အိႏိၵယႏုိင္ငံနဲ႔ တျဖည္းျဖည္း တူလာတဲ့ ျမန္မာႏုိင္ငံ

0
2290

(၁) အမွဳိက္ေတြ ဖြတယ္ စည္းကမ္းမဲ့ ပစ္ၾကတယ္ – အစိုးရက ရွင္းတယ္ .. ဒါေပမယ့္ ျပန္ဖြတာပဲ .. ပညာေပးေတြ ရိုက္ျပတယ္ .. မႏိုင္ဘူး .. ျပန္ဖြတယ္ ပစ္ခ်င္တိုင္း ပစ္တယ္ (အိႏၵိယမွာ ေနဖူးတဲ့သူဆို သိတယ္ .. တိုက္လမ္းၾကားေတြ သူမ်ားေခါင္မိုးေပၚေတြ အမွဳိက္ခ်တာ ပစ္ၾကတာ .. မိလႅာပိုက္ေတြေပါက္ .. ေရေတြ ဗြက္ေတြ နဲ႕ ညစ္ပတ္ေနတာ ယေန႕ ရန္ကုန္နဲ႕ တပံုစံတည္းပဲ)

(၂) မုဒိန္းမွဳေတြ ေပါတယ္ – ဟိုးအရင္က အိႏၵိယမွာ ကေလးေလးကို မုဒိန္းက်င့္တယ္ အဖြားႀကီးေတြကို မုဒိန္းက်င့္တယ္ ဆိုတဲ့ သတင္းဖတ္မိေတာ့ အံ့ၾသမိတယ္ .. အခု ျမန္မာျပည္မွာ ျဖစ္လာၿပီ – ၅ ႏွစ္ေအာက္ေတြက မ်ားလာတယ္
(ဒါေတာင္ ရွက္လို႕ ေၾကာက္လို႕ မေျပာၾကတဲ့ အျဖစ္ေတြ ရွိမယ္)

(၃) ကုန္ေစ်းႏွဳန္းတက္လို႕ အဟာရခ်ဳိ႕တဲ့ လာၾကတယ္ – အရင္က ဆန္အိုးႀကီး ဝက္သားတံုးႀကီး လက္သီးဆုပ္ – ဆီကို ေရခ်ဳိး ဆိုတာ ေမ့လိုက္ေတာ့ (အခု အဟာရ ခ်ဳိ႕တဲ့လာလို႕ အသားရည္ေျခာက္တာ – ပိန္တာက အစျဖစ္လာတယ္) (ဟိုး အဖြားတို႕ေခတ္က ကုလားေလးေတြ သနားပါတယ္ .. ပဲဟင္းပဲ စားရလုိ႕ မဲပိန္ေနတာပဲ ဆိုတဲ့ စကားေတြဟာ ဝဋ္လည္လာသလိုပဲ)

(၄) လမ္းေဘး နဲ႕ ဘုရားေက်ာင္းေတြမွာ ေတာင္းစားတဲ့ သူေတြ မ်ားလာတယ္ – သက္ႀကီး ခိုကိုးရာမဲ့ေတြမ်ားလာတယ္ – ျမန္မာျပည္လည္း အတူတူပဲ။

(၅) ဆင္းရဲ ခ်မ္းသာ အရမ္းကြာဟလာတယ္။

(၆) က်န္းမာေရး အသိပညာ နည္းလာတယ္

(၇) ကိုးကြယ္မွဳေတြ ပိုစံုလာသလို ျပသနာေတြ မ်ဳိးစံု ျဖစ္လာတယ္။ ဘုန္းႀကီးေတြက ဆြာမိတို႕ ဘာဘားတို႕ ဆန္ဆန္ ျဖစ္လာတယ္။ ႏိုင္ငံေရးမွာ ပါဝင္လာၾကျပန္တယ္။

