သတၱိအေကာင္းဆုံးလူေတြပဲ သြားလည္ရဲမဲ့ ကမာၻတဝွမ္းက ေနရာမ်ား

0
2270

ကမၻာေပၚမွာ သတၱိအေကာင္းဆံုး သူေတြမွ သြားႏိုင္မဲ့ေဒသေလးေတြလည္း ႐ွိပါေသးတယ္။
အားလပ္ရက္မွာ အိမ္မွာေနမဲ့သူထက္ ခရီးသြားၾကမဲ့သူက ပိုမ်ားမွာပါ။ ခရီးမသြားခင္ ခရီးလမ္းေၾကာင္းကို ေသခ်ာေ႐ြးခ်ယ္ၾကသလို သြားမဲ့ေနရာကိုလည္း ေသခ်ာေ႐ြးခ်ယ္ၾကတာ မ်ားပါတယ္။ လူတိုင္းလူတိုင္းက မိမိရဲ႕စိတ္အေျခအေနေပၚမူတည္ၿပီး မိမိႏွစ္သက္ရာ ေဒသေတြကို ခရီးသြားၾကပါတယ္။ ဒါေပမဲ့ ကမၻာေပၚမွာ သတၱိအေကာင္းဆံုး သူေတြမွ သြားႏိုင္မဲ့ေဒသေလးေတြလည္း ႐ွိပါေသးတယ္။ အဲဒါေတြကေတာ့…

၁။ အ႐ိုးဝတ္ျပဳဆုေတာင္းေဆာင္

ေပၚတူဂီႏိုင္ငံ၊ အီဗိုရာၿမိဳ႕မွာ တည္႐ွိတဲ့ အ႐ိုးဝတ္ျပဳဆုေတာင္းေဆာင္ကေတာ့ ၿမိဳ႕ရဲ႕အထင္႐ွားဆံုး အေဆာက္အဦးတစ္ခု ျဖစ္ပါတယ္။ ဒ့ါအျပင္ ကမၻာလွည့္ခရီးသည္ေတြကို ဆြဲေဆာင္ႏိုင္တဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ ဒီဝတ္ျပဳဆုေတာင္းေဆာင္ကို အ႐ိုးဝတ္ျပဳဆုေတာင္းေဆာင္လို႔ ေခၚတြင္ရတာက အတြင္းပိုင္းအျပင္အဆင္ကို လူ႐ိုးေတြ၊ ဦးေခါင္းခြံေတြနဲ႔ တန္ဆာဆင္ထား၊ အလွဆင္ထားလို႔ပါပဲ။

ဒီဝတ္ျပဳဆုေတာင္းေဆာင္ကို ၁၆ ရာစုႏွစ္တုန္းက ဘုန္းေတာ္ႀကီးတစ္ပါးက ေဆာက္လုပ္ခဲ့တာပါ။ အဝင္ဝမွာေတာ့ “ငါတို႔ရဲ႕အ႐ိုးေတြေတာ့ ဒီမွာ႐ွိတယ္။ မင္းရဲ႕အ႐ိုးေတြကို ငါတို႔ေစာင့္ေနတယ္” ဆိုၿပီး ဆိုင္းဘုတ္ေရးထိုးထားပါတယ္။

၂။ ဟြိဳင္ရာေတာအုပ္ (Hoia Forest)

ဟြိဳင္ရာ ေတာအုပ္ ကေတာ့ ထရန္ေဆးလ္ေဗးနီးယားမွာ တည္႐ွိၿပီး စိတ္နယ္လြန္ျဖစ္ရပ္ဆန္းေတြ ျဖစ္ပြားမႈေၾကာင့္ နာမည္ေက်ာ္ၾကားပါတယ္။ ဒ႑ာရီေတြအရဆိုရင္ ဒီေတာအုပ္ရဲ႕နာမည္က သိုးအုပ္ႀကီးနဲ႔အတူ ျမဴေတြထူထပ္လာခ်ိန္မွာ ေပ်ာက္ကြယ္သြားတဲ့ သိုးေက်ာင္းသားတစ္ေယာက္ကို အစြဲျပဳမွည့္ေခၚထားတာပါတဲ့။

