အတူငုိေႂကြးဖူးတဲ့ သူငယ္ခ်င္းေတြဟာ တစ္သက္လုံးစာ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္လာ

0
1062

သူငယ္ခ်င္းေကာင္းတစ္ေယာက္ ရဖုိ႔ဆိုတာ သူနဲ႔အတူ အခ်ိန္ေတြအတူတူ ကုန္ဆံုးဖူးရမယ္။ အေတြ႕အႀကံဳ၊ ခံစားခ်က္ေတြ ေ၀မွ်ဖူးရမွာေပါ့။ ေလ့လာေတြ႕ရွိခ်က္ အသစ္အရေတာ့ သူငယ္ခ်င္းေကာင္း တစ္ေယာက္ဆိုတာ ကိုယ့္သူငယ္ခ်င္းနဲ႔အတူ ငိုေၾကြးဖူးသူ ျဖစ္ရပါမယ္တဲ့။ ဒါဟာ အရင္းႏွီးဆံုး သူငယ္ခ်င္းျဖစ္ဖုိ႔လညး္ အဓိက အခ်က္တစ္ခ်က္ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Journal of Social and Clinical Psychology မွာ ေဖာ္ျပထားတာကေတာ့ သုေတသနတစ္ရပ္ျပဳလုပ္ဖုိ႔ ႏိုင္ငံေပါင္း ၃၅ႏိုင္ငံက အမ်ိဳးသား ၂၁၈၁ေယာက္နဲ႔ အမ်ိဳးသမီး ၂၉၁၅ေယာက္တုိ႔ဆီက အခ်က္အလက္ေတြ စုေဆာင္းခဲ့တာပါ။ အဲ့ဒီကရတဲ့အေျဖကေတာ့ သူငယ္ခ်င္းႏွစ္ေယာက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အတူငိုေၾကြးခဲ့ဖူးသူေတြဟာ တစ္ဥိးနဲ႔တစ္ဦး ပိုခ်စ္ခင္ရင္ႏွီးၾကပါတယ္တဲ့။

“သူငယ္ခ်င္းေတြဟာ ငိုေၾကြးရင္း သူတုိ႔အေတြ႕အႀကံဳေတြကို ေ၀မွ်ၾကမယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အားေပးႏွစ္သိမ့္ၾကမယ္။ ႏွစ္ဦးစလံုး ခံစားနာက်င္ေနၾကရမယ္ဆုိရင္ေတာင္ တစ္ဦးနဲ႔တစ္ဦး ေျဖသိမ့္ေပးျခင္းကေန နားလည္မႈ တစ္ခု ရသြားတတ္ပါတယ္။ သံေယာဇဥ္လည္း ပိုတြယ္သြားတတ္ၾကတယ္”လို႔ Elite Daily မွာ ေဖာ္ျပထားပါတယ္။

အထူးသျဖင့္ အမ်ိဳးသမီးေတြဟာ အဲ့ဒီလိုအခ်ိန္ေတြမွာ ခံစားခ်က္ခ်င္း ဖလွယ္ရာကေန ပိုရင္းႏွီးသြားတတ္ၾကတယ္လုိ႔ သိရပါတယ္။

Trend Myanmar

( Unicode )

သူငယ်ချင်းကောင်းတစ်ယောက် ရဖို့ဆိုတာ သူနဲ့အတူ အချိန်တွေအတူတူ ကုန်ဆုံးဖူးရမယ်။ အတွေ့အကြုံ၊ ခံစားချက်တွေ ဝေမျှဖူးရမှာပေါ့။ လေ့လာတွေ့ရှိချက် အသစ်အရတော့ သူငယ်ချင်းကောင်း တစ်ယောက်ဆိုတာ ကိုယ့်သူငယ်ချင်းနဲ့အတူ ငိုကြွေးဖူးသူ ဖြစ်ရပါမယ်တဲ့။ ဒါဟာ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ဖို့လညး် အဓိက အချက်တစ်ချက် ဖြစ်တယ်လို့လည်း သိရပါတယ်။

Journal of Social and Clinical Psychology မှာ ဖော်ပြထားတာကတော့ သုတေသနတစ်ရပ်ပြုလုပ်ဖို့ နိုင်ငံပေါင်း ၃၅နိုင်ငံက အမျိုးသား ၂၁၈၁ယောက်နဲ့ အမျိုးသမီး ၂၉၁၅ယောက်တို့ဆီက အချက်အလက်တွေ စုဆောင်းခဲ့တာပါ။ အဲ့ဒီကရတဲ့အဖြေကတော့ သူငယ်ချင်းနှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် အတူငိုကြွေးခဲ့ဖူးသူတွေဟာ တစ်ဥိးနဲ့တစ်ဦး ပိုချစ်ခင်ရင်နှီးကြပါတယ်တဲ့။

“သူငယ်ချင်းတွေဟာ ငိုကြွေးရင်း သူတို့အတွေ့အကြံုတွေကို ဝေမျှကြမယ်။ တစ်ယောက်နဲ့တစ်ယောက် အားပေးနှစ်သိမ့်ကြမယ်။ နှစ်ဦးစလုံး ခံစားနာကျင်နေကြရမယ်ဆိုရင်တောင် တစ်ဦးနဲ့တစ်ဦး ဖြေသိမ့်ပေးခြင်းကနေ နားလည်မှု တစ်ခု ရသွားတတ်ပါတယ်။ သံယောဇဉ်လည်း ပိုတွယ်သွားတတ်ကြတယ်”လို့ Elite Daily မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေဟာ အဲ့ဒီလိုအချိန်တွေမှာ ခံစားချက်ချင်း ဖလှယ်ရာကနေ ပိုရင်းနှီးသွားတတ်ကြတယ်လို့ သိရပါတယ်။

Trend Myanmar