(၈) အိႏိၵယႏိုင္ငံေရးမွာ စစ္တပ္ေတာ့ မပါပါဘူး .. သို႕ေပမယ့္ .. အရွဳပ္အရွင္း အေတာ္မ်ားတဲ့ အမတ္ေလာကရဲ႕ ဟိုဟာ ဝယ္ဝတ္လို႕ ဒီဟာသူ႕မိန္းမက ဝတ္လိုက္လို႕ ဘယ္ကရသလဲ ဆိုတဲ့ Tabloid သတင္းေတြမွာ ခဏခဏ ေဖာ္ျပတဲ့ အျဖစ္နဲ႕ စလာၿပီ (Corruption တိုက္ဖ်က္ပါမယ္ ဆိုမွ ပိုင္ဆိုင္မွဳ မေၾကျငာနဲ႕ဆိုေတာ့ သြားေရာေပါ့) အိႏၵိယမွာ တခုခုျဖစ္ရင္ မိန္းမဆီက သူ႕ကို တင္ေတာင္းတဲ့ Dowry စာရင္းျပလို႕ Back Date နဲ႕ ေရာင္းတဲ့ ေဘာက္ခ်ာျပတတ္တဲ့ အမတ္ေတြလည္း ရွိတယ္။ (ခဏေနရင္ ျမန္မာျပည္မွာ လာလိမ့္မယ္)

(၉) ဟိုးတခါ အိႏၵိယက လမ္းျဖတ္ကူးတဲ့ ဗီဒီယို – ကားေတြက ျဖတ္ခ်င္တိုင္းျဖတ္သလို .. ေဟာ အခု ျမန္မာျပည္မွာလည္း အတူတူပဲ .. အိႏၵိယမွ တေန႕တေန႕ တိုက္တဲ့ ေသတဲ့ အေရအတြက္ဟာ အေတာ္မ်ားတယ္။

(၁၀) ဆင္းရဲသားတိုက္ဖ်က္ေရးကို မႏိုင္ေတာ့ ဆင္းရဲသားေစ်း နဲ႕ ေရာင္းတဲ့ ပစၥည္းေတြဟာ Quality မဲ့ေတြ မ်ားလာ တယ္ ။

(၁၁) မိမိကိုယ္ကို အဆံုးစီရင္တာေတြ မ်ားလာတယ္ – ျမန္မာျပည္မွာ အခု ၂ ရက္ တေယာက္ဆုိပဲ

(၁၂) မ်က္ႏွာမြဲ နဲ႕ ပတ္သက္တဲ့ အမွဳ ကိစၥဆို ရဲ က မသိခ်င္ေယာင္ ေဆာင္တယ္။ (အိႏၵိယမွာ .. အိုးမဲ့ အိမ္မဲ့ ေသ ေပ်ာက္တဲ့ ကိစၥဆို ရဲက စာရင္းထဲေတာင္ မထားတဲ့ အျဖစ္ျဖစ္လာတယ္။ သာမာန္ ဆိုရင္လည္း ဘယ္ေတာ့မွ အမွဳမွန္ မေပၚျပန္ဘူး – လူထုက ဝိုင္းေအာ္မွ ထ အလုပ္လုပ္တယ္)

အခု ျမန္မာျပည္မွာၾကည့္ .. ဘယ္အမွဳ ေပၚလို႕လဲ .. မ်က္ႏွာမြဲဆို ပိုေတာင္ဆိုးေသးတယ္။

(၁၃) ေသာက္ေရ နဲ႕ သဘာဝ ပတ္ဝန္းက်င္ ညစ္ညမ္းလာတယ္။

(၁၄) ႏိုင္ငံေရးမွာ ေခါင္းေဆာင္က ဘာေတြ လုပ္ျပျပ ေအာက္က လုပ္ခ်င္တုိင္း လုပ္ၾကတယ္။ မိုဒီျဖစ္ျဖစ္၊ ဂႏၵီျဖစ္ျဖစ္၊ ဆိုနီယာျဖစ္ျဖစ္ .. ေခါင္းေဆာင္ကသာ သြားေလရာ တခုခုေျပာသြားတယ္ .. ေအာက္က လုပ္ခ်င္တိုင္း လုပ္ၾကတယ္။ လူေတြက ေခါင္းေဆာင္ေျပာတာေတြကို အားေတြ တက္ၾကတယ္။ တကယ္တန္း ထိထိေရာက္ေရာက္ ျဖစ္မလာဘူး။

