မေကြ်းခ်င္ရင္ မျပပါနဲ႔………

0
362

အစိုးရ အထက္တန္း ေက်ာင္းတေက်ာင္းတြင္ ျဖစ္သည္ … ေက်ာင္းသူ တဦးႏွင့္ ေက်ာင္းသားတဦး စကား ေျပာေနသည္ကုိ ဆရာမ ေဘးမွ ေျခာင္းၿပီး နားေထာင္ေနသည္ ။” ေက်ာ္ေက်ာ္ေရ ဒီမွာ ၾကည့္ပါ့အုံး ငါ့အိမ္က ေပးလုိက္တာ ။ ပန္းသီးတလုံး ။ အရမ္းစားလုိ႕ ေကာင္းမွာပဲဟဲ႔ ” ” ငါ့ကုိလဲ တျခမ္း ေကြ်းပါ့လား ျမင့္ျမင့္ရယ္ ငါလည္း စားခ်င္လုိ႕ပါ ” ” ေအာင္မွာ ဘာလုိ႕ေကြ်းရမွာလဲ ဒီပန္းသီးက အရမ္းစားလုိ႕ ေကာင္းတာဟဲ႕ နင့္ကုိ ေကြ်းရင္ ငါနည္းနည္းပဲ စားရမွာေပါ့ဟဲ႔ ”

” ျမင့္ျမင့္ရာ နင္ ေတာ္ေတာ္ အက်င့္ပုပ္တာပဲ မေကြ်းခ်င္ပဲ ငါ့ကုိ ဘာလုိ႔ ျပတာလဲ အခု ငါက ျမင္ေတာ့ အရမ္း စားခ်င္တာေပါ့ နင္ ငါ့ကုိ ေကြ်းဟာ ” ” ေသလုိက္ပါ့လား မေကြ်းပါဘူး”ေက်ာ္ေက်ာ္သည္ သူမ်ားႏွင့္ မတူပါ ။ လုိခ်င္တာ မရမက ယူတက္သည္ ။ျမင့္ျမင့္က ပန္းသီးကုိ ျပျပီး မေကြ်းသျဖင့္ လုယူဖုိ႕ စဥ္းစားလုိက္သည္ ။” မေကြ်းရင္ လုတယ္ဟာ ”

ေက်ာ္ေက်ာ္ ပန္းသီးလုျပီး ေျပးသြားျပီ ။ ျမင့္ျမင့္ ငုိျပီ ။သူ႕အျပစ္ႏွင့္သူ ခံရေလျပီ ။ ၾကြားခ်င္ ျပခ်င္ေတာ့ ခံရတာေပါ့ ။ဆရာမ ဆီ သြားတုိင္သည္ ။ ဆရာမ ျဖစ္ေၾကာင္း ကုန္စင္ အကုန္ သိျပီးသား။ေက်ာ္ေက်ာ္ ကုိ ထုိင္ထ အခါ ၅၀ လုပ္ျပီး အျပစ္ေပး လုိက္သည္ ။ထုိ႕ေနာက္ အတန္းထဲမွ ေက်ာင္းသား ေက်ာင္းသူမ်ားကုိ ဆုံးမစကား ေျပာေလသည္။” ကေလးတုိ႔ ေရ အခု ျမင့္ျမင့္နဲ႔ ေက်ာ္ေက်ာ္တုိ႕ ေျပာတာေတြကုိ ဆရာမ အကုန္ၾကားတယ္ …ျမင့္ျမင့္က ပန္းသီးကုိ ေက်ာ္ေက်ာ္ ျမင္ေအာင္ ျပတယ္ စားခ်င္လာေအာင္ အရသာရွိေၾကာင္း ေျပာတယ္ …အရမ္း စားခ်င္လာေတာ့ သူမေကြ်းဘူူး…အဲဒီေတာ့ ေက်ာ္ေက်ာ္က စိတ္မထိန္းႏုိင္ပဲ လုစားလုိက္တယ္ …

တကယ္ဆုိရင္ ျမင့္ျမင့္မွာလည္း အျပစ္ မကင္းပါဘူး သူ႕အျပစ္နဲ႔သူ ခံရတာ ဒီလုိပဲ သမီးတုိ႔လည္း မွတ္သားထားပါ ” ” အခုေခတ္မွာ မိန္းခေလး ေတြဟာ ေယာက္က်ားေလးေတြ ျမင္ေအာင္ ရင္သားေတြေဖာ္ ေပါင္ေတြျပတဲ႕ အဝတ္အစားေတြ ဝတ္က်တယ္ … ခုန ပန္းသီး လုိေပါ့ မေကြ်းခ်င္ပဲ သူတပါး ျမင္ေအာင္ ျပတာဟာ အႏၲ၇ာယ္ ကုိ ဖိတ္ေခၚသလုိပဲ။မိန္းကေလးေတြက ဒီလုိ အတြင္းသားေတြ ျပေတာ့ စိတ္ရုိင္းရွိတဲ႕ ေယာက္က်ားသားေတြက ျဖစ္ခ်င္ရာ ျဖစ္ဆုိျပီး လုစားတက္တယ္။သမီးတုိ႕လည္း ေနာင္တခ်ိန္ အရြယ္ေရာက္လာရင္ လုံလုံ ၿခံဳၿခဳံ ဝတ္ၾကပါလုိ႕ ဆရာမ မွာခ်င္တယ္ ” ” ဟုတ္ကဲ႕ပါ ဆရာမ ”သမီးတုိ႕ လုံလုံ ၿခဳံၿခံဳ ဝတ္ပါ့မယ္ ။ျမန္မာမေလး တုိ႔ေရ ေျပာခ်င္တာကေတာ့ ဒါပါပဲကြယ္ မေကြ်းခ်င္ရင္ မျပပါနဲ႔ လုစား ခံရတတ္တယ္ေနာ္။ နားလည္ သေဘာေပါက္ပါေစ …

