ပင္လယ္ဓားျပေတြက မ်က္လံုးသားေရပတ္ေတြကို ဘာလို႔ဝတ္ၾကတာလဲ?…

0
1099

ကၽြန္မဒီေန႔ေတြးျဖစ္တာေလးရွိတယ္။ ေတြးျဖစ္တာကို မေျပာျပခင္ ဝန္ခံစရာေလးတစ္ခုရွိတယ္။ ကၽြန္မကေလ ရုပ္ရွင္ဂ်ိဳးတစ္ေယာက္။ ရုပ္ရွင္ၾကည့္ရမယ္ဆိုရင္ ေန႔မအိပ္ ၊ ညမအိပ္ ေနလည္းျဖစ္ပါတယ္ အဲဒါနဲ႔ ဟိုတစ္ပတ္ကေပါ့ေလ ၊ ဂ်က္စပဲရိုး Pirate of the Carribean ဇာတ္ကားတြဲေတြ ျပန္လည္ၾကည့္ျဖစ္တယ္

အဲဒီမွာဇာတ္လမ္းက စတာပဲ။ ငယ္ငယ္တည္းက အတန္းခ်ိန္မွာ ပံုခိုးဆြဲလို႔ရွိရင္ ပင္လယ္ဓားျပပံုေတြလည္းပါတယ္ကြာ။ အဲဒီပင္လယ္ဓားပပံုေတြမွာေလ မ်က္လံုးမွာပတ္တဲ့သားေရပတ္ႀကီး မထည့္လိုက္ရရင္ အသက္မဝင္သလိုလိုဘာလိုလုိ ခံစားေနရတာကြာ။ အဲဒီသားေရပတ္ႀကီးမပါရင္ဘဲ ပင္လယ္ဓားျပဆိုတာ မေပၚလြင္ေတာ့သလိုျဖစ္ေနတာ ေခါင္းထဲမွာ။ ဒါနဲ႔ေတြးမိသြားတာ ဘာလို႔ အဲဒီမ်က္လံုးသားေရပတ္ႀကီးကို ပတ္ထားရတာလဲဆုိတာေပါ့

အစကေတာ့ ထင္ခဲ့တာေပါ့။ အမွန္တိုင္းေျပာရရင္ ကိုယ့္ဘဝတစ္သက္တာလံုးမွာ ပင္လယ္ဓားျပေတြရဲ႕ မ်က္လံုးသားေရပတ္ႀကီးက သူတို႔မ်က္လံုးကန္းေနလို႔ ပတ္ထားရတာလို႔ ထင္ခဲ့တာ ရုပ္ရွင္ေတြ ၊ စာအုပ္ေတြကလည္း အဲဒီလုိပဲဂ်င္းသိပ္တာကိုး။ ဒါေပမယ့္ေလ အမွန္တကယ္က ပင္လယ္ဓားျပေတြက မ်က္လံုးကန္းေနလို႔ ရုပ္ဆိုးဆိုးႀကီးမျဖစ္ေအာင္ မ်က္လံုးကိုကာထားတာမဟုတ္ဘူး။ တကယ္ကန္းတဲ့သူကလည္း ကန္းမွာေပါ့ကြာ

မ်က္လံုးပတ္တဲ့သားေရပတ္ႀကီးကို ပတ္ရတဲ့တကယ့္အေၾကာင္းအရင္းမွန္က အေမွာင္ထဲမွာ ေကာင္းေကာင္းျမင္ႏိုင္ေအာင္ပါတဲ့ေနာ္။ ဟုတ္တယ္ ဟုတ္တယ္။ အခုေျပာလိုက္တာက အမွန္ပဲ။ မဟုတ္တာေတြ ေလွ်ာက္ေျပာေနတယ္လို႔ အတင္းႀကီးမျငင္းၾကေသးနဲ႔ဦးေနာ္။ ဘာလို႔လဲဆိုတာေျပာျပမယ္။ လင္းထိန္ေနတဲ့ေနရာတစ္ေနရာကေန ေမွာင္တဲ့ေနရာကို ကူးေျပာင္းတဲ့အခါမွာ မ်က္လံုးက အေမွာင္ကို အက်င့္ပါသြားေအာင္လို႔ အခ်ိန္နည္းနည္းယူရတယ္။ အဲဒါကို Dark Adapting လို႔ေခၚတယ္ အေမွာင္နဲ႔အသားက်ေအာင္ေနျခင္းေပါ့။ အလင္းႀကီးကေနအေမွာင္ႀကီးကို အကူးအေျပာင္းမွာ ေနသားတက်ျဖစ္ဖို႔က ၂၅ မိနစ္ေလာက္ၾကာတယ္။