ေငြေၾကးနဲ႕ ပက္သက္လို႕ အသံုးစရိတ္ကို ထုတ္သံုးဖို႕ တြန္႕တိုၾကသလို ကိစၥတခုကို ျဖစ္ျဖစ္ေျမွာက္ေျမွာက္ဆို တကယ္တန္းျဖစ္မလာၾကဘူး။ ဘာေတြလုပ္ေပးမယ္ ထင္တယ္ဆိုတဲ့ ျပည္သူက စဥ္းစားထားသမွ်ဟာ တကယ္တန္း လက္ေတြ႕မွာ ျဖစ္မလာၾကတာမ်ားတယ္။

(မွတ္ခ်က္။ ။ အိႏၵိယက အသံုးေခြ်တာတဲ့ ႏုိင္ငံ .. ဘာလုပ္လုပ္ အနည္းဆံုးျဖစ္ေအာင္ လုပ္တယ္ .. ဥပမာ အဂါၤၿဂိဳလ္ သြားတဲ့ ဒံုးပ်ံလည္း အနည္းဆံုး .. သို႕ေပမယ့္ အဲဒီ အနည္းဆံုးသံုးတဲ့ ေငြပမာဏကိုေတာင္ အဂတိ ျဖစ္လို႕ ဘတ္ၾကျပန္တယ္)

(ျမန္မာျပည္မွာလည္း အတူတူပဲ – ေခါင္းေဆာင္သာ နာမည္ရွိတယ္ .. ေနာက္လိုက္ နာမည္ မရွိဘူး .. ကိစၥေတာ္ေတာ္ မ်ားမ်ားဟာ လက္ေတြ႕မွာ ျဖစ္မလာဘူး။)

(၁၅) လႊတ္ေတာ္ထဲမွာ ေဆြးေႏြးတဲ့ ကိစၥေတြဟာ တကယ္အေကာင္ထည္ေဖာ္ဖို႕ အေတာ္ေႏွာက္ေႏွးသလို Corruption ေတြေၾကာင့္ ျဖစ္မလာဘူး – တရုတ္ႀကီးလို ထိထိေရာက္ေရာက္ ဆုေပး ဒဏ္ေပး မလုပ္ေတာ့ .. အိႏၵိယဟာ ဘယ္ဟာ လုပ္လုပ္ ထိေရာက္တဲ့ အေလ့မရွိဘူး .. တေယာက္ တေပါက္ ေလွ်ာက္လုပ္ၾကတယ္။ Corruption ေၾကာင့္ ပ်က္သမွ် လိုက္ျပင္ ဖာေထး ရတဲ့ စရိတ္နဲ႕ပဲ တိုင္းျပည္က လံုးခ်ာရိုက္ေနတယ္။

(၁၆) ပညာေရးကို အားေပးေပမယ့္ – စာအုပ္မဝယ္ႏုိင္တဲ့ ကေလး၊ ေက်ာင္းထြက္တဲ့ ကေလး မ်ားလာတယ္။ ဆင္းရဲတဲ့ မိဘမ်ားလာလို႕ ပညာေရး အားမေပးၾကေတာ့ဘူး။ ေက်ာင္းဘြဲ႕ရေတာ့ အလုပ္ရွားျပန္တယ္။ အလုပ္ေကာင္းေလးရေအာင္ Master Degree တခုခုကို ယူရျပန္တယ္။ (ျမန္မာျပည္မွာ အခု Trend ျဖစ္လာတယ္)

(၁၇) လမ္းေဘးမွာ အလုပ္လုပ္ေနတဲ့ ကေလးေတြ – ကေလးလုပ္သားေတြ မ်ားလာတယ္။

(၁၈) အႏၵိယတႏိုင္ငံလံုးမွာ မိသားစုဝင္ေတြထဲက တေယာက္ေယာက္ဟာ ျပည္ပထြက္အလုပ္လုပ္ရင္ အျခားမိသားစုဝင္ ေတြဟာ သူ႕ဆီကပဲ ေငြေၾကးေမွ်ာ္ကိုးတယ္ (အခု ျမန္မာႏုိင္ငံလည္း အတူတူပဲ .. တေယာက္က အလုပ္ထြက္လုပ္တာနဲ႕ အမ်ားစုဟာ ထိုင္စားဖို႕ ျပင္ၾကတယ္)