သုေတသီေတြရဲ႕ အဆိုအရဆိုရင္ ေတာအုပ္ထဲကိုဝင္လိုက္တိုင္း ထူးဆန္းတဲ့အသံေတြကို ၾကားရၿပီး ထိတ္လန္႔ေၾကာက္႐ြံ႕မႈကို ခံစားရပါတယ္တဲ့။ တခ်ိဳ႕ေတြကေတာ့ ပန္းကန္ျပားပ်ံေတြကို ေတြ႕ရတယ္လို႔ ဆိုၾကသလို တခ်ိဳ႕ကေတာ့ သရဲတေစၦေတြကို ျမင္ရတယ္လို႔ ဆိုၾကပါတယ္။

၃။ လက္ဝါးကပ္တိုင္ေတာင္ကုန္း

လက္ဝါးကပ္တိုင္ေတာင္ကုန္းကေတာ့ လစ္သ်ဴရန္းနီးယားႏိုင္ငံမွာ တည္႐ွိတဲ့ ျမင့္ျမတ္တဲ့ေနရာတစ္ခုျဖစ္ပါတယ္။ ေတာင္ကုန္းေပၚမွာ လက္ဝါးကပ္တိုင္ေတြ အမ်ားႀကီး႐ွိၿပီး အတိအက်ဘယ္သူမွ မေရတြက္ႏိုင္ပါဘူး။ ၁၉၉၀ ျပည့္ႏွစ္တုန္းက တြက္ခ်က္မႈေတြအရေတာ့ ငါးေသာင္းဝန္းက်င္ေလာက္႐ွိမယ္လို႔ ခန္႔မွန္းထားပါတယ္။ ဒီေနရာက သခ်ၤ ိဳင္းကုန္းတစ္ခုမဟုတ္ေပမဲ့ ကံေကာင္းေစႏိုင္တယ္လို႔ ယံုၾကည့္တဲ့အတြက္ လူေတြထားထားသြားလို႔ လက္ဝါးကပ္တိုင္ေတြ တစ္ေန႔တျခား ပိုပိုမ်ားလာတာပါ။

၄။ El Caminito del Rey ေလွ်ာက္လမ္း

စပိန္လို El Caminito del Rey လို႔ေခၚတဲ့ ဘုရင္ႀကီး ရဲ႕ေလွ်ာက္လမ္းေလးဆိုတာကေတာ့ ေက်ာက္ေဆာင္ေပၚမွာ သံလက္ရန္းေတြခံထားတဲ့ ကြန္ကရစ္ေလွ်ာက္လမ္းပဲ ျဖစ္ပါတယ္။ ဒီေလွ်ာက္လမ္းက စပိန္ႏိုင္ငံ Chorro နဲ႔ Malaga ျပည္နယ္က Gaitanejo ေရတံခြန္တို႔ၾကားမွာ တည္႐ွိပါတယ္။ ေလွ်ာက္လမ္းက အရမ္းမတ္ေစာက္ၿပီး အ႐ွည္ (၁.၈) မိုင္နဲ႔ အက်ယ္ (၃.၂) ေပ က်ယ္ဝန္းပါတယ္။

ဒီေလွ်ာက္လမ္းကို ၁၉၀၅ ခုႏွစ္တုန္းက ဆည္ကိုတည္ေဆာက္တဲ့ အလုပ္သမားေတြအတြက္ တည္ေဆာက္ေပးခဲ့တာပါ။ ဒီေလွ်ာက္လမ္းကို ေတာင္ၾကားတစ္ခုကေန ေနာက္ေတာင္ၾကားတစ္ခုကို ကူးဖုိ႔အတြက္ ရည္႐ြယ္ေဆာက္လုပ္ထားတာပါ။

၅။ ေလထဲမွာခ်ိတ္ဆြဲထားတဲ့ ေခါင္းတလား မ်ား

Sagada ေဒသက အရင္တုန္းက ပင္လယ္ နဲ႔ထိစပ္ေနတဲ့အတြက္ ကမၻာလွည့္ ခရီးသည္ ေတြကို ဆြဲေဆာင္ႏိုင္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံကို လာေရာက္လည္ပတ္တဲ့ ဧည့္သည္ေတြအတြက္ေတာ့ စိတ္ဝင္စားစရာ လႈိဏ္ဂူေတြလည္း အမ်ားႀကီး႐ွိပါတယ္။ ဒါတင္မကေသးပါဘူး။ ေလထဲမွာခ်ိတ္ဆြဲထားတဲ့ ေခါင္းတလားမ်ားဆိုတဲ့ ေနရာကလည္း သင့္ကို စိတ္ဝင္စားေစမွာပါ။

