LATEST ARTICLES

ကန်ဘောင်မှ စည်ပင်ဝန်ထမ်းတွေအတွက် ထမင်း၊ဟင်းတွေ ချက်ကျွေးခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလဲ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းလှတဲ့ မင်းသမီးချောလေး ဖွေးဖွေးက အားနည်းသူတွေကို ကူညီဖို့ အမြဲရှိနေတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဖွေးဖွေးက ဒီတစ်ခေါက်မှာလည်း သူမတို့အိမ်နားက စည်ပင်ဝန်ထမ်းတွေကို...

ကျောင်းလခ အဖြစ် ..ပလတ်စတစ်အမှိုက်တွေကိုလက်ခံပြီး ..စာသင်ပေးတဲ့ ကျောင်း

အိန္ဒိ ယနို င်ငံက Akshar ဖောင်ဒေးရှင်း ဟာ ဆင်းရဲနွမ်းပါး မိသားစု က ကလေးငယ်တွေ အတွက် စာသင်ဖို့အခက်အခဲမဖြစ်ရအောင် အထူးခြားဆုံး အစီအစဉ်တစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ ဒါ က တော့ လူငယ်လူရွယ်တွေနဲ့ ကလေးငယ်တွေအတွက် ကျောင်းလခအဖြစ် ပလတ်စတစ်အမှိုက်တွေကိုလက်ခံပေးပြီး စာသင်ပေးတဲ့ စာသင်ကျောင်းပုံစံတစ်ခုကို တီထွင်ကြံဆပေးနိုင်ခဲ့ကြတာပါ။ ၂၀၁၆ ခုနှစ်ကတည်းက ဒီလို ထူးခြားတဲ့ အခမဲ့ ပညာသင်ယူနိုင်ရေးပုံစံသစ်ကို Akshar က အကောင်အထည်...

ကျောပိုးအိတ်ဖိုး မတတ်နိုင်လို့သားဖြစ်သူအတွက် ကိုယ်တိုင် ကျောပိုးအိတ်လေး ဖန်တီးပေးတဲ့ ဖခင်

အခြေခံ လူတန်းစားတွေအများစုဟာ ကိုယ့်သားသမီးကို ပညာအမွေပဲ ပေးနိုင်တာကြောင့် မဖြစ်ဖြစ်တဲ့ ကြားက ရုန်းကန်ပြီး ကျောင်းကို ထားပေးကြရပါတယ်။ ကျောင်းကို ရောက်တဲ့ အခါမှာလည်း အခြားကလေးတွေနဲ့ တန်းတူ မျက်နှာမငယ်ရအောင် ပိုက်ဆံမရှိတဲ့ ကြားက ကိုယ့်သားသမီး အတွက် နည်းမျိုးစုံနဲ့ အဆင်ပြေအောင် ဖန်တီးပေးကြရပါတယ်။ ယခုလည်း ကမ်ေယာဒီးယားနိုင်ငံက NY Keng ဆိုတဲ့ ၅နှစ်အရွယ်ကလေးလေးဟာ ကျောင်းတက်ဖို့အတွက် ကျောပိုးအိတ်မရှိပါဘူး။ သူရဲ့ မိဘတွေဟာ လက်လုပ်လက်စား လယ်သမားမိသားစုဖြစ်တာကြောင့်...

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ခိုးယူရောင်းချမှုများရှိနေ

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း UNESCO ဝင်နိုင်ရေးကြိုးပမ်းနေတဲ့ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို တရားမဝင်ရောင်းချမှုတွေ ရှိတယ်လို့ မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။ အမွေအနှစ်တွေဟာ တန်ဖိုးရှိမှန်းသိရက်နဲ့ လောဘသားတွေက ရောင်းဝယ်ဖောက်ကား ကြတာတွေရှိသလို တန်ဖိုးထားရမှန်းမသိဘဲနဲ့ ရောင်းဝယ်ကြာတာတွေကြောင့် ပျောက်ဆုံးမှုတွေ ရှိတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဆိုပါတယ်။ ဒါ့အပြင် အရင်က ဌာနဆိုင်ရာတွေက အကောင်အထည်ဖော်ပြီး လျှစ်စစ်မီးသွယ်တန်းတာ တွေ လမ်းတံတားဖောက်လုပ်တာတွေဟာ အမွေအနှစ်တွေအပေါ်မှာ များစွာထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။...