(၁၉) မနက္ကတည္းက မိုက္ခရိုဖုန္း နဲ႕ ေသာင္းက်န္းတယ္ – ေလာ္စပီကာနဲ႕ ေသာင္းက်န္းတယ္။ (ဘာသာေရး နဲ႕ ပတ္သက္လာရင္ သြားေျပာလို႕ မရဘူး .. ဝိုင္းေဆာ္ၾကမယ္ – ျမန္မာျပည္မွာလည္း အတူတူပဲ .. နားသာအၿငီးခံမယ္ .. တကယ္တန္း ဘာသာေရး နဲ႕ ပတ္သက္လာရင္ စန္းစန္းတင့္ေတြ)

(၂၀) ဟိုး နယ္ေတြ ဆင္းရဲတဲ့ Remote ေဒသေတြမွာ လွ်ပ္စစ္မီးမရွိဘူး – လွ်ပ္စစ္စနစ္ဟာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ေနၿပီ။ ယေန႕ထက္ထိ လူလို မေနႏိုင္တဲ့သူေတြ ျမန္မာျပည္မွာ ရွိတယ္။ ၿမိဳ႕မွာေတာင္ လူမ်ားအိမ္က မီးသြယ္ရတဲ့ စနစ္ရွိတယ္။ အိႏၵိယမွာ အဲဒါက Popular Culture။

(၂၁) ႏိုင္ငံေရးသမားေတြက စင္ေပၚတက္ မက္လံုးေပးတယ္ .. တကယ္တန္း ျဖစ္မလာဘူး .. အမတ္ေတြ လာဘ္စားမယ္ – လူမွဳေရး အရွဳပ္ရွင္းေတြ ရွိမယ္ .. ဘာမွ ျဖစ္မလာဘူး။ ပါတီ နာမည္ပ်က္မွာေၾကာက္လို႕ ပါတီေခါင္းေဆာင္ေတြ အားလံုးက စည္းစည္းလံုးလံုးပဲ။ အျမင္မွာသာ ေရလာေျမာင္းေပး ေျပာၾကတယ္ .. အခုပဲ တခုခုလုပ္မလုိလုိေတြ နဲ႕ တကယ္တန္း ျဖစ္မလာဘူး။

(၂၂) ႏိုင္ငံေရးျဖစ္ျဖစ္ ဘာသာေရးျဖစ္ျဖစ္ လူမ်ဳိးေရးျဖစ္ျဖစ္ ယဥ္ေက်းမွဳျဖစ္ျဖစ္ … အရမ္းအစြဲႀကီးတယ္ .. အထူးသျဖင့္ ပုဂၢိဳလ္ေရး အရမ္းအစြဲႀကီးတယ္။ တခုခုဆို ဘာမွ က်ုိးေၾကာင္းဆင္ျခင္ေျပာလို႕မရဘူး။ ငါ ကိုးကြယ္တဲ့သူ အားေပးတဲ့သူ ဟာ လူေအး – လူေကာင္း – သူေတာ္စင္ အျဖစ္ပဲ အရိုးစြဲ ျမင္ၾကတယ္။ လုပ္သင့္လုပ္ထိုက္တာကို မလုပ္လို႕ ေဝဖန္လို႕မရဘူး။ မဟုတ္ဖူး .. သူက လူေကာင္း ခ်ည္းပဲ စကားနဲ႕ ခ်ီေျပာၾကတယ္။

(၂၃) လူေတြကသာ ဆင္းရဲတာ ဘုရားေက်ာင္း ေတြ ဘာသာေရး ေခါင္းေဆာင္ေတြက ခ်မ္းသာတယ္ (ျမန္မာျပည္ နဲ႕ တပံုစံတည္းပဲ

(၂၄) ရံုးလုပ္ငန္းတိုင္းလိုလိုဟာ Corruption ရွိတယ္။ သူ႕ အဆင့္ဆင့္ လုပ္ထံုးလုပ္နည္းအတိုင္းဆို ၾကာတယ္။ ဖိအားေပးတုန္း ခဏတာ ၿငိမ္ေနတယ္ .. ေနာက္ျပန္ၿပီး Corruption ျဖစ္တယ္။

