ခ်စ္သူကို ဓားနဲ႔ထုိးၿပီးေနာက္၊ ေသမွာစုိးလုိ႔ ဖက္ၿပီးငုိယုိေနတဲ့ အမ်ိဳးသမီး

0
201

မကၠဆီကုိႏုိင္ငံ၊ Hotel La Cascada ဟုိတယ္ရဲ႕အျပင္ဘက္မွာ အမ်ိဳးသားတစ္ေယာက္ဟာ ဗုိက္ကို ဓားနဲ႔ထုိးခံခဲ့ရပါတယ္။ အဲဒီအမ်ိဳးသားကို ခ်စ္သူျဖစ္သူ အမ်ိဳးသမီးက ေၾကာက္လန္႔တၾကား ေပြ႔ဖက္ငုိယုိၿပီး၊ “ရွင္ မေသပါနဲ႔ဦး … ကၽြန္မကို ခြင့္လႊတ္ပါ … ရွင္ ေသလုိ႔မရဘူး “ဆုိၿပီးေအာ္ဟစ္ ငုိယုိေနပါတယ္။

မ်က္ျမင္သက္ေသတစ္ဦးရဲ႕ ေျပာၾကားခ်က္အရ အဲဒီအမ်ိဳးသားကုိ သူမကိုယ္တုိင္ ဓားနဲ႔ထုိးခဲ့တာပါတဲ့။

ဓားနဲ႔ထုိးခံရသူမွာ Erick Omar လုိ႔ သိရၿပီး၊ သူရဲ႕ခ်စ္သူကေတာ့ Sonia Amayrani Nunez Aguilar လုိ႔ သိရပါတယ္။ သူမဟာ ခ်စ္သူကို ေသေစခ်င္လုိ႔ ဓားနဲ႔ထုိးခဲ့တာျဖစ္သလုိ၊ အျခားတစ္ဖက္ကလည္း သူမ သူ႕ကို ဘယ္ေလာက္ခ်စ္ေၾကာင္း ပါးစပ္က တဖြဖြေျပာေနတာပါ။ Sonia ဟာ အသက္(၂၂)ႏွစ္ျဖစ္ၿပီး၊ သူမကို Erick က အရင္႐ုိက္လုိ႔ ့ျပန္ၿပီးတုိက္ခုိက္မိတာလုိ႔ ေျပာပါတယ္။

Sonia က ” သူကအရင္ ကၽြန္မကုိ ႐ိုက္တာပါရွင္ … သူက ကၽြန္မကုိ သတ္ဖုိ႔ ႀကိဳးစားခဲ့တာပါ … “လုိ႔ ပါးစပ္ကေန ေအာ္ၿပီးေျပာသလုိ၊ ဒဏ္ရာျပင္းထန္စြာ ရရွိထားတဲ့ ခ်စ္သူ Erick ကုိလည္း “ရွင္ သူတုိ႔ၾကားေအာင္ ေျပာလုိက္ဦးေလ … ကၽြန္မကို ခြင့္လႊတ္ပါ … ေက်းဇူးျပဳၿပီး မေသပါနဲ႔ “လုိ႔ ေအာ္ျပန္ပါတယ္။ Erick ဟာ ေသြးေတြ ဒလေဟာထြက္ေနတဲ့ ဒဏ္ရာကို လက္နဲ႔ဖိထားရင္း-

” သူမက ကၽြန္ေတာ့္ကို သတ္ဖုိ႔ ႀကိဳးစားခဲ့တာပါ … အကူအညီ ေခၚေပးၾကပါ “လုိ႔ ေဘးကေန ရပ္ၾကည့္ေနသူေတြကုိ အကူအညီေတာင္းသလုိ၊ Sonia က ” မဟုတ္ဘူး … ရွင့္ကို ကၽြန္မ သတ္ဖုိ႔မႀကိဳးစားခဲ့ဘူး … ဘာလုိ႔လဲဆုိေတာ့ ရွင့္ကို ခ်စ္လုိ႔ေပါ့ … ရွင့္ကို ဘယ္တုန္းကမွ ဒီလုိမလုပ္ခဲ့ဖူးဘူး … ရွင္က ကၽြန္မကို အရမ္းႏွိပ္စက္တယ္ “လုိ႔ ေျပာခဲ့ပါတယ္။

Erick က ” ဘုရားသခင္ပဲ အျပည့္အစုံ သိလိမ့္မယ္ “လုိ႔ ေျပာခဲ့ပါတယ္။ မၾကာမီမွာ ရဲကားတစ္စီးေရာက္လာပါတယ္။ ဒါေပမယ့္ သူတုိ႔မွာ အင္အားနည္းတဲ့အတြက္ ဓားထုိခံရတဲ့လူကို ေဆး႐ုံပုိ႔ေပးဖုိ႔မျဖစ္ႏုိင္ေၾကာင္း ျငင္းဆန္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ေနာက္ထပ္ တစ္နာရီေလာက္ေနမွ လူနာတင္ကား ေရာက္ရွိလာခဲ့ၿပီး၊ လူနာကုိ ေဆး႐ုံတင္ခဲ့တာပါ။

