ကိုႀကီး အိပ္ေနတာကို သမီး မႏႈိးရဲဘူး

0
1779

တခါတုန္းက က်ေနာ့္မွာ သူ႔အိမ္က ဒ႐ိုင္ဘာကိုအင္မတန္ႏိုင္စားတဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ဒ႐ိုင္ဘာက သူ႔ထက္ အသက္ငါးႏွစ္ေလာက္ႀကီးတယ္ဒီေတာ့ က်ေနာ္တို႔က “ကို” တပ္ၿပီး ေခၚေပမယ့္သူငယ္ခ်င္းကေတာ့ နာမည္ပဲေခၚပါတယ္…စကားေျပာလည္း သူငယ္ခ်င္းက မင္းနဲ႔ ငါပဲဒ႐ိုင္ဘာအကိုႀကီးကေတာ့ သူ႔အလုပ္ရွင္ဆိုေတာ့႐ို႐ိုေသေသဆက္ဆံရတာေပါ့ေလ…ဒီေကာင္က ေျပာစရာရွိလည္းေျပာ၊ ဆဲစရာရွိလည္းဆဲသေဘာေကာင္းေပမယ့္ အထက္စီးေတာ့ဆန္ပါတယ္တခါတေလ ကိုယ္ကေတာင္ ၾကားထဲကေနဝင္အားနာရတယ္…

ဒ႐ိုင္ဘာအေပၚ သူေျပာပံုဆိုပံုေတြက ရင့္သီးပါတယ္ဟိုကေတာ့ သည္းခံရွာပါတယ္ အလုပ္ရွင္မလား…ဒီလိုနဲ႔ တစ္ေန႔…သူငယ္ခ်င္းက ေဒါကန္ေနပါတယ္ဘာျဖစ္တာလဲေမးလိုက္ေတာ့ သူ႔ဒ႐ိုင္ဘာဘာမေျပာ ညာမေျပာနဲ႔ မလာလို႔တဲ့…ဒါနဲ႔ ဘာမ်ားျဖစ္တာလဲဆိုၿပီး အိမ္လိုက္သြားၾကတယ္ေတြ႕လို႔ကေတာ့ ဆဲဆိုၿပီး ေဟာက္ထည့္လိုက္မယ္ေပါ့…

ဒီလိုနဲ႔ ဒ႐ိုင္ဘာအိမ္ေရာက္သြားတယ္သူ႔အေမလို႔ ထင္ရတဲ့ အန္တီႀကီးတစ္ေယာက္ထြက္လာတယ္၊ ေမးလိုက္တယ္၊ ရွိလားေပါ့…ရွိပါတယ္၊ ဖ်ားၿပီး အိပ္ေနတယ္ဆိုၿပီးေျပာတယ္၊ ေနာက္ေတာ့ အနားကိုေရာက္လာတဲ့ေကာင္မေလးတစ္ေယာက္ကို အန္တီႀကီးကလွမ္းေျပာလိုက္တယ္…ဟဲ့ သြားႏႈိးလိုက္စမ္းေပါ့၊ ဒီမွာ သူ႔အလုပ္ရွင္အိမ္ကလိုက္လာတယ္ေပါ့ စသျဖင့္၊ အဲ့ဒီမွာ ေကာင္မေလးကဘာေျပာလိုက္လဲဆိုေတာ့…“ကိုႀကီးအိပ္ေနတာ မႏႈိးရဲဘူး”တဲ့…က်ေနာ့္သူငယ္ခ်င္းကို ၾကည့္လိုက္ေတာ့ဒီေကာင္ တခ်က္ေတြသြားတယ္စကၠန္႔ပိုင္းေလာက္ေပါ့…

ေနာက္ေတာ့ ေကာင္မေလးကို ေျပာလိုက္တယ္“မႏႈိးရဲရင္ သြားမႏႈိးနဲ႔ေတာ့၊ ထားလိုက္ပါ သူအိပ္ပါေစ” တဲ့ၿပီးေတာ့ ျပန္လွည့္လာခဲ့လိုက္ၾကတယ္…အျပန္လမ္းမွာ က်ေနာ္ သူ႔ကို ေမးၾကည့္တယ္“မင္းဘာျဖစ္သြားတာလဲ”လို႔…သူငယ္ခ်င္းက ျပန္ေျဖတယ္“ငါ သူ႔အေပၚေလးစားမႈရွိရမယ္ေလကြာ”တဲ့“သူက ဘယ္လိုပဲ ဒ႐ိုင္ဘာပဲျဖစ္ျဖစ္၊ ငါဘယ္လိုပဲဆဲဆဲဆိုဆို၊ အႏိုင္က်င့္က်င့္ သူ႔ပတ္ဝန္းက်င္မွာေတာ့သူဟာ မိသားစုရဲ႕အားကိုးရာ၊ ေလးစားရာ၊ ႐ိုေသရာလူသားတစ္ေယာက္ပဲကြ”တဲ့…