(၂၅) ႏိုင္ငံေရး နဲ႕ ပတ္သက္လာရင္ အႀကီးအက်ယ္ အားေပးၾကတယ္ .. မဲေတြ ထည့္ၾကတယ္ .. ေနာက္ဆံုး ကတိေပးထားတဲ့ စကားေတြကို အိႏၵိယျပည္သူဟာ ရုပ္ရွင္ေတြၾကည့္ သီခ်င္းေတြဆိုၿပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားၾကတယ္။ – ျမန္မာျပည္လည္း Live Show ေတြ ကိုရီးယား Drama ေတြ ဘုရားပြဲ ဇာတ္ပြဲ နတ္ပြဲ အၿငိမ့္ ျပန္ေျပာင္းေအာင္းေမ့ဖြယ္ အခန္းအနား – ႏွဳတ္ခမ္းနီ မိတ္ဆက္ပြဲ – Facebook သံုးရင္း ေမ့သြားၾကတယ္။

ေနာက္ဆံုး အိႏၵိယဟာ ရဲလာဘ္စားတာ၊ ညီမ မုဒိန္းက်င့္ခံရတာ၊ ႏိုင္ငံေရးသမား လွည့္ဖ်ားတာ၊ မိသားစုကို သတ္တာေတြကို လက္စားေခ်ျပတဲ့ ဇာတ္ကားေတြ နဲ႕ သူတို႕ မေက်နပ္ခ်က္ေတြကို မင္းသားေတြ ခ်တာ လက္ခုတ္တီးရင္း ၿပီးသြားရွာတယ္။ ျမန္မာျပည္မွာ ရိုက္ျပလို႕မရဘူး .. ဖမ္းခံရလိမ့္မယ္။

အားမွ တူတာေလးေတြ တပ္ေရးေပးဦးမယ္

( Unicode )

(၁) အမှိုက်တွေ ဖွတယ် စည်းကမ်းမဲ့ ပစ်ကြတယ် – အစိုးရက ရှင်းတယ် .. ဒါပေမယ့် ပြန်ဖွတာပဲ .. ပညာပေးတွေ ရိုက်ပြတယ် .. မနိုင်ဘူး .. ပြန်ဖွတယ် ပစ်ချင်တိုင်း ပစ်တယ် (အိန္ဒိယမှာ နေဖူးတဲ့သူဆို သိတယ် .. တိုက်လမ်းကြားတွေ သူများခေါင်မိုးပေါ်တွေ အမှိုက်ချတာ ပစ်ကြတာ .. မိလ္လာပိုက်တွေပေါက် .. ရေတွေ ဗွက်တွေ နဲ့ ညစ်ပတ်နေတာ ယနေ့ ရန်ကုန်နဲ့ တပုံစံတည်းပဲ)

(၂) မုဒိန်းမှုတွေ ပေါတယ် – ဟိုးအရင်က အိန္ဒိယမှာ ကလေးလေးကို မုဒိန်းကျင့်တယ် အဖွားကြီးတွေကို မုဒိန်းကျင့်တယ် ဆိုတဲ့ သတင်းဖတ်မိတော့ အံ့သြမိတယ် .. အခု မြန်မာပြည်မှာ ဖြစ်လာပြီ – ၅ နှစ်အောက်တွေက များလာတယ်
(ဒါတောင် ရှက်လို့ ကြောက်လို့ မပြောကြတဲ့ အဖြစ်တွေ ရှိမယ်)

(၃) ကုန်စျေးနှုန်းတက်လို့ အဟာရချို့တဲ့ လာကြတယ် – အရင်က ဆန်အိုးကြီး ဝက်သားတုံးကြီး လက်သီးဆုပ် – ဆီကို ရေချိုး ဆိုတာ မေ့လိုက်တော့ (အခု အဟာရ ချို့တဲ့လာလို့ အသားရည်ခြောက်တာ – ပိန်တာက အစဖြစ်လာတယ်) (ဟိုး အဖွားတို့ခေတ်က ကုလားလေးတွေ သနားပါတယ် .. ပဲဟင်းပဲ စားရလို့ မဲပိန်နေတာပဲ ဆိုတဲ့ စကားတွေဟာ ဝဋ်လည်လာသလိုပဲ)

(၄) လမ်းဘေး နဲ့ ဘုရားကျောင်းတွေမှာ တောင်းစားတဲ့ သူတွေ များလာတယ် – သက်ကြီး ခိုကိုးရာမဲ့တွေများလာတယ် – မြန်မာပြည်လည်း အတူတူပဲ။