ကံကောင်းခြင်းတွေကိုယ့်ဆီရောက်လာဖို့ နေ့တိုင်းလုပ်ပေးရမယ့်အချက် (၇) ချက်

ကံကောင်းခြင်းတွေကိုယ့်ဆီရောက်လာဖို့ နေ့တိုင်းလုပ်ပေးရမယ့်အချက် (၇) ချက် ကံကောင်းခြင်းဆိုတာ သူ့အလိုလိုဖြစ်လာတဲ့အရာလား၊ လုပ်ယူလို့ရတဲ့အရာလားလို့မေးရင် ဘယ်လိုဖြေမှာပါလဲ။ တကယ်တော့ ကံကောင်းတယ်ဆိုတာကိုလုပ်ယူလို့ရပါတယ်။ ကံကောင်းအောင်လုပ်ယူလို့ရမယ့်နည်းလမ်းလေးတွေကိုတော့ အခုပဲဖတ်ပြီး တကယ်ဖြစ်မဖြစ် လိုက်လုပ်ကြည့်လိုက်နော်။ (1)- စိတ်ရှင်းအောင်နေပါ စိတ်ထဲမှာမရှင်းတာမျိုး၊ စိတ်ဖိစီးမှုများနေတာမျိုး၊ စိတ်ခံစားချက်တွေများနေတာမျိုးဖြစ်နေတဲ့အခါ ကိုယ့်ရဲ့စိတ်ကညစ်နွမ်းနေပြီး ကောင်းမွန်တဲ့အတွေးတွေကိုမတွေးနိုင်တော့ပါဘူး။ မကောင်းတဲ့အတွေးတွေက ကံကောင်းခြင်းတွေကိုယ့်ဆီရောက်မလာအောင် တားဆီးနိုင်တာကြောင့် တတ်နိုင်သလောက်စိတ်ကိုရှင်းအောင်နေပါ။ (2)- အမြဲသပ်သပ်ရပ်ရပ်ဝတ်စားပါ အဝတ်အစားအပြင်အဆင်တွေက အပေါ်ယံတွေလို့ ထင်ကြပါလိမ့်မယ်။ အဲ့ဒါထက်ပိုပါတယ်။ အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်တာက စိတ်ကိုကြည်လင်စေပြီး ကိုယ့်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကိုပါတိုးတက်စေပါတယ်။ စိတ်ကြည်လင်နေတော့ မကောင်းတဲ့အတွေးတွေမတွေးမိအောင် တားပေးနိုင်ပါတယ်။ (3)- ကောင်းတာတွေဖြစ်လာမယ်လို့တွေးပါ စိတ်အတွေးတွေက တကယ့်အဖြစ်အပျက်တွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်...

မြန်မာဝတ်စုံလေးနဲ့ ဆိုရင်ရော ချစ်လား ဆိုတဲ့ ဒေါက်တာမလေး မော်ဒယ်လ် နန်းမွေစံ

ဆက်စီ photo model ဒေါက်တာ နန်းမွေစံဟာဆိုရင် သူမရဲ့ စွဲမက်ဖွယ်ရာ ကောက်ကြောင်းအလှ နဲ့ Sexy ကျတဲ့ ပုံရိပ်တွေကြောင့် ပုရိသတွေကြားမှာ နာမည်ကြီးသူပါ။ အမိုက်စား pose တွေနဲ့ ပုရိသ ယောကျာ်းတွေကို ဆွဲဆောင်ထားတဲ့ သူမက လက်ရှိမှာ သူမရဲ့ အထွေထွေဆေးကုသခွင့် လက်မှတ်ကို သိမ်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ဆက်စီ photo model ဒေါက်တာ နန်းမွေစံ က လက်ရှိမှာ သူမရဲ့...