“ဟိုကေလးမေလး ေျပာတဲ့စကားကို ၾကားတယ္မလား၊ကိုႀကီးအိပ္ေနတာ သြားမႏႈိးရဲဘူးတဲ့”…“သူ႔ပတ္ဝန္းက်င္၊ သု႔မိသားစုမွာေတာ့ ေတာ္ေတာ့ကိုအရွိန္အဝါႀကီးပံုရတယ္၊ ငါက ဒါကို ထည့္မတြက္ဘဲခါတိုင္းလို သြားဆက္ဆံလိုက္ရင္ သူ႔အားကိုးေနတဲ့သူ႔မိသားစုခင္ဗ်ာ ဘယ္လိုခံစားသြားရမလဲ၊သူကိုယ္တိုင္ေရာ…”

လူတစ္ေယာက္ဟာ တစ္ေနရာရာမွာ ဘယ္လိုပဲျဖစ္ေနျဖစ္ေန၊ ဘယ္ဘဝပဲေရာက္ေနေရာက္ေန၊ေအာက္ေျခသိမ္းပဲျဖစ္ျဖစ္၊ အႏွိမ္ခံပဲျဖစ္ျဖစ္၊ဘယ္သူမွေဆးေဖာ္ေၾကာဖက္မလုပ္ခ်င္တဲ့သူပဲျဖစ္ျဖစ္၊အဲ့ဒီလူဟာ တျခားေသာ တစ္ေနရာရာမွာေတာ့အရွင္သခင္တစ္ပါး၊ မွီခိုအားကိုးရာတစ္ျဖစ္နဲ႔႐ိုေသေလးစားစရာျပယုဂ္ တစ္ခုခုေတာ့ျဖစ္ေနတတ္ပါတယ္…တစ္ရက္ကလိုေပါ့ျဖတ္သြားသူတိုင္း ႏွာေခါင္းပိတ္ျဖတ္ေလ့ရွိတဲ့အမႈိက္ပံုမွာ အလုပ္လုပ္ေနရတဲ့ စည္ပင္ကဝန္ထမ္းေလးကို ဘယ္သူက ေခါင္းထဲထည့္မလဲဘယ္သူက အဖက္လုပ္ၿပီး စိတ္ပူေပးမလဲ…

ဒါေပမဲ့ က်ေနာ္လည္း အမႈိက္သြားပစ္ေရာအဲ့ဒီဝန္ထမ္းေလးရဲ႕ ဇနီးျဖစ္ပံုရတဲ့ ေကာင္မေလးေရာက္လာၿပီး ဘာေျပာသြားတယ္မွတ္လဲ…“မနက္က ေဆးေသာက္ပါဆို ေသာက္မသြားဘူး၊လူကို အၿမဲတမ္း စိတ္ေမာရေအာင္လုပ္တယ္၊ေရာ့ ဒီမွာေဆး အခုေသာက္”တဲ့…အဲ့ဒီစကားေလးၾကားမိေတာ့ က်ေနာ့ျဖင့္အဲ့ဒီစည္ပင္ဝန္ထမ္းေလးအေပၚ ေလးစားသြားလိုက္တာဪ…တစ္ေလာကလံုးက သူ႔အေပၚ ဘယ္လိုပဲသေဘာထားထား သူ႔အေပၚ မင္းသားတစ္ပါးလိုဆက္ဆံတဲ့သူဆိုတာေတာ့ ရွိေနတာပါပဲလားလို႔…