(၅) ဆင်းရဲ ချမ်းသာ အရမ်းကွာဟလာတယ်။

(၆) ကျန်းမာရေး အသိပညာ နည်းလာတယ်

(၇) ကိုးကွယ်မှုတွေ ပိုစုံလာသလို ပြသနာတွေ မျိုးစုံ ဖြစ်လာတယ်။ ဘုန်းကြီးတွေက ဆွာမိတို့ ဘာဘားတို့ ဆန်ဆန် ဖြစ်လာတယ်။ နိုင်ငံရေးမှာ ပါဝင်လာကြပြန်တယ်။

(၈) အိန္ဒိယနိုင်ငံရေးမှာ စစ်တပ်တော့ မပါပါဘူး .. သို့ပေမယ့် .. အရှုပ်အရှင်း အတော်များတဲ့ အမတ်လောကရဲ့ ဟိုဟာ ဝယ်ဝတ်လို့ ဒီဟာသူ့မိန်းမက ဝတ်လိုက်လို့ ဘယ်ကရသလဲ ဆိုတဲ့ Tabloid သတင်းတွေမှာ ခဏခဏ ဖော်ပြတဲ့ အဖြစ်နဲ့ စလာပြီ (Corruption တိုက်ဖျက်ပါမယ် ဆိုမှ ပိုင်ဆိုင်မှု မကြေငြာနဲ့ဆိုတော့ သွားရောပေါ့) အိန္ဒိယမှာ တခုခုဖြစ်ရင် မိန်းမဆီက သူ့ကို တင်တောင်းတဲ့ Dowry စာရင်းပြလို့ Back Date နဲ့ ရောင်းတဲ့ ဘောက်ချာပြတတ်တဲ့ အမတ်တွေလည်း ရှိတယ်။ (ခဏနေရင် မြန်မာပြည်မှာ လာလိမ့်မယ်)

(၉) ဟိုးတခါ အိန္ဒိယက လမ်းဖြတ်ကူးတဲ့ ဗီဒီယို – ကားတွေက ဖြတ်ချင်တိုင်းဖြတ်သလို .. ဟော အခု မြန်မာပြည်မှာလည်း အတူတူပဲ .. အိန္ဒိယမှ တနေ့တနေ့ တိုက်တဲ့ သေတဲ့ အရေအတွက်ဟာ အတော်များတယ်။

(၁၀) ဆင်းရဲသားတိုက်ဖျက်ရေးကို မနိုင်တော့ ဆင်းရဲသားစျေး နဲ့ ရောင်းတဲ့ ပစ္စည်းတွေဟာ Quality မဲ့တွေ များလာ တယ် ။

(၁၁) မိမိကိုယ်ကို အဆုံးစီရင်တာတွေ များလာတယ် – မြန်မာပြည်မှာ အခု ၂ ရက် တယောက်ဆိုပဲ

(၁၂) မျက်နှာမွဲ နဲ့ ပတ်သက်တဲ့ အမှု ကိစ္စဆို ရဲ က မသိချင်ယောင် ဆောင်တယ်။ (အိန္ဒိယမှာ .. အိုးမဲ့ အိမ်မဲ့ သေ ပျောက်တဲ့ ကိစ္စဆို ရဲက စာရင်းထဲတောင် မထားတဲ့ အဖြစ်ဖြစ်လာတယ်။ သာမာန် ဆိုရင်လည်း ဘယ်တော့မှ အမှုမှန် မပေါ်ပြန်ဘူး – လူထုက ဝိုင်းအော်မှ ထ အလုပ်လုပ်တယ်)

အခု မြန်မာပြည်မှာကြည့် .. ဘယ်အမှု ပေါ်လို့လဲ .. မျက်နှာမွဲဆို ပိုတောင်ဆိုးသေးတယ်။

(၁၃) သောက်ရေ နဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာတယ်။

(၁၄) နိုင်ငံရေးမှာ ခေါင်းဆောင်က ဘာတွေ လုပ်ပြပြ အောက်က လုပ်ချင်တိုင်း လုပ်ကြတယ်။ မိုဒီဖြစ်ဖြစ်၊ ဂန္ဒီဖြစ်ဖြစ်၊ ဆိုနီယာဖြစ်ဖြစ် .. ခေါင်းဆောင်ကသာ သွားလေရာ တခုခုပြောသွားတယ် .. အောက်က လုပ်ချင်တိုင်း လုပ်ကြတယ်။ လူတွေက ခေါင်းဆောင်ပြောတာတွေကို အားတွေ တက်ကြတယ်။ တကယ်တန်း ထိထိရောက်ရောက် ဖြစ်မလာဘူး။