ဖိလစ္ပိုင္ လူမ်ိဳးေတြ အတြက္ေတာ့ ေလထဲမွာခ်ိတ္ဆြဲထားတဲ့ ေခါင္းတလား ထဲမွာ ျမွဳပ္ႏွံထားတဲ့ ေ႐ွး အယူအဆ တစ္ခုပါ။ လူေသေတြကို ျမွဳပ္ႏွံၿပီးရင္ ေခါင္းတလားေတြကို ေက်ာက္ေဆာင္နံရံေတြေပၚမွာ ဒါမွမဟုတ္ လႈိဏ္ဂူ ထိပ္ဖ်ား ေတြမွာ ခဲရာခဲဆစ္ သြားထားၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ဖိလစ္ပိုင္ယံုၾကည္မႈအရ ေတာင္ေတြဆိုတာ ေကာင္းကင္ဘံုနဲ႔ ကမၻာၾကားက ေလွကားထစ္ေတြ ျဖစ္လို႔ပါပဲတဲ့။

Credit : ingyinphyu

Unicode ဖြင့်ဖတ်ရန်

ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံး သူတွေမှ သွားနိုင်မဲ့ဒေသလေးတွေလည်း ရှိပါသေးတယ်။
အားလပ်ရက်မှာ အိမ်မှာနေမဲ့သူထက် ခရီးသွားကြမဲ့သူက ပိုများမှာပါ။ ခရီးမသွားခင် ခရီးလမ်းကြောင်းကို သေချာရွေးချယ်ကြသလို သွားမဲ့နေရာကိုလည်း သေချာရွေးချယ်ကြတာ များပါတယ်။ လူတိုင်းလူတိုင်းက မိမိရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး မိမိနှစ်သက်ရာ ဒေသတွေကို ခရီးသွားကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံး သူတွေမှ သွားနိုင်မဲ့ဒေသလေးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့…

၁။ အရိုးဝတ်ပြုဆုတောင်းဆောင်

ပေါ်တူဂီနိုင်ငံ၊ အီဗိုရာမြို့မှာ တည်ရှိတဲ့ အရိုးဝတ်ပြုဆုတောင်းဆောင်ကတော့ မြို့ရဲ့အထင်ရှားဆုံး အဆောက်အဦးတစ်ခု ဖြစ်ပါတယ်။ ဒ့ါအပြင် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဝတ်ပြုဆုတောင်းဆောင်ကို အရိုးဝတ်ပြုဆုတောင်းဆောင်လို့ ခေါ်တွင်ရတာက အတွင်းပိုင်းအပြင်အဆင်ကို လူရိုးတွေ၊ ဦးခေါင်းခွံတွေနဲ့ တန်ဆာဆင်ထား၊ အလှဆင်ထားလို့ပါပဲ။

ဒီဝတ်ပြုဆုတောင်းဆောင်ကို ၁၆ ရာစုနှစ်တုန်းက ဘုန်းတော်ကြီးတစ်ပါးက ဆောက်လုပ်ခဲ့တာပါ။ အဝင်ဝမှာတော့ “ငါတို့ရဲ့အရိုးတွေတော့ ဒီမှာရှိတယ်။ မင်းရဲ့အရိုးတွေကို ငါတို့စောင့်နေတယ်” ဆိုပြီး ဆိုင်းဘုတ်ရေးထိုးထားပါတယ်။

၂။ ဟွိုင်ရာတောအုပ် (Hoia Forest)

ဟွိုင်ရာတောအုပ်ကတော့ ထရန်ဆေးလ်ဗေးနီးယားမှာ တည်ရှိပြီး စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေ ဖြစ်ပွားမှုကြောင့် နာမည်ကျော်ကြားပါတယ်။ ဒဏ္ဍာရီတွေအရဆိုရင် ဒီတောအုပ်ရဲ့နာမည်က သိုးအုပ်ကြီးနဲ့အတူ မြူတွေထူထပ်လာချိန်မှာ ပျောက်ကွယ်သွားတဲ့ သိုးကျောင်းသားတစ်ယောက်ကို အစွဲပြုမှည့်ခေါ်ထားတာပါတဲ့။