တဖက္က ျပန္စဥ္းစားျပန္ရင္လည္း ဒီလိုပါပဲတစ္ေလာကလံုးက ကိုယ့္အေပၚ ဘယ္လိုႏွိမ္ႏွိမ္၊ဘယ္လိုဆက္ဆံ ဆက္ဆံ အေရးမႀကီးဘူး…အေရးႀကီးတာက ငါခ်စ္ရတဲ့သူေတြ၊ငါ့ကိုခ်စ္တဲ့သူေတြနဲ႔ ငါ့ပတ္ဝန္းက်င္၊ ငါ့မိသားစုေလးမွာငါဟာ တန္ဖိုးရွိတဲ့၊ ေလးစားခံထိုက္တဲ့လူသားတစ္ေယာက္ ျဖစ္ေနရင္ ရၿပီဆိုတာမ်ိဳး…ဆိုလိုတာက လူတစ္ေယာက္ကို ဘယ္ေတာ့မွအထင္မေသးပါနဲ႔၊ မႏွိမ့္ခ်ပါနဲ႔၊ မေစာ္ကားပါနဲ႔သူ႔အတြက္ ကမာၻဆိုတာ ဒီတစ္ေနရာတည္းမွာပဲရွိေနတာ မဟုတ္လို႔ပါ…

#Wai Phyo Maung

Unicode

တခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကိုအင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်ကြီးတယ်ဒီတော့ ကျနော်တို့က “ကို” တပ်ပြီး ခေါ်ပေမယ့်သူငယ်ချင်းကတော့ နာမည်ပဲခေါ်ပါတယ်…စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲဒရိုင်ဘာအကိုကြီးကတော့ သူ့အလုပ်ရှင်ဆိုတော့ရိုရိုသေသေဆက်ဆံရတာပေါ့လေ…ဒီကောင်က ပြောစရာရှိလည်းပြော၊ ဆဲစရာရှိလည်းဆဲသဘောကောင်းပေမယ့် အထက်စီးတော့ဆန်ပါတယ်တခါတလေ ကိုယ်ကတောင် ကြားထဲကနေဝင်အားနာရတယ်…

ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက ရင့်သီးပါတယ်ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား…ဒီလိုနဲ့ တစ်နေ့…သူငယ်ချင်းက ဒေါကန်နေပါတယ်ဘာဖြစ်တာလဲမေးလိုက်တော့ သူ့ဒရိုင်ဘာဘာမပြော ညာမပြောနဲ့ မလာလို့တဲ့…ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး အိမ်လိုက်သွားကြတယ်တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့…

ဒီလိုနဲ့ ဒရိုင်ဘာအိမ်ရောက်သွားတယ်သူ့အမေလို့ ထင်ရတဲ့ အန်တီကြီးတစ်ယောက်ထွက်လာတယ်၊ မေးလိုက်တယ်၊ ရှိလားပေါ့…ရှိပါတယ်၊ ဖျားပြီး အိပ်နေတယ်ဆိုပြီးပြောတယ်၊ နောက်တော့ အနားကိုရောက်လာတဲ့ကောင်မလေးတစ်ယောက်ကို အန်တီကြီးကလှမ်းပြောလိုက်တယ်…ဟဲ့ သွားနှိုးလိုက်စမ်းပေါ့၊ ဒီမှာ သူ့အလုပ်ရှင်အိမ်ကလိုက်လာတယ်ပေါ့ စသဖြင့်၊ အဲ့ဒီမှာ ကောင်မလေးကဘာပြောလိုက်လဲဆိုတော့…“ကိုကြီးအိပ်နေတာ မနှိုးရဲဘူး”တဲ့…ကျနော့်သူငယ်ချင်းကို ကြည့်လိုက်တော့ဒီကောင် တချက်တွေသွားတယ်စက္ကန့်ပိုင်းလောက်ပေါ့…

နောက်တော့ ကောင်မလေးကို ပြောလိုက်တယ်“မနှိုးရဲရင် သွားမနှိုးနဲ့တော့၊ ထားလိုက်ပါ သူအိပ်ပါစေ” တဲ့ပြီးတော့ ပြန်လှည့်လာခဲ့လိုက်ကြတယ်…အပြန်လမ်းမှာ ကျနော် သူ့ကို မေးကြည့်တယ်“မင်းဘာဖြစ်သွားတာလဲ”လို့…သူငယ်ချင်းက ပြန်ဖြေတယ်“ငါ သူ့အပေါ်လေးစားမှုရှိရမယ်လေကွာ”တဲ့“သူက ဘယ်လိုပဲ ဒရိုင်ဘာပဲဖြစ်ဖြစ်၊ ငါဘယ်လိုပဲဆဲဆဲဆိုဆို၊ အနိုင်ကျင့်ကျင့် သူ့ပတ်ဝန်းကျင်မှာတော့သူဟာ မိသားစုရဲ့အားကိုးရာ၊ လေးစားရာ၊ ရိုသေရာလူသားတစ်ယောက်ပဲကွ”တဲ့…