Myanmar Idol က ဒိုင်တွေဖက်ရှင်ပြိုင်တဲ့ ပြိုင်ပွဲမဟုတ်ဘူးဆိုတဲ့ ဖြူဖြူကျော်သိန်း

2003ခုနှစ်လောက်က မြန်မာနိုင်ငံရဲ့ နာမည်ကြီး IC ရဲ့စင်တင် အဆိုတော်အဖြစ် ဂီတလောကကြီးထဲကို စတင်ခြေလှမ်းဝင်ရောက်ခဲ့တဲ့ ဖြူဖြူကျော်ကျော်သိန်း ကိုတော့အားလုံးပဲသိကြပြီးသားဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ကိုယ်စားအနေနဲ့လည်းနိုင်ငံတကာ ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်သီဆိုခဲ့ရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူရဲ့သီချင်းတွေကလည်း တစ်နိုင်ငံလုံးမှာ အောင်မြင်နေပါတယ်။ အခုဆိုရင်တော့ သူဟာ Myanmar Idol season 4 မှာ အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ပါဝင်လုပ်ကိုင်သွားဦးမှာဖြစ်ပါတယ်။ သူနဲ့Kz မီဒီယာနဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။ ဖြူဖြူကျော်သိန်းက “ဖြူဖြူအနေနဲ့ပြောရရင် Myanmar...

ရုပ်ရှင်ရိုက်ကူးရာ ပြင်ဦးလွင်မြို့မှ မိသားစုတွေကို သတိရနေတဲ့ ခိုင်သင်းကြည်

နိုင်ငံကျော်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်လို့ပြောလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိမှာကတော့ ဟန်ချက်ညီညီနဲ့ သရုပ်ဆောင်ကောင်းလွန်းတဲ့ သူမရဲ့ အမူအရာလေးတွေပါ။ အရမ်းကိုသွက်လက်ပြီး ချစ်စရာကောင်းလွန်းတဲ့ သူမကတော့ ချစ်သမီးလေး ထိပ်ထားနဲ့ အရွယ်တူညီအစ်မအလား ထင်ရလောက်အောင် နုပျိုလှပလွန်းတဲ့ သူလေးတစ်ယောက်ပါ။ ခင်ပွန်းရဲ့ ဂရုစိုက်မှု ချစ်ခင်မှုကိုရရှိထားခဲ့တဲ့ သူမကတော့ မိသားစုရေးမှာ အများက လေးစားအားကျရလောက်တဲ့ မိသားစုလေးကို ရယူပိုင်ဆိုင်ထားခဲ့ရတဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သူမကတော့ အနုပညာအလုပ်ကို ဝါသနာပါလွန်းတဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် အနုပညာအလုပ်ကို မနားဘဲ...

မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး လှနေတဲ့ ပိုးကြာဖြူခင်

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ပိုးကြာဖြူခင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ပိုးကြာဖြူခင် ရဲ့ အလှပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ လက်ရှိမှာ ပိုးကြာဖြူခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တဲ့ " ကြယ်ကလေးရဲ့ကောင်းကင်ဇာတ်လမ်းတွဲ" ကိုလည်း...

The Voice Myanmar Semi final နေ့မှာ ပန်းရောင် Dress လေးနဲ့အရမ်းလှနေတဲ့ နီနီခင်ဇော်

အဆိုပိုင်းမှာ အောင်မြင်မှုတစ်ခုရရှိနေပြီဖြစ်တဲ့ နီနီခင်ဇော်ကတော့ တစ်နေ့တစ်ခြား အလှတွေတိုးလာတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်ရရှိထားသူလေးပါ။ နီနီခင်ဇော်ကတော့ melody world ကနေခက်ခက်ခဲခဲပြိုင်ပွဲဝင်ပြီး ကြိုးစားလာရတဲ့သူလေးဖြစ်ပြီး ယခုအချိန်မှာ အောင်မြင်မှုများစွာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် နီနီခင်ဇော် ရဲ့အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ နီနီခင်ဇော် က The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်နေတာ ဖြစ်ပြီး ပြိုင်ပွဲနေ့တွေမှာ ဝတ်တဲ့ သူမရဲ့ အမိုက်စားဖက်ရှင်တွေကလည်း အရမ်းကိုလှနေတာပါ။ ဆွဲဆောင်မှုအပြည့်နဲ့...