သုတေသီတွေရဲ့ အဆိုအရဆိုရင် တောအုပ်ထဲကိုဝင်လိုက်တိုင်း ထူးဆန်းတဲ့အသံတွေကို ကြားရပြီး ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရပါတယ်တဲ့။ တချို့တွေကတော့ ပန်းကန်ပြားပျံတွေကို တွေ့ရတယ်လို့ ဆိုကြသလို တချို့ကတော့ သရဲတစ္ဆေတွေကို မြင်ရတယ်လို့ ဆိုကြပါတယ်။

၃။ လက်ဝါးကပ်တိုင်တောင်ကုန်း

လက်ဝါးကပ်တိုင်တောင်ကုန်းကတော့ လစ်သျူရန်းနီးယားနိုင်ငံမှာ တည်ရှိတဲ့ မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ တောင်ကုန်းပေါ်မှာ လက်ဝါးကပ်တိုင်တွေ အများကြီးရှိပြီး အတိအကျဘယ်သူမှ မရေတွက်နိုင်ပါဘူး။ ၁၉၉၀ ပြည့်နှစ်တုန်းက တွက်ချက်မှုတွေအရတော့ ငါးသောင်းဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေရာက သင်္ချ ိုင်းကုန်းတစ်ခုမဟုတ်ပေမဲ့ ကံကောင်းစေနိုင်တယ်လို့ ယုံကြည့်တဲ့အတွက် လူတွေထားထားသွားလို့ လက်ဝါးကပ်တိုင်တွေ တစ်နေ့တခြား ပိုပိုများလာတာပါ။

၄။ El Caminito del Rey လျှောက်လမ်း

စပိန်လို El Caminito del Rey လို့ခေါ်တဲ့ ဘုရင်ကြီးရဲ့လျှောက်လမ်းလေးဆိုတာကတော့ ကျောက်ဆောင်ပေါ်မှာ သံလက်ရန်းတွေခံထားတဲ့ ကွန်ကရစ်လျှောက်လမ်းပဲ ဖြစ်ပါတယ်။ ဒီလျှောက်လမ်းက စပိန်နိုင်ငံ Chorro နဲ့ Malaga ပြည်နယ်က Gaitanejo ရေတံခွန်တို့ကြားမှာ တည်ရှိပါတယ်။ လျှောက်လမ်းက အရမ်းမတ်စောက်ပြီး အရှည် (၁.၈) မိုင်နဲ့ အကျယ် (၃.၂) ပေ ကျယ်ဝန်းပါတယ်။

ဒီလျှောက်လမ်းကို ၁၉၀၅ ခုနှစ်တုန်းက ဆည်ကိုတည်ဆောက်တဲ့ အလုပ်သမားတွေအတွက် တည်ဆောက်ပေးခဲ့တာပါ။ ဒီလျှောက်လမ်းကို တောင်ကြားတစ်ခုကနေ နောက်တောင်ကြားတစ်ခုကို ကူးဖို့အတွက် ရည်ရွယ်ဆောက်လုပ်ထားတာပါ။

၅။ လေထဲမှာချိတ်ဆွဲထားတဲ့ ခေါင်းတလားများ

Sagada ဒေသက အရင်တုန်းက ပင်လယ်နဲ့ထိစပ်နေတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက်တော့ စိတ်ဝင်စားစရာ လှိုဏ်ဂူတွေလည်း အများကြီးရှိပါတယ်။ ဒါတင်မကသေးပါဘူး။ လေထဲမှာချိတ်ဆွဲထားတဲ့ ခေါင်းတလားများဆိုတဲ့ နေရာကလည်း သင့်ကို စိတ်ဝင်စားစေမှာပါ။

ဖိလစ်ပိုင်လူမျိုးတွေ အတွက်တော့ လေထဲမှာချိတ်ဆွဲထားတဲ့ ခေါင်းတလားထဲမှာ မြှုပ်နှံထားတဲ့ ရှေးအယူအဆတစ်ခုပါ။ လူသေတွေကို မြှုပ်နှံပြီးရင် ခေါင်းတလားတွေကို ကျောက်ဆောင်နံရံတွေပေါ်မှာ ဒါမှမဟုတ် လှိုဏ်ဂူထိပ်ဖျားတွေမှာ ခဲရာခဲဆစ် သွားထားကြပါတယ်။ ဘာလို့လဲဆိုတော့ ဖိလစ်ပိုင်ယုံကြည်မှုအရ တောင်တွေဆိုတာ ကောင်းကင်ဘုံနဲ့ ကမ္ဘာကြားက လှေကားထစ်တွေ ဖြစ်လို့ပါပဲတဲ့။

Credit : ingyinphyu