ဘာဂါဝယ္ရန္ အမ်ားနည္းတူ တန္းစီေနတဲ့ ဘီလီယံနာ သူေဌး ႀကီး ဘီလ္ဂိတ္​

0
283

မိုက္ခရိုေဆာ့ဖ့္ ကုမၸဏီထူေထာင္သူ ကမၻာ့အခ်မ္းသာဆုံး သူေဌးစာရင္းဝင္ “ဘီလ္ဂိတ္” ကို ဝါရွင္တန္ၿမိဳ႕မွာရွိတဲ့ ဂါဘာဆိုင္တစ္ခုရဲ့ ေရွ႕မွာ

ဘာဂါဝယ္ရန္ အမ်ားနည္းတူ တန္းစီေနတာတဲ့ ပုံတစ္ပုံဟာ လူမွုကြန္ယက္ အြန္လိုင္းေပၚ ပ်ံ႕ႏွံ့ေနခဲ့ၿပီး ခ်ီးက်ဴးေဝဖန္မွုေတြ ျပည့္ေနဆဲျဖစ္ပါတယ္။

အဆိုပါဓါတ္ပုံကို ဇန္နဝါရီ ၁၅ ရက္ေန႔က Mike Galos အေကာင့္ပိုင္ရွင္က တင္ထားခဲ့ၿပီး “တစ္ကယ့္ေလးစားထိုက္တဲ့ သူေဌးစစ္စစ္ဆိုတာ သာမန္လူေတြလိုပဲ ျပဳမူေနထိုင္ၿပီး

ဟိုအိမ္ျဖဴေတာ္မွာ ဟန္ေရးျပေနတဲ့ ေရႊအိမ္သာထိုင္ခုံနဲ႔ေတာ့ ကြာပါ့” ဆိုၿပီး သမၼတေဒၚနယ္ထရမ့္ကို ပုတ္ခတ္ေရးသားခဲ့တဲ့အတြက္ ျပန္လည္ေဝမၽွသူ၊ ဝင္ေရာက္ေရးသားသူေတြမ်ားစြာရွိေနပါတယ္။

Mike Galos က ဘီလ္ဂိတ္ တန္းစီေနတဲ့ ဓါတ္ပုံနဲ႔အတူ “ဘီလီယံနဲ႔ခ်ီၿပီး တန္ဖိုးရွိတဲ့သူ၊ ကမၻာမွာ အႀကီးမားဆုံးအလွူေတြလုပ္တဲ့သူက ဘာဂါ၊ အာလူးေၾကာ္ နဲ႔ ကိုကာကိုလာဝဘ္ဖို႔ Dick ဆိုင္မွာ ကၽြန္ေတာ္တို႔ ခင္မ်ားတို႔လိုပဲ တန္းစီေနတာတဲ့…

ဒါမွတစ္ကယ့္သူေဌးစစ္စစ္တစ္ေယာက္ရဲ့ အျပဳအမူဗ် ဟိုအိမ္ျဖဴေတာ္မွာ ဟန္ေရးျပေနတဲ့ ေရႊအိမ္သာထိုင္ခုံနဲ႔ေတာ့ ကြာပါ့” လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

အဆိုပါဓါတ္ပုံဟာ မိုက္ကရိုေဆာ့ဖ္ ေက်ာင္းသားေဟာင္းတစ္ဦး ရိုက္ကူးထားၿပီး မိုက္ကရိုေဆာ့ဖ္ ေက်ာင္းသားေဟာင္းမ်ား သီးသန႔္အဖြဲ႕မွာ ဇန္နဝါရီ ၁၃ ရက္ေန႔က ေဖာ္ျပထားတာကို Mike Galos က ကူးယူၿပီး ျပန္လည္ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

မည္သို႔ပင္ ဆိုေစကာမူ ကမၻာ့အႂကြယ္ဝဆုံး ဘီလီယံနာသူေဌးႀကီးက လမ္းေၾကာင္းလည္းမပါ၊ ေဘာ္ဒီဂါတ္လည္းမရွိ၊ VIP ဆိုၿပီး အခြင့္အေရးကိုလည္း အသုံးမခ်ပဲ ျပည္သူေတြၾကားမွာ ျပည္သူေတြနည္းတူ တန္းစီၿပီး ဝဘ္ယူေနတာကေတာ့ ခ်ီးက်ဴးေလးစား အတုယူစရာေကာင္းလွပါတယ္။