ငွေကြေးနဲ့ ပက်သက်လို့ အသုံးစရိတ်ကို ထုတ်သုံးဖို့ တွန့်တိုကြသလို ကိစ္စတခုကို ဖြစ်ဖြစ်မြှောက်မြှောက်ဆို တကယ်တန်းဖြစ်မလာကြဘူး။ ဘာတွေလုပ်ပေးမယ် ထင်တယ်ဆိုတဲ့ ပြည်သူက စဉ်းစားထားသမျှဟာ တကယ်တန်း လက်တွေ့မှာ ဖြစ်မလာကြတာများတယ်။

(မှတ်ချက်။ ။ အိန္ဒိယက အသုံးချွေတာတဲ့ နိုင်ငံ .. ဘာလုပ်လုပ် အနည်းဆုံးဖြစ်အောင် လုပ်တယ် .. ဥပမာ အဂါင်္ဂြိုလ် သွားတဲ့ ဒုံးပျံလည်း အနည်းဆုံး .. သို့ပေမယ့် အဲဒီ အနည်းဆုံးသုံးတဲ့ ငွေပမာဏကိုတောင် အဂတိ ဖြစ်လို့ ဘတ်ကြပြန်တယ်)

(မြန်မာပြည်မှာလည်း အတူတူပဲ – ခေါင်းဆောင်သာ နာမည်ရှိတယ် .. နောက်လိုက် နာမည် မရှိဘူး .. ကိစ္စတော်တော် များများဟာ လက်တွေ့မှာ ဖြစ်မလာဘူး။)

(၁၅) လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ ကိစ္စတွေဟာ တကယ်အကောင်ထည်ဖော်ဖို့ အတော်နှောက်နှေးသလို Corruption တွေကြောင့် ဖြစ်မလာဘူး – တရုတ်ကြီးလို ထိထိရောက်ရောက် ဆုပေး ဒဏ်ပေး မလုပ်တော့ .. အိန္ဒိယဟာ ဘယ်ဟာ လုပ်လုပ် ထိရောက်တဲ့ အလေ့မရှိဘူး .. တယောက် တပေါက် လျှောက်လုပ်ကြတယ်။ Corruption ကြောင့် ပျက်သမျှ လိုက်ပြင် ဖာထေး ရတဲ့ စရိတ်နဲ့ပဲ တိုင်းပြည်က လုံးချာရိုက်နေတယ်။

(၁၆) ပညာရေးကို အားပေးပေမယ့် – စာအုပ်မဝယ်နိုင်တဲ့ ကလေး၊ ကျောင်းထွက်တဲ့ ကလေး များလာတယ်။ ဆင်းရဲတဲ့ မိဘများလာလို့ ပညာရေး အားမပေးကြတော့ဘူး။ ကျောင်းဘွဲ့ရတော့ အလုပ်ရှားပြန်တယ်။ အလုပ်ကောင်းလေးရအောင် Master Degree တခုခုကို ယူရပြန်တယ်။ (မြန်မာပြည်မှာ အခု Trend ဖြစ်လာတယ်)

(၁၇) လမ်းဘေးမှာ အလုပ်လုပ်နေတဲ့ ကလေးတွေ – ကလေးလုပ်သားတွေ များလာတယ်။

(၁၈) အန္ဒိယတနိုင်ငံလုံးမှာ မိသားစုဝင်တွေထဲက တယောက်ယောက်ဟာ ပြည်ပထွက်အလုပ်လုပ်ရင် အခြားမိသားစုဝင် တွေဟာ သူ့ဆီကပဲ ငွေကြေးမျှော်ကိုးတယ် (အခု မြန်မာနိုင်ငံလည်း အတူတူပဲ .. တယောက်က အလုပ်ထွက်လုပ်တာနဲ့ အများစုဟာ ထိုင်စားဖို့ ပြင်ကြတယ်)