“ဟိုကလေးမလေး ပြောတဲ့စကားကို ကြားတယ်မလား၊ကိုကြီးအိပ်နေတာ သွားမနှိုးရဲဘူးတဲ့”…“သူ့ပတ်ဝန်းကျင်၊ သု့မိသားစုမှာတော့ တော်တော့ကိုအရှိန်အဝါကြီးပုံရတယ်၊ ငါက ဒါကို ထည့်မတွက်ဘဲခါတိုင်းလို သွားဆက်ဆံလိုက်ရင် သူ့အားကိုးနေတဲ့သူ့မိသားစုခင်ဗျာ ဘယ်လိုခံစားသွားရမလဲ၊သူကိုယ်တိုင်ရော…”

လူတစ်ယောက်ဟာ တစ်နေရာရာမှာ ဘယ်လိုပဲဖြစ်နေဖြစ်နေ၊ ဘယ်ဘဝပဲရောက်နေရောက်နေ၊အောက်ခြေသိမ်းပဲဖြစ်ဖြစ်၊ အနှိမ်ခံပဲဖြစ်ဖြစ်၊ဘယ်သူမှဆေးဖော်ကြောဖက်မလုပ်ချင်တဲ့သူပဲဖြစ်ဖြစ်၊အဲ့ဒီလူဟာ တခြားသော တစ်နေရာရာမှာတော့အရှင်သခင်တစ်ပါး၊ မှီခိုအားကိုးရာတစ်ဖြစ်နဲ့ရိုသေလေးစားစရာပြယုဂ် တစ်ခုခုတော့ဖြစ်နေတတ်ပါတယ်…တစ်ရက်ကလိုပေါ့ဖြတ်သွားသူတိုင်း နှာခေါင်းပိတ်ဖြတ်လေ့ရှိတဲ့အမှိုက်ပုံမှာ အလုပ်လုပ်နေရတဲ့ စည်ပင်ကဝန်ထမ်းလေးကို ဘယ်သူက ခေါင်းထဲထည့်မလဲဘယ်သူက အဖက်လုပ်ပြီး စိတ်ပူပေးမလဲ…

ဒါပေမဲ့ ကျနော်လည်း အမှိုက်သွားပစ်ရောအဲ့ဒီဝန်ထမ်းလေးရဲ့ ဇနီးဖြစ်ပုံရတဲ့ ကောင်မလေးရောက်လာပြီး ဘာပြောသွားတယ်မှတ်လဲ…“မနက်က ဆေးသောက်ပါဆို သောက်မသွားဘူး၊လူကို အမြဲတမ်း စိတ်မောရအောင်လုပ်တယ်၊ရော့ ဒီမှာဆေး အခုသောက်”တဲ့…အဲ့ဒီစကားလေးကြားမိတော့ ကျနော့ဖြင့်အဲ့ဒီစည်ပင်ဝန်ထမ်းလေးအပေါ် လေးစားသွားလိုက်တာဪ…တစ်လောကလုံးက သူ့အပေါ် ဘယ်လိုပဲသဘောထားထား သူ့အပေါ် မင်းသားတစ်ပါးလိုဆက်ဆံတဲ့သူဆိုတာတော့ ရှိနေတာပါပဲလားလို့…

တဖက်က ပြန်စဉ်းစားပြန်ရင်လည်း ဒီလိုပါပဲတစ်လောကလုံးက ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ်၊ဘယ်လိုဆက်ဆံ ဆက်ဆံ အရေးမကြီးဘူး…အရေးကြီးတာက ငါချစ်ရတဲ့သူတွေ၊ငါ့ကိုချစ်တဲ့သူတွေနဲ့ ငါ့ပတ်ဝန်းကျင်၊ ငါ့မိသားစုလေးမှာငါဟာ တန်ဖိုးရှိတဲ့၊ လေးစားခံထိုက်တဲ့လူသားတစ်ယောက် ဖြစ်နေရင် ရပြီဆိုတာမျိုး…ဆိုလိုတာက လူတစ်ယောက်ကို ဘယ်တော့မှအထင်မသေးပါနဲ့၊ မနှိမ့်ချပါနဲ့၊ မစော်ကားပါနဲ့သူ့အတွက် ကမ္ဘာဆိုတာ ဒီတစ်နေရာတည်းမှာပဲရှိနေတာ မဟုတ်လို့ပါ…

#Wai Phyo Maung