ပင္လယ္ဓားျပေတြက သေဘၤာကုန္းပတ္ေပၚကိုတက္လိုက္ ၊ ေအာက္ကိုျပန္ဆင္းလိုက္လုပ္ေလ့ရွိတယ္။ ဒီေတာ့မ်က္လံုးသားေရပတ္ကို ဝတ္ထားၿပီးမ်က္လံုးတစ္လံုးကို အေမွာင္ထဲမွာ အက်င့္ျဖစ္ေနေအာင္လုပ္ထားတယ္ ဆိုေတာ့ကား သေဘၤာကုန္းပတ္ေအာက္ကိုဆင္းလို႔ အေမွာင္ထဲေရာက္သြားရင္ သူတို႔က မ်က္လံုးသားေရပတ္ကို ဘက္ေျပာင္းၿပီးတပ္လိုက္ရံုပဲ မ်က္လံုးတစ္လံုးက အေမွာင္နဲ႔အသားက်ၿပီးသားျဖစ္ေနတဲ့အတြက္ေၾကာင့္ သူမ်ားေတြထက္ အခ်ိန္ျမန္ျမန္နဲ႔ရွင္းရွင္းလင္းလင္းပိုျမင္ႏိုင္တယ္။

မယံုဘူးဆိုရင္ အိမ္မွာစမ္းၾကည့္ၾကည့္ အခန္းတစ္ခန္းကို မီးႀကိဳပိတ္ထား ၿပီးရင္လင္းတဲ့အခန္းထဲ ေနေနတုန္းမွာ မ်က္လံုးတစ္လံုးကိုလက္နဲ႔ကာထားၿပီး အခ်ိန္ခဏၾကာေအာင္ေနၾကည့္ ၿပီးရင္အေမွာင္ခန္းထဲကိုသြားၾကည့္လိုက္ပံုမွန္အလင္းထဲကေနအေမွာင္ထဲ ဘလိုင္းႀကီးဝင္သြားတာနဲ႔ထက္ အပံုႀကီးသာေနတာ ျမင္ပါလိမ့္မယ္။..

ပင္လယ္ဓားျပေတြက အေမွာင္နဲ႔အလင္းကို မ်က္လံုးႏွစ္လံုးလံုးမွာ အသံုးျပဳႏိုင္ေအာင္ တစ္လံုးကိုအလင္းေရာင္အတြက္ အက်င့္လုပ္ေပးၿပီး တစ္လံုးကို အေမွာင္အတြက္ အက်င့္လုပ္ေပးဖို႔ သားေရပတ္ဝတ္ခဲ့တာျဖစ္ပါတယ္ စကားေတြမ်ားေနတယ္လို႔ေတာ့ မထင္လိုက္ပါနဲ႔ေနာ္။ အေတြးေတြဆိုတာ ကမာၻႀကီးနဲ႔မွ်ေဝဖို႔ပဲ မဟုတ္ဘူးလား ဒီကေနတစ္ခုခုေတာ့ သိသြားရမွာပဲေလေနာ္။

Piki (Akhayar)

www.akhayar.com

( Unicode )

ကျွန်မဒီနေ့တွေးဖြစ်တာလေးရှိတယ်။ တွေးဖြစ်တာကို မပြောပြခင် ဝန်ခံစရာလေးတစ်ခုရှိတယ်။ ကျွန်မကလေ ရုပ်ရှင်ဂျိုးတစ်ယောက်။ ရုပ်ရှင်ကြည့်ရမယ်ဆိုရင် နေ့မအိပ် ၊ ညမအိပ် နေလည်းဖြစ်ပါတယ် အဲဒါနဲ့ ဟိုတစ်ပတ်ကပေါ့လေ ၊ ဂျက်စပဲရိုး Pirate of the Carribean ဇာတ်ကားတွဲတွေ ပြန်လည်ကြည့်ဖြစ်တယ်

အဲဒီမှာဇာတ်လမ်းက စတာပဲ။ ငယ်ငယ်တည်းက အတန်းချိန်မှာ ပုံခိုးဆွဲလို့ရှိရင် ပင်လယ်ဓားပြပုံတွေလည်းပါတယ်ကွာ။ အဲဒီပင်လယ်ဓားပပုံတွေမှာလေ မျက်လုံးမှာပတ်တဲ့သားရေပတ်ကြီး မထည့်လိုက်ရရင် အသက်မဝင်သလိုလိုဘာလိုလို ခံစားနေရတာကွာ။ အဲဒီသားရေပတ်ကြီးမပါရင်ဘဲ ပင်လယ်ဓားပြဆိုတာ မပေါ်လွင်တော့သလိုဖြစ်နေတာ ခေါင်းထဲမှာ။ ဒါနဲ့တွေးမိသွားတာ ဘာလို့ အဲဒီမျက်လုံးသားရေပတ်ကြီးကို ပတ်ထားရတာလဲဆိုတာပေါ့