(၁၉) မနက်ကတည်းက မိုက်ခရိုဖုန်း နဲ့ သောင်းကျန်းတယ် – လော်စပီကာနဲ့ သောင်းကျန်းတယ်။ (ဘာသာရေး နဲ့ ပတ်သက်လာရင် သွားပြောလို့ မရဘူး .. ဝိုင်းဆော်ကြမယ် – မြန်မာပြည်မှာလည်း အတူတူပဲ .. နားသာအငြီးခံမယ် .. တကယ်တန်း ဘာသာရေး နဲ့ ပတ်သက်လာရင် စန်းစန်းတင့်တွေ)

(၂၀) ဟိုး နယ်တွေ ဆင်းရဲတဲ့ Remote ဒေသတွေမှာ လျှပ်စစ်မီးမရှိဘူး – လျှပ်စစ်စနစ်ဟာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီ။ ယနေ့ထက်ထိ လူလို မနေနိုင်တဲ့သူတွေ မြန်မာပြည်မှာ ရှိတယ်။ မြို့မှာတောင် လူများအိမ်က မီးသွယ်ရတဲ့ စနစ်ရှိတယ်။ အိန္ဒိယမှာ အဲဒါက Popular Culture။

(၂၁) နိုင်ငံရေးသမားတွေက စင်ပေါ်တက် မက်လုံးပေးတယ် .. တကယ်တန်း ဖြစ်မလာဘူး .. အမတ်တွေ လာဘ်စားမယ် – လူမှုရေး အရှုပ်ရှင်းတွေ ရှိမယ် .. ဘာမှ ဖြစ်မလာဘူး။ ပါတီ နာမည်ပျက်မှာကြောက်လို့ ပါတီခေါင်းဆောင်တွေ အားလုံးက စည်းစည်းလုံးလုံးပဲ။ အမြင်မှာသာ ရေလာမြောင်းပေး ပြောကြတယ် .. အခုပဲ တခုခုလုပ်မလိုလိုတွေ နဲ့ တကယ်တန်း ဖြစ်မလာဘူး။

(၂၂) နိုင်ငံရေးဖြစ်ဖြစ် ဘာသာရေးဖြစ်ဖြစ် လူမျိုးရေးဖြစ်ဖြစ် ယဉ်ကျေးမှုဖြစ်ဖြစ် … အရမ်းအစွဲကြီးတယ် .. အထူးသဖြင့် ပုဂ္ဂိုလ်ရေး အရမ်းအစွဲကြီးတယ်။ တခုခုဆို ဘာမှ ကျိုးကြောင်းဆင်ခြင်ပြောလို့မရဘူး။ ငါ ကိုးကွယ်တဲ့သူ အားပေးတဲ့သူ ဟာ လူအေး – လူကောင်း – သူတော်စင် အဖြစ်ပဲ အရိုးစွဲ မြင်ကြတယ်။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်လို့ ဝေဖန်လို့မရဘူး။ မဟုတ်ဖူး .. သူက လူကောင်း ချည်းပဲ စကားနဲ့ ချီပြောကြတယ်။

(၂၃) လူတွေကသာ ဆင်းရဲတာ ဘုရားကျောင်း တွေ ဘာသာရေး ခေါင်းဆောင်တွေက ချမ်းသာတယ် (မြန်မာပြည် နဲ့ တပုံစံတည်းပဲ

(၂၄) ရုံးလုပ်ငန်းတိုင်းလိုလိုဟာ Corruption ရှိတယ်။ သူ့ အဆင့်ဆင့် လုပ်ထုံးလုပ်နည်းအတိုင်းဆို ကြာတယ်။ ဖိအားပေးတုန်း ခဏတာ ငြိမ်နေတယ် .. နောက်ပြန်ပြီး Corruption ဖြစ်တယ်။

(၂၅) နိုင်ငံရေး နဲ့ ပတ်သက်လာရင် အကြီးအကျယ် အားပေးကြတယ် .. မဲတွေ ထည့်ကြတယ် .. နောက်ဆုံး ကတိပေးထားတဲ့ စကားတွေကို အိန္ဒိယပြည်သူဟာ ရုပ်ရှင်တွေကြည့် သီချင်းတွေဆိုပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်။ – မြန်မာပြည်လည်း Live Show တွေ ကိုရီးယား Drama တွေ ဘုရားပွဲ ဇာတ်ပွဲ နတ်ပွဲ အငြိမ့် ပြန်ပြောင်းအောင်းမေ့ဖွယ် အခန်းအနား – နှုတ်ခမ်းနီ မိတ်ဆက်