ခ်စ္သူကို ေကာလိပ္ပို႔ဖို႔ အလုပ္ၾကမ္းေတြလုပ္ၿပီး ေငြရွာေပးခဲ့တဲ့ အမ်ိဳးသား

0
79

အလုပ္ေတြသိမ္းၾကံဳးလုပ္ၿပီး ေကာလိတ္တက္ဖို႕ ေထာက္ပံ့ေပးခဲ့တဲ့ ခ်စ္သူေကာင္မေလး ဘြဲ႕ယူေတာ့မွာမို႕ ဂုဏ္ယူၾကည္ႏူးေနတဲ့ အမ်ိဳးသားတစ္ဦးဟာ သူတို႕ရဲ႕ အခ်စ္ဇာတ္လမ္းေလးကို လူမႈကြန္ယက္ေပၚမွာ မွ်ေဝရင္း လူစိတ္ဝင္စားမႈျမင့္တက္ေနတဲ့အျပင္ အေဝဖန္လည္းခံေနရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ၊ San Jose del Monte မွ Ador Adrian Gabrieles နဲ႕ Aira Arcamo တို႕ဟာ အထက္တန္းေက်ာင္းသားဘဝထဲက တြဲခဲ့တဲ့ သမီးရည္းစားေတြျဖစ္ပါတယ္။ သူတို႕ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းေလးဟာ မၿပီးဆံုးေသးေပမယ့္ အခ်စ္နဲ႕ေအာင္ျမင္မႈဆုိတာ တြဲလ်က္ဖန္တီးယူလို႕ရတယ္ဆိုတာကို သက္ေသျပသြားခဲ့ပါတယ္။

Ador နဲ႕ Aira တို႕ အထက္တန္းေက်ာင္းၿပီးသြားၾကတဲ့ႏွစ္ကစခဲ့တာပါ။ Aira ဟာ တစ္ရက္ Ador ဆီလာၿပီး ေကာလိတ္မတက္ရေတာ့မယ့္အေၾကာင္း၊ သူ႕ေမာင္ႏွမေတြအကုန္လံုး ေက်ာင္းအပ္ၿပီးေပမယ့္ Aira ကိုေတာ့ အိမ္ကမတတ္ႏိုင္လို႕ဆိုၿပီး ေက်ာင္းဆက္မတက္ခိုင္းေၾကာင္း ငိုၿပီး ေျပာလာခဲ့ပါတယ္။

ခ်စ္သူမ်က္ရည္က်တာကို မျမင္ရက္တဲ့ Ador အတြက္ Aira ကို တက္ခ်င္စိတ္ရွိလားလို႕ ေမးခဲ့ရာ Aira က ေခါင္းျငိမ့္တဲ့အတြက္ ေက်ာင္းသြားအပ္လိုက္၊ ဘြဲ႕ရတဲ့အထိ ေက်ာင္းစရိတ္နဲ႕ က်ဴရွင္စရိတ္ေတြ အကုန္ေပးမယ္ဆိုၿပီး Ador တစ္ေယာက္ ကတိေပးခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက Ador ဟာ ၁၈ ႏွစ္သာသာသာ ရွိေနေသးၿပီး ပညာအရည္အခ်င္းကလည္း အထက္တန္းေအာင္ရံုသာရွိပါေသးတယ္။ ဒီအျပင္ အဂၤလိပ္လိုကလည္း လည္လည္ဝယ္ဝယ္မတတ္ေတာ့ သြားသမွ်အင္တာဗ်ဴးတိုင္းမွာ လံုးဝအဆင္မေျပခဲ့ပါဘူး။

