉ် ဦးစံမြင့်ကို သစ်ထုတ်လုပ်ရေးမှ ခေါ်ယူပြီး ပဲခူးရိုးမထဲတွင် ဆင်ဖမ်းသည့်လုပ်ငန်းကို တာဝန်ယူဦးစီး လုပ်ကိုင်စေပြန်သည်။”တစ်ရက်မှာ သစ်လုပ်ငန်းက ဆင်တစ်ကောင်က မုန်ယိုပြီး ဆင်ဦးစီးကို အစွယ်နဲ့ထိုးသတ်တယ်။ ပြီးတော့ တောထဲ ဝင်သွားတယ်။ သစ်တင်ကားတွေ တောထဲလာရင် ကားတစ်စီးလုံးလဲအောင် ထိုးချပစ်တာ။ အဲ့ဒီကောင်ကြီးကို ပစ်ဖမ်းဖို့ ကျတော့လည်း ကျွန်တော်ပဲ ဦးဆောင်ရတာပါပဲ။ တကယ့်ကို သက်စွန့်ဆံဖျားပစ်ဖမ်းရတာပါ” ဟု ဦးစံမြင့်က ဆိုသည်။

ဦးစံမြင့်သည် ထိုကဲ့သို့သော ဆင်သုံးကောင်အထိ ဖမ်းပေးခဲ့ရသည်။တိရိစာန်ဥယျာဉ်သို့ ပြန်ရောက်သည့်အခါတွင်လည်း မြို့လယ်ခေါင်တွင် ကျွဲရိုင်းကို ပစ်ဖမ်းပေးရခြင်း၊ မေ့ဆေးပေးထားသော ခြင်္သေ့များ၊ ကျားများကိုလှောင်အိမ်ထဲဝင်ကာ မေ့ဆေးပြေဆေးပြန်ထိုးပေးရခြင်း စသည့် သက်စွန့်ဆံဖျား အလုပ်များသာ လုပ်ကိုင်ပြီး ပျော်မွေ့ခဲ့သည်။”ထူးထူးခြားခြား အာဇာနည်နေ့ ဗုံးကွဲမှုမှာ ကိုရီးယားက ဖောက်ခွဲရေးသမားတွေကို လိုက်ဖမ်းတော့ ဦးနေဝင်း ကနေ မေ့ဆေးနဲ့ပစ်ဖမ်းဖို့ အမိန့်ပေးတယ်။ အဲ့ဒါ နဲ့ ကျွန်တော့်ကို မေ့ဆေးသေနတ်ကိုင်ပြီး လိုက်ခဲ့ဖို့ ခေါ်တယ်။ ဟယ်လီကော်ပရာနဲ့ ခေါ်သွားတာ။ ဒါပေမယ့် ကျွန်တော်တို့ ရောက်တဲ့အချိန် မြေပြင်လုံခြုံရေးတွေက လုံးထွေးဖမ်းလို့ ဟိုက အသေခံဗုံးခွဲလိုက်တာ သေတဲ့သူတွေက သေနေပြီ။ အဲ့ဒီ ကင်မင်ချူးလည်း လက်ပြတ်သွားတယ်”

ဦးစံမြင့်သည် သမိုင်း၏ လူသိနည်းသည့် မှန်ကူကွက်များတွင်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည့် သက်ရှိမှတ်တမ်းကြီးဖြစ်နေပြန်သည်။တိရိစာန်ရုံတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယခင်က ခင်မင်ခဲ့သည့် ရုပ်ရှင်လောကသားများ နှင့် ချိတ်ဆက်မိကာ သူ့အား ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ရန် ကမ်းလှမ်းခဲ့ကြသည်။နဂိုကပင် ဝါသနာပါလှသော ဦးစံမြင့်ကား ရုပ်ရှင်ဇာတ်ကားများတွင် အင်္ဂလိပ်အရာရှိအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။

