iPhone သုံးသူတွေကို ရာထူးတိုးမပေးတဲ့ တရုတ်ကုမ္ပဏီ

0
116

တရုတ်တယ်လီကွန်း ကော်ပိုရေးရှင်းကြီး Huawei ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိက ကနေဒါက ထိန်းသိမ်းပြီးနောက်မှာ တရုတ်မှာ အနောက်ကုမ္ပဏီတွေကို စိတ်ဆိုးလျက်ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုက ထုတ်လုပ်တဲ့ iPhone ကုမ္ပဏီ Apple ကိုလည်း ဖိအားပေးဖို့ ဆောင်ရွက်နေပါတယ်။

တရုတ်မှာ ပြည်တွင်းထုတ် Huawei ကိုသုံးစွဲဖို့အတွက် ကြေညာစည်းရုံးမှုတွေ ရှိနေပြီ။ အဆိုပါ မိုဘိုင်းဘ်ဖုန်း ကုမ္ပဏီဟာဆိုရင် စမတ်ဖုန်း ရောင်းဝယ်ရေးလောကမှာ အမေရိကန်ပြိုင်ဘက်ကို ရောင်းအားကျော်တက်သွားခဲ့ပါတယ်။ ကျီကျင်းပြည်နယ်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဟာဆိုရင် သူရဲ့ဝန်ထမ်းတွေကို Apple ထုတ်ကုန်တွေ ဝယ်မသုံးဖို့ ဖိအားပေးနေပါတယ်။

အမေရိကန် Apple ထုတ်ကုန်ကို သုံးမယ်ဆိုရင် ရာထူးတက်တာနဲ့ ကုမ္ပဏီထောက်ပံ့ကြေးတွေကို ဆုံးရှုံးမယ်လို့ ကြေညာထားတာဖြစ်ပါသတဲ့။ Huawei ထုတ်ကုန်တွေကို ကုမ္ပဏီထောက်ပံ့ကြေးတွေကို ဆုံးရှုံးမယ်လို့ ကြေညာထားတာဖြစ်ပါသတဲ့။ Huawei ထုတ်ကုန်တွေကို ဝယ်မယ်ဆိုရင်တော့ စီမံခန့်ခွဲမှုအဆင့်က ဝန်ထမ်းဆိုရင် ၅၀ ရာခိုင်နှုန်း ပိုက်ဆံစိုက်ပေးမှာဖြစ်ပြီး အခြားအဆင့်ဝန်ထမ်းများဆိုရင်တော့ ၂၀ ရာခိုင်နှုန်းစိုက်ပေးမှာဖြစ်ပါသတဲ့။

Credit-The Voice

( Unicode )