ဖိလစ္ပိုင္ႏို္္င္ငံရဲ႕ ရံုးသံုးဘာသာစကားဟာ ၉၀% ေလာက္က အဂၤလိပ္လိုျဖစ္ေနတဲ့အတြက္ ေျပာေလ့ေျပာထမရွိတဲ့ Ador အတြက္ကေတာ့ အရမ္းခက္ခဲခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ ရာထူးခပ္နိမ့္နိမ့္ထဲက အေရာင္းဝန္ထမ္းလိုမ်ိဳး ဆိုင္ေတြနဲ႕ဆက္သြယ္၊ စာေပးစာယူလုပ္ရတဲ့ အလုပ္တစ္ခုကို ရသြားခဲ့ပါတယ္။

သုိ႕ေပမယ့္ ပစၥည္းေတြလည္း ထမ္းရ၊ အရပ္တကာလွည့္လည္သြားၿပီး လူေတြနဲ႕ဆက္ဆံရာမွာလည္း မတူသလိုမတန္သလိုေတြဆက္ဆံခံရနဲ႕ လခလည္း နည္းလြန္းတာေၾကာင့္ အဆင္မေျပခဲ့ပါဘူူး။ သို႕ေပမယ့္ Aria ရဲ႕ မ်က္ႏွာတစ္ခုတည္းေၾကာင့္ ဒီအလုပ္မွာ မွိန္းလုပ္ရင္း တစ္ဖက္က သူအားနည္းတဲ့ အဂၤလိပ္စာစကားေျပာကို အျပင္းအထန္ေလ့လာခဲ့ပါတယ္။

အလုပ္လုပ္ရင္း အားလပ္ရက္ေတြမွာ အင္တာဗ်ဴးေတြလိုက္ေျဖရင္းနဲ႕ တစ္ေန႕မွာေတာ့ Call center တစ္ခုမွာ အလုပ္ေနရာရခဲ့ပါတယ္။ လစာလည္းအသင့္အတင့္ရွိၿပီး အရင္လိုကာယအားနဲ႕ ပင္ပမ္းဆင္းရဲစြာ မလုပ္ရေတာ့တာမို႕ Ador တစ္ေယာက္ အလုပ္မွာ အေျခခ်ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ Aira ဟာ အဂၤလိပ္စာေမဂ်ာနဲ႕ လာမယ့္ ၂၀၁၉ ဧၿပီလမွာ ဘြဲ႕ယူေတာ့မွာပါ။

Ador ဟာ သူတို႕ခ်စ္သူႏွစ္ေယာက္ရဲ႕ ကိစၥကို နာမည္ႀကီးပါေစတာ့ဆိုၿပီး လူမႈကြန္ယက္မွာ တင္ခဲ့တာမ်ိဳးမဟုတ္ဘဲ သူအလုပ္ႀကိဳးစားတာနဲ႕တန္ေအာင္ သူ႕ခ်စ္သူေလးကလည္း တစ္ႏွစ္တစ္တန္း မွန္မွန္ေအာင္ေအာင္ႀကိဳးစားေပးၿပီး လိမ္လိမ္မာမာေနေပးအတြက္ ဂုဏ္ျပဳခ်ီးက်ဴးစာေလးတင္ခဲ့တာပါ။

သုိ႕ေပမယ့္ လူမႈကြန္ယက္ဆိုေတာ့ အသံုးျပဳသူေတြက သူတို႕နဲ႕ဆိုင္ဆုိင္မဆိုင္ဆိုင္ အျမဲတမ္းဝင္ေဝဖန္ၾကတာ သဘာဝတစ္ခုမဟုတ္လား။ အခုလည္း Ador ဟာ ႏြားက်ခံၿပီး ေက်ာင္းထားေပးေပမယ့္ ေကာင္မလးကအလုုပ္ရတာနဲ႕ Ador ကို ပစ္သြားမွာဆိုၿပီး ဝိုင္းေျပာေနၾကပါတယ္။

