
0
2958







( Unicode )

သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်၏Facebookစာမျက်နှာအား Hackerများတိုက်ခိုက်၍ မိနစ်ပိုင်းခန့်အရေးကြီးအချက်အလက်များ ဖွင့်ချခံရ

ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်၏accအား ဧပြီလ (၁၅)ရက်နေ့ ည ၉နာရီခန့်အချိန်တွင် Hackerများတိုက်ခိုက်၍ မိနစ်၂၀ခန့် ထိန်းသိမ်းခံရပြီး အရေးကြီးအချက်အလက်အချို့ ဖွင့်ချခံခဲ့ရသည်ဟု သိရသည်။

နှိုင်းယှဉ်မြင့်မိုရ်သည် လတ်တလောတွင် Facebook၌ ဂယက်ထလျှက်ရှိသော အနုပညာလောကတိုက်ပွဲများတွင် (ထမင်းရှင်ဆိုရင် ထမင်းချိုင့်လာပို့ကြ)ဟူသောပို့စ်ဖြင့် နာမည်ကြီးနေသူတစ်ဦးဖြစ်သည်။

အဆိုပါဂယက်များနှင့်တစ်ဆက်တည်း မကျေနပ်သူHackerအဖွဲ့မှ နှိုင်းယှဉ်မြင့်မိုရ်၏facebookစာမျက်နှာအား ယာယီထိန်းသိမ်းသွားခြင်းဖြစ်သည်။

Loginဝင်ထားသည့်ဖုန်းများကိုခန့်မှန်းခြင်းအားဖြင့် Hacker ၅ဦး ဝင်ရောက်တိုက်ခိုက်သည်ဟုခန့်မှန်းထားပြီး မည်သူမည်ဝါဟုစုံစမ်းသိရှိခြင်းမရှိသေးကြောင်း သိရပါသည်။ မိနစ်(၂၀)ခန့် Hackerများရယူနိုင်ခဲ့ပြီးနောက် Email Addressကိုဖြုတ်သွားပြီး သရုပ်ဆောင်ဖွေးဖွေးနှင့်ပြောဆိုထားသည့်စာအချို့ ပရိသတ်အကြား ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

ဖွေးဖွေး နဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့၏ Chat များ ပေါ်ထွက်လာ April 15, 2019