ေဆး႐ုံမွာ Erick ကုိ အေရးေပၚခြဲစိတ္ ကုသေပးခဲ့တာေၾကာင့္၊ အသက္ကို ကယ္တင္ႏုိင္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ေလာေလာဆယ္ေတာ့ ဓားနဲ႔ထုိးတဲ့ Sonia ကုိ ရဲက ဖမ္းဆီးထားၿပီး၊ စစ္ေဆးေနတယ္လုိ႔ သိရပါတယ္။ Erick ဟာ အသက္(၂၉)ႏွစ္အရြယ္လုိ႔ သိရၿပီး၊ အခုေတာ့ ေဆး႐ုံမွာ စိတ္ခ်ရတဲ့အေနအထားလုိ႔ သိရပါတယ္။

credit – Myanmarnote

မက္ကဆီကိုနိုင်ငံ၊ Hotel La Cascada ဟိုတယ်ရဲ့အပြင်ဘက်မှာ အမျိုးသားတစ်ယောက်ဟာ ဗိုက်ကို ဓားနဲ့ထိုးခံခဲ့ရပါတယ်။ အဲဒီအမျိုးသားကို ချစ်သူဖြစ်သူ အမျိုးသမီးက ကြောက်လန့်တကြား ပွေ့ဖက်ငိုယိုပြီး၊ “ရှင် မသေပါနဲ့ဦး … ကျွန်မကို ခွင့်လွှတ်ပါ … ရှင် သေလို့မရဘူး “ဆိုပြီးအော်ဟစ် ငိုယိုနေပါတယ်။

မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရ အဲဒီအမျိုးသားကို သူမကိုယ်တိုင် ဓားနဲ့ထိုးခဲ့တာပါတဲ့။

ဓားနဲ့ထိုးခံရသူမှာ Erick Omar လို့ သိရပြီး၊ သူရဲ့ချစ်သူကတော့ Sonia Amayrani Nunez Aguilar လို့ သိရပါတယ်။ သူမဟာ ချစ်သူကို သေစေချင်လို့ ဓားနဲ့ထိုးခဲ့တာဖြစ်သလို၊ အခြားတစ်ဖက်ကလည်း သူမ သူ့ကို ဘယ်လောက်ချစ်ကြောင်း ပါးစပ်က တဖွဖွပြောနေတာပါ။ Sonia ဟာ အသက်(၂၂)နှစ်ဖြစ်ပြီး၊ သူမကို Erick က အရင်ရိုက်လို့ ့ပြန်ပြီးတိုက်ခိုက်မိတာလို့ ပြောပါတယ်။

Sonia က ” သူကအရင် ကျွန်မကို ရိုက်တာပါရှင် … သူက ကျွန်မကို သတ်ဖို့ ကြိုးစားခဲ့တာပါ … “လို့ ပါးစပ်ကနေ အော်ပြီးပြောသလို၊ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ ချစ်သူ Erick ကိုလည်း “ရှင် သူတို့ကြားအောင် ပြောလိုက်ဦးလေ … ကျွန်မကို ခွင့်လွှတ်ပါ … ကျေးဇူးပြုပြီး မသေပါနဲ့ “လို့ အော်ပြန်ပါတယ်။ Erick ဟာ သွေးတွေ ဒလဟောထွက်နေတဲ့ ဒဏ်ရာကို လက်နဲ့ဖိထားရင်း-

” သူမက ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ … အကူအညီ ခေါ်ပေးကြပါ “လို့ ဘေးကနေ ရပ်ကြည့်နေသူတွေကို အကူအညီတောင်းသလို၊ Sonia က ” မဟုတ်ဘူး … ရှင့်ကို ကျွန်မ သတ်ဖို့မကြိုးစားခဲ့ဘူး … ဘာလို့လဲဆိုတော့ ရှင့်ကို ချစ်လို့ပေါ့ … ရှင့်ကို ဘယ်တုန်းကမှ ဒီလိုမလုပ်ခဲ့ဖူးဘူး … ရှင်က ကျွန်မကို အရမ်းနှိပ်စက်တယ် “လို့ ပြောခဲ့ပါတယ်။

Erick က ” ဘုရားသခင်ပဲ အပြည့်အစုံ သိလိမ့်မယ် “လို့ ပြောခဲ့ပါတယ်။ မကြာမီမှာ ရဲကားတစ်စီးရောက်လာပါတယ်။ ဒါပေမယ့် သူတို့မှာ အင်အားနည်းတဲ့အတွက် ဓားထိုခံရတဲ့လူကို ဆေးရုံပို့ပေးဖို့မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် တစ်နာရီလောက်နေမှ လူနာတင်ကား ရောက်ရှိလာခဲ့ပြီး၊ လူနာကို ဆေးရုံတင်ခဲ့တာပါ။

ဆေးရုံမှာ Erick ကို အရေးပေါ်ခွဲစိတ် ကုသပေးခဲ့တာကြောင့်၊ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ ဓားနဲ့ထိုးတဲ့ Sonia ကို ရဲက ဖမ်းဆီးထားပြီး၊ စစ်ဆေးနေတယ်လို့ သိရပါတယ်။ Erick ဟာ အသက်(၂၉)နှစ်အရွယ်လို့ သိရပြီး၊ အခုတော့ ဆေးရုံမှာ စိတ်ချရတဲ့အနေအထားလို့ သိရပါတယ်။

credit – Myanmarnote