MalMadi

Unicode Version

အစိုးရ အထက်တန်း ကျောင်းတကျောင်းတွင် ဖြစ်သည် … ကျောင်းသူ တဦးနှင့် ကျောင်းသားတဦး စကား ပြောနေသည်ကို ဆရာမ ဘေးမှ ခြောင်းပြီး နားထောင်နေသည် ။” ကျော်ကျော်ရေ ဒီမှာ ကြည့်ပါ့အုံး ငါ့အိမ်က ပေးလိုက်တာ ။ ပန်းသီးတလုံး ။ အရမ်းစားလို့ ကောင်းမှာပဲဟဲ့ ” ” ငါ့ကိုလဲ တခြမ်း ကျွေးပါ့လား မြင့်မြင့်ရယ် ငါလည်း စားချင်လို့ပါ ” ” အောင်မှာ ဘာလို့ကျွေးရမှာလဲ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာဟဲ့ နင့်ကို ကျွေးရင် ငါနည်းနည်းပဲ စားရမှာပေါ့ဟဲ့ ”

” မြင့်မြင့်ရာ နင် တော်တော် အကျင့်ပုပ်တာပဲ မကျွေးချင်ပဲ ငါ့ကို ဘာလို့ ပြတာလဲ အခု ငါက မြင်တော့ အရမ်း စားချင်တာပေါ့ နင် ငါ့ကို ကျွေးဟာ ” ” သေလိုက်ပါ့လား မကျွေးပါဘူး”ကျော်ကျော်သည် သူများနှင့် မတူပါ ။ လိုချင်တာ မရမက ယူတက်သည် ။မြင့်မြင့်က ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည် ။” မကျွေးရင် လုတယ်ဟာ ”

ကျော်ကျော် ပန်းသီးလုပြီး ပြေးသွားပြီ ။ မြင့်မြင့် ငိုပြီ ။သူ့အပြစ်နှင့်သူ ခံရလေပြီ ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့ ။ဆရာမ ဆီ သွားတိုင်သည် ။ ဆရာမ ဖြစ်ကြောင်း ကုန်စင် အကုန် သိပြီးသား။ကျော်ကျော် ကို ထိုင်ထ အခါ ၅၀ လုပ်ပြီး အပြစ်ပေး လိုက်သည် ။ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမစကား ပြောလေသည်။” ကလေးတို့ ရေ အခု မြင့်မြင့်နဲ့ ကျော်ကျော်တို့ ပြောတာတွေကို ဆရာမ အကုန်ကြားတယ် …မြင့်မြင့်က ပန်းသီးကို ကျော်ကျော် မြင်အောင် ပြတယ် စားချင်လာအောင် အရသာရှိကြောင်း ပြောတယ် …အရမ်း စားချင်လာတော့ သူမကျွေးဘူူး…အဲဒီတော့ ကျော်ကျော်က စိတ်မထိန်းနိုင်ပဲ လုစားလိုက်တယ် …

တကယ်ဆိုရင် မြင့်မြင့်မှာလည်း အပြစ် မကင်းပါဘူး သူ့အပြစ်နဲ့သူ ခံရတာ ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ ” ” အခုခေတ်မှာ မိန်းခလေး တွေဟာ ယောက်ကျားလေးတွေ မြင်အောင် ရင်သားတွေဖော် ပေါင်တွေပြတဲ့ အဝတ်အစားတွေ ဝတ်ကျတယ် … ခုန ပန်းသီး လိုပေါ့ မကျွေးချင်ပဲ သူတပါး မြင်အောင် ပြတာဟာ အန္တရာယ် ကို ဖိတ်ခေါ်သလိုပဲ။မိန်းကလေးတွေက ဒီလို အတွင်းသားတွေ ပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ကျားသားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတက်တယ်။သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံ ခြုံခြုံ ဝတ်ကြပါလို့ ဆရာမ မှာချင်တယ် ” ” ဟုတ်ကဲ့ပါ ဆရာမ ”သမီးတို့ လုံလုံ ခြုံခြုံ ဝတ်ပါ့မယ် ။မြန်မာမလေး တို့ရေ ပြောချင်တာကတော့ ဒါပါပဲကွယ် မကျွေးချင်ရင် မပြပါနဲ့ လုစား ခံရတတ်တယ်နော်။ နားလည် သဘောပေါက်ပါစေ …

MalMadi