”ကျွန်တော်က အင်္ဂလိပ်ရော၊ ဟင်ဒီရော ဘာသာစကားနှစ်မျိုးတတ်တယ်။ ဒါပေမယ့် သရုပ်ဆောင်တဲ့အခါကျ ဗမစကားကို အင်္ဂလိပ်လေသံ ပေါက်အောင်မပြောတတ်ဘူး။ အဲ့ဒါနဲ့ စနေမ ဇာတ်ကားမှာ ဒေါ်ဝါဝါ၀င်းရွှေ က မောင်မင်း၊ လူကလေးဆိုတဲ့ ဒိုင်ယာလော့ခ်ကို သင်ပေးတယ်။ အရင်ခေတ် အင်္ဂလိပ်အရာရှိတွေ စကားပြောပုံပြောနည်းကို သူက ကောင်းကောင်းသိတယ်။ အဲ့ဒါနဲ့ ကျွန်တော်က မောင်မင်း လူကလေး ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် သရုပ်ဆောင်နိုင်သွားတာ” ဟု ဦးစံမြင့်က ဆိုသည်။

ဦးစံမြင့်သည် တိရိစာန်ဥယျာဉ်ဝန်ထမ်းဘ၀ နှင့် သရုပ်ဆောင်ဘဝတွင် နှစ်ပေါင်းလေးဆယ်ကျော်ကြာ ကျင်လည်ခဲ့သည်။
နဝတ အစိုးရခေတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ဆတ်ချိုနု ဆေးဖော်နည်းကို သင်ယူခဲ့ရပြီး ထိုစီမံကိန်းတွင် ပါဝင်ခဲ့ရသည်။ဆတ် များ နှင့်ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ခဲ့သည်။သရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ခဲ့သော်လည်း ဦးစံမြင့် ဖြတ်သန်းခဲ့သည့် ဘဝဖြတ်သန်းမှုများမှာ ထိုရုပ်ရှင်များထက် ပိုမို ရုပ်ရှင်ဆန်သည်။တရုတ်ဖြူစစ်ဆင်ရေးတွင်ပါဝင်ခဲ့သူ စစ်သားကြီး။

နိုင်ငံတကာအဆင့်မှီ မြင်းစီးကျွမ်းကျင်သူ။ တိရိစာန်ဆေးကုသရေးပညာရှင်မြို့ပြ မုဆိုး ။ ဆင်ဖမ်းသမား။ ဆတ်ချိုနုဆေးဝါးထုတ်လုပ်သူပညာရှင်။အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ပါလီမန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်၊ ဒီမိုကရေစီခေတ် ခေတ်ခြောက်ခေတ်ကို ဖြတ်သန်းခဲ့ပြီး သက်ရှိသမိုင်းစာအုပ်ကြီးဖြစ်နေသည့် ဦးစံမြင့်၏ ဘဝဖြတ်သန်းမှု စွန့်စားခန်းများသည် ရုပ်ရှင်တစ်ကားစာနီးပါးပင် ရှိနေသည်။”ရုပ်ရှင်ထဲက အင်္ဂလိပ်အရာရှိကြီးလို့ အများမြင်ကြတဲ့လူတစ်ယောက်ရဲ့ ပြင်ပဘဝမှာ ထူးခြားတဲ့ အတွေ့အကြုံတွေအများကြီးပဲ။ အခုအချိန်မှာ ကျွန်တော်က အဲ့ဒါတွေကို ပြောပြချင်နေခဲ့တာ။ ကျွန်တော့်ဘဝက မှ တကယ့် ရုပ်ရှင်ဆန်ဆန်ဖြတ်သန်းခဲ့ရတာ”အသက် (၈၇)နှစ်အရွယ် အဖိုးအိုသည် သူ့တစ်ဘဝစာ အမှတ်တရများကို ထိုနှယ့် ကျေနပ်အားရစွာ ပြောပြရင်း ရယ်မောနေသည်။

ထို့နောက် သူ့ကျွန်မခံမီ ဇာတ်ကားရိုက်စဉ်က သုံးသည့် ပါတော်မူဇာတ်ဝင်တေးသီချင်းကို ဌာန် ကရိုဏ်းကျကျ ဖြင့် ဆိုပြလိုက်သေးသည်။ဘိုင်စကုပ်အပြင်မှ သခင်ကြီးကား မြန်မာ့ဂီတအဆိုပညာတွင်လည်း ခေသူတော့မဟုတ်။