“အကိုတစ်ယောက်လိုချစ်ခဲ့ရတဲ့ မင်းသွေးသေဆုံးသွားတဲ့အတွက် ညမအိပ်နိုင် လွမ်းဆွတ်နေရတဲ့ သားငယ်”

0
807

လတ်တလော ပရိသတ်တွေကြားမှာ မယုံနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ဖြစ်ပေါ်ခဲ့တဲ့ သရုပ်ဆောင်မင်းသားချော မင်းသွေးသေဆုံးမှုကတော့အားလုံးသိလောက်ပြီထင်ပါတယ်။

ရုတ်တရပ်သေဆုံးမှုကြောင့် မိသားစုအပါအဝင် အနုပညာညီအကိုမောင်နှမများနှင့် ပရိသတ်အားလုံးလည်း ဝမ်းနည်းပူဆွေးခဲ့ရတာတွေ့ရပါတယ်။ အဆိုပါ ဝမ်းနည်းငိုကြွေးခဲ့သူတွေထဲမှာ သားငယ်ကတော့ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တာတွေ့ရပါတယ်။

သာမာန်သူတွေထက် ပိုမိုခင်မင်ခဲ့ကြတဲ့ သားငယ်နဲ့ မင်းသွေးတို့ရဲ့ ခင်မင်မှုတွေကတော့ ပရိသတ်အများစုသိနှင့်ပြီးသားဖြစ်မယ်ထင်ပါတယ်။ ခရီးအတူထွက်ခြင်း သီချင်းအတူဆိုခြင်း ဘောလုံးပွဲအတူအားပေးခြင်းတွေအပြင်

အချိန်တိုင်းနီးပါး အနားရှိနေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ သားငယ်နှင့်မင်းသွေးကတော့ ဘောလုံးပွဲကြည့်ချိန်တိုင်းတွင်လည်း အကြိုက်တူနှစ်ယောက်ဖြစ်ပြီး အခြားသူတွေနဲ့အတူ ဆန့်ကျင်ဘက် အားပေးလေ့ရှိသူတွေဖြစ်တာတွေ့ရပါတယ်။

မင်းသွေးသေဆုံးမှုကို မယုံကြည်ခဲ့ပေမယ့် လက်တွေ့မြင်ခဲ့ရတော့ သားငယ်တစ်ယောက် မျက်ရည်မဆည်နိုင်ငိုကြွေးခဲ့ရတာတွေ့ရပါတယ်။ မနေ့ညကလည်း သားငယ်တစ်ယောက်ကတော့ မင်းသွေးနဲ့ပတ်သက်ပြီး “နေရထိုင်ရ ခက်လိုက်တာအစ်ကိုရာ” ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။

ညီအကိုအရင်းတွေလိုချစ်ခင်ကြတဲ့ မင်းသွေးအတွက် ပူးဆွေးငိုကြွေးခဲ့တဲ့ သားငယ်ရဲ့ ပုံရိပ်လေေးတွကို ချစ်ပရိသတ်တွေအတွက် မျှဝေတွေပေးလိုက်ပါတယ်။ ကိုမင်းသွေးတစ်ယောက် ကောင်းရာမွန်ရာကိုရောက်ရှိပါစေ…