ျမန္မာျပည္မွာေရာ အခုလို တစ္ခုခုအတြက္ တန္းစီေနတဲ့ ထိပ္တန္း သူေဌးႀကီးမ်ားရဲ့ ပုံတစ္ပုံေလာက္ရွိရင္ ေဝမၽွခဲ့ၾကပါဦးဗ်ာ။ (ခ်ီးက်ဴးခ်င္လြန္းလို႔ပါ)
Crd

(Unicode ျဖင္​့ဖတ္​ရန္​)

မိုက်ခရိုဆော့ဖ့် ကုမ္ပဏီထူထောင်သူ ကမ္ဘာ့အချမ်းသာဆုံး သူဌေးစာရင်းဝင် “ဘီလ်ဂိတ်” ကို ဝါရှင်တန်မြို့မှာရှိတဲ့ ဂါဘာဆိုင်တစ်ခုရဲ့ ရှေ့မှာ

ဘာဂါဝယ်ရန် အများနည်းတူ တန်းစီနေတာတဲ့ ပုံတစ်ပုံဟာ လူမှုကွန်ယက် အွန်လိုင်းပေါ် ပျံ့နှံ့နေခဲ့ပြီး ချီးကျူးဝေဖန်မှုတွေ ပြည့်နေဆဲဖြစ်ပါတယ်။

အဆိုပါဓါတ်ပုံကို ဇန်နဝါရီ ၁၅ ရက်နေ့က Mike Galos အကောင့်ပိုင်ရှင်က တင်ထားခဲ့ပြီး “တစ်ကယ့်လေးစားထိုက်တဲ့ သူဌေးစစ်စစ်ဆိုတာ သာမန်လူတွေလိုပဲ ပြုမူနေထိုင်ပြီး

ဟိုအိမ်ဖြူတော်မှာ ဟန်ရေးပြနေတဲ့ ရွှေအိမ်သာထိုင်ခုံနဲ့တော့ ကွာပါ့” ဆိုပြီး သမ္မတဒေါ်နယ်ထရမ့်ကို ပုတ်ခတ်ရေးသားခဲ့တဲ့အတွက် ပြန်လည်ဝေမျှသူ၊ ဝင်ရောက်ရေးသားသူတွေများစွာရှိနေပါတယ်။

Mike Galos က ဘီလ်ဂိတ် တန်းစီနေတဲ့ ဓါတ်ပုံနဲ့အတူ “ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့သူ၊ ကမ္ဘာမှာ အကြီးမားဆုံးအလှူတွေလုပ်တဲ့သူက ဘာဂါ၊ အာလူးကြော် နဲ့ ကိုကာကိုလာဝဘ်ဖို့ Dick ဆိုင်မှာ ကျွန်တော်တို့ ခင်များတို့လိုပဲ တန်းစီနေတာတဲ့…

ဒါမှတစ်ကယ့်သူဌေးစစ်စစ်တစ်ယောက်ရဲ့ အပြုအမူဗျ ဟိုအိမ်ဖြူတော်မှာ ဟန်ရေးပြနေတဲ့ ရွှေအိမ်သာထိုင်ခုံနဲ့တော့ ကွာပါ့” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အဆိုပါဓါတ်ပုံဟာ မိုက်ကရိုဆော့ဖ် ကျောင်းသားဟောင်းတစ်ဦး ရိုက်ကူးထားပြီး မိုက်ကရိုဆော့ဖ် ကျောင်းသားဟောင်းများ သီးသန့်အဖွဲ့မှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားတာကို Mike Galos က ကူးယူပြီး ပြန်လည်ဖော်ပြခဲ့တာဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ကမ္ဘာ့အကြွယ်ဝဆုံး ဘီလီယံနာသူဌေးကြီးက လမ်းကြောင်းလည်းမပါ၊ ဘော်ဒီဂါတ်လည်းမရှိ၊ VIP ဆိုပြီး အခွင့်အရေးကိုလည်း အသုံးမချပဲ ပြည်သူတွေကြားမှာ ပြည်သူတွေနည်းတူ တန်းစီပြီး ဝဘ်ယူနေတာကတော့ ချီးကျူးလေးစား အတုယူစရာကောင်းလှပါတယ်။

မြန်မာပြည်မှာရော အခုလို တစ်ခုခုအတွက် တန်းစီနေတဲ့ ထိပ်တန်း သူဌေးကြီးများရဲ့ ပုံတစ်ပုံလောက်ရှိရင် ဝေမျှခဲ့ကြပါဦးဗျာ။ (ချီးကျူးချင်လွန်းလို့ပါ)
Crd