Ador နဲ႕ Aria တို႕ၾကား လိုလိုလားလားနဲ႕ သေဘာတူညီမႈတစ္ခုရွိပါတယ္။ အဲဒါကေတာ့ Aira ဘြဲ႕ရလို႕ လစာအဆင္ေျပတဲ့ အလုုပ္တစ္ခုရခဲ့ရင္ Ador က တစ္လွည့္အလုပ္ထြက္ၿပီး ေက်ာင္းတက္မွာပါ။ Ador နဲ႕ Aira တုိ႕ ၾကားထဲက အတြင္းေရးကို ထဲထဲဝင္ဝင္မသိဘဲ ေဝဖန္ေနၾကတဲ့သူေတြကိုေတာ့ သူတို႕ခ်စ္သူႏွစ္ေယာက္ကေတာ့ လံုးဝလ်စ္လ်ဴရႈထားပါတယ္တဲ့။

Source: shwemom

အလုပ်တွေသိမ်းကြုံးလုပ်ပြီး ကောလိတ်တက်ဖို့ ထောက်ပံ့ပေးခဲ့တဲ့ ချစ်သူကောင်မလေး ဘွဲ့ယူတော့မှာမို့ ဂုဏ်ယူကြည်နူးနေတဲ့ အမျိုးသားတစ်ဦးဟာ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို လူမှုကွန်ယက်ပေါ်မှာ မျှဝေရင်း လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့အပြင် အဝေဖန်လည်းခံနေရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ San Jose del Monte မှ Ador Adrian Gabrieles နဲ့ Aira Arcamo တို့ဟာ အထက်တန်းကျောင်းသားဘဝထဲက တွဲခဲ့တဲ့ သမီးရည်းစားတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ မပြီးဆုံးသေးပေမယ့် အချစ်နဲ့အောင်မြင်မှုဆိုတာ တွဲလျက်ဖန်တီးယူလို့ရတယ်ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။

Ador နဲ့ Aira တို့ အထက်တန်းကျောင်းပြီးသွားကြတဲ့နှစ်ကစခဲ့တာပါ။ Aira ဟာ တစ်ရက် Ador ဆီလာပြီး ကောလိတ်မတက်ရတော့မယ့်အကြောင်း၊ သူ့မောင်နှမတွေအကုန်လုံး ကျောင်းအပ်ပြီးပေမယ့် Aira ကိုတော့ အိမ်ကမတတ်နိုင်လို့ဆိုပြီး ကျောင်းဆက်မတက်ခိုင်းကြောင်း ငိုပြီး ပြောလာခဲ့ပါတယ်။

ချစ်သူမျက်ရည်ကျတာကို မမြင်ရက်တဲ့ Ador အတွက် Aira ကို တက်ချင်စိတ်ရှိလားလို့ မေးခဲ့ရာ Aira က ခေါင်းငြိမ့်တဲ့အတွက် ကျောင်းသွားအပ်လိုက်၊ ဘွဲ့ရတဲ့အထိ ကျောင်းစရိတ်နဲ့ ကျူရှင်စရိတ်တွေ အကုန်ပေးမယ်ဆိုပြီး Ador တစ်ယောက် ကတိပေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက Ador ဟာ ၁၈ နှစ်သာသာသာ ရှိနေသေးပြီး ပညာအရည်အချင်းကလည်း အထက်တန်းအောင်ရုံသာရှိပါသေးတယ်။ ဒီအပြင် အင်္ဂလိပ်လိုကလည်း လည်လည်ဝယ်ဝယ်မတတ်တော့ သွားသမျှအင်တာဗျူးတိုင်းမှာ လုံးဝအဆင်မပြေခဲ့ပါဘူး။

ဖိလစ်ပိုင်နို််င်ငံရဲ့ ရုံးသုံးဘာသာစကားဟာ ၉၀% လောက်က အင်္ဂလိပ်လိုဖြစ်နေတဲ့အတွက် ပြောလေ့ပြောထမရှိတဲ့ Ador အတွက်ကတော့ အရမ်းခက်ခဲခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရာထူးခပ်နိမ့်နိမ့်ထဲက အရောင်းဝန်ထမ်းလိုမျိုး ဆိုင်တွေနဲ့ဆက်သွယ်၊ စာပေးစာယူလုပ်ရတဲ့ အလုပ်တစ်ခုကို ရသွားခဲ့ပါတယ်။