အစကတော့ ထင်ခဲ့တာပေါ့။ အမှန်တိုင်းပြောရရင် ကိုယ့်ဘဝတစ်သက်တာလုံးမှာ ပင်လယ်ဓားပြတွေရဲ့ မျက်လုံးသားရေပတ်ကြီးက သူတို့မျက်လုံးကန်းနေလို့ ပတ်ထားရတာလို့ ထင်ခဲ့တာ ရုပ်ရှင်တွေ ၊ စာအုပ်တွေကလည်း အဲဒီလိုပဲဂျင်းသိပ်တာကိုး။ ဒါပေမယ့်လေ အမှန်တကယ်က ပင်လယ်ဓားပြတွေက မျက်လုံးကန်းနေလို့ ရုပ်ဆိုးဆိုးကြီးမဖြစ်အောင် မျက်လုံးကိုကာထားတာမဟုတ်ဘူး။ တကယ်ကန်းတဲ့သူကလည်း ကန်းမှာပေါ့ကွာ

မျက်လုံးပတ်တဲ့သားရေပတ်ကြီးကို ပတ်ရတဲ့တကယ့်အကြောင်းအရင်းမှန်က အမှောင်ထဲမှာ ကောင်းကောင်းမြင်နိုင်အောင်ပါတဲ့နော်။ ဟုတ်တယ် ဟုတ်တယ်။ အခုပြောလိုက်တာက အမှန်ပဲ။ မဟုတ်တာတွေ လျှောက်ပြောနေတယ်လို့ အတင်းကြီးမငြင်းကြသေးနဲ့ဦးနော်။ ဘာလို့လဲဆိုတာပြောပြမယ်။ လင်းထိန်နေတဲ့နေရာတစ်နေရာကနေ မှောင်တဲ့နေရာကို ကူးပြောင်းတဲ့အခါမှာ မျက်လုံးက အမှောင်ကို အကျင့်ပါသွားအောင်လို့ အချိန်နည်းနည်းယူရတယ်။ အဲဒါကို Dark Adapting လို့ခေါ်တယ် အမှောင်နဲ့အသားကျအောင်နေခြင်းပေါ့။ အလင်းကြီးကနေအမှောင်ကြီးကို အကူးအပြောင်းမှာ နေသားတကျဖြစ်ဖို့က ၂၅ မိနစ်လောက်ကြာတယ်။

ပင်လယ်ဓားပြတွေက သင်္ဘောကုန်းပတ်ပေါ်ကိုတက်လိုက် ၊ အောက်ကိုပြန်ဆင်းလိုက်လုပ်လေ့ရှိတယ်။ ဒီတော့မျက်လုံးသားရေပတ်ကို ဝတ်ထားပြီးမျက်လုံးတစ်လုံးကို အမှောင်ထဲမှာ အကျင့်ဖြစ်နေအောင်လုပ်ထားတယ် ဆိုတော့ကား သင်္ဘောကုန်းပတ်အောက်ကိုဆင်းလို့ အမှောင်ထဲရောက်သွားရင် သူတို့က မျက်လုံးသားရေပတ်ကို ဘက်ပြောင်းပြီးတပ်လိုက်ရုံပဲ မျက်လုံးတစ်လုံးက အမှောင်နဲ့အသားကျပြီးသားဖြစ်နေတဲ့အတွက်ကြောင့် သူများတွေထက် အချိန်မြန်မြန်နဲ့ရှင်းရှင်းလင်းလင်းပိုမြင်နိုင်တယ်။

မယုံဘူးဆိုရင် အိမ်မှာစမ်းကြည့်ကြည့် အခန်းတစ်ခန်းကို မီးကြိုပိတ်ထား ပြီးရင်လင်းတဲ့အခန်းထဲ နေနေတုန်းမှာ မျက်လုံးတစ်လုံးကိုလက်နဲ့ကာထားပြီး အချိန်ခဏကြာအောင်နေကြည့် ပြီးရင်အမှောင်ခန်းထဲကိုသွားကြည့်လိုက်ပုံမှန်အလင်းထဲကနေအမှောင်ထဲ ဘလိုင်းကြီးဝင်သွားတာနဲ့ထက် အပုံကြီးသာနေတာ မြင်ပါလိမ့်မယ်။..

ပင်လယ်ဓားပြတွေက အမှောင်နဲ့အလင်းကို မျက်လုံးနှစ်လုံးလုံးမှာ အသုံးပြုနိုင်အောင် တစ်လုံးကိုအလင်းရောင်အတွက် အကျင့်လုပ်ပေးပြီး တစ်လုံးကို အမှောင်အတွက် အကျင့်လုပ်ပေးဖို့ သားရေပတ်ဝတ်ခဲ့တာဖြစ်ပါတယ် စကားတွေများနေတယ်လို့တော့ မထင်လိုက်ပါနဲ့နော်။ အတွေးတွေဆိုတာ ကမ္ဘာကြီးနဲ့မျှဝေဖို့ပဲ မဟုတ်ဘူးလား ဒီကနေတစ်ခုခုတော့ သိသွားရမှာပဲလေနော်။

Piki (Akhayar)

www.akhayar.com