သို့ပေမယ့် ပစ္စည်းတွေလည်း ထမ်းရ၊ အရပ်တကာလှည့်လည်သွားပြီး လူတွေနဲ့ဆက်ဆံရာမှာလည်း မတူသလိုမတန်သလိုတွေဆက်ဆံခံရနဲ့ လခလည်း နည်းလွန်းတာကြောင့် အဆင်မပြေခဲ့ပါဘူူး။ သို့ပေမယ့် Aria ရဲ့ မျက်နှာတစ်ခုတည်းကြောင့် ဒီအလုပ်မှာ မှိန်းလုပ်ရင်း တစ်ဖက်က သူအားနည်းတဲ့ အင်္ဂလိပ်စာစကားပြောကို အပြင်းအထန်လေ့လာခဲ့ပါတယ်။

အလုပ်လုပ်ရင်း အားလပ်ရက်တွေမှာ အင်တာဗျူးတွေလိုက်ဖြေရင်းနဲ့ တစ်နေ့မှာတော့ Call center တစ်ခုမှာ အလုပ်နေရာရခဲ့ပါတယ်။ လစာလည်းအသင့်အတင့်ရှိပြီး အရင်လိုကာယအားနဲ့ ပင်ပမ်းဆင်းရဲစွာ မလုပ်ရတော့တာမို့ Ador တစ်ယောက် အလုပ်မှာ အခြေချခဲ့ပါတယ်။

အခုအချိန်မှာတော့ Aira ဟာ အင်္ဂလိပ်စာမေဂျာနဲ့ လာမယ့် ၂၀၁၉ ဧပြီလမှာ ဘွဲ့ယူတော့မှာပါ။

Ador ဟာ သူတို့ချစ်သူနှစ်ယောက်ရဲ့ ကိစ္စကို နာမည်ကြီးပါစေတာ့ဆိုပြီး လူမှုကွန်ယက်မှာ တင်ခဲ့တာမျိုးမဟုတ်ဘဲ သူအလုပ်ကြိုးစားတာနဲ့တန်အောင် သူ့ချစ်သူလေးကလည်း တစ်နှစ်တစ်တန်း မှန်မှန်အောင်အောင်ကြိုးစားပေးပြီး လိမ်လိမ်မာမာနေပေးအတွက် ဂုဏ်ပြုချီးကျူးစာလေးတင်ခဲ့တာပါ။

သို့ပေမယ့် လူမှုကွန်ယက်ဆိုတော့ အသုံးပြုသူတွေက သူတို့နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် အမြဲတမ်းဝင်ဝေဖန်ကြတာ သဘာဝတစ်ခုမဟုတ်လား။ အခုလည်း Ador ဟာ နွားကျခံပြီး ကျောင်းထားပေးပေမယ့် ကောင်မလးကအလုုပ်ရတာနဲ့ Ador ကို ပစ်သွားမှာဆိုပြီး ဝိုင်းပြောနေကြပါတယ်။

Ador နဲ့ Aria တို့ကြား လိုလိုလားလားနဲ့ သဘောတူညီမှုတစ်ခုရှိပါတယ်။ အဲဒါကတော့ Aira ဘွဲ့ရလို့ လစာအဆင်ပြေတဲ့ အလုုပ်တစ်ခုရခဲ့ရင် Ador က တစ်လှည့်အလုပ်ထွက်ပြီး ကျောင်းတက်မှာပါ။ Ador နဲ့ Aira တို့ ကြားထဲက အတွင်းရေးကို ထဲထဲဝင်ဝင်မသိဘဲ ဝေဖန်နေကြတဲ့သူတွေကိုတော့ သူတို့ချစ်သူနှစ်ယောက်ကတော့ လုံးဝလျစ်လျူရှုထားပါတယ်တဲ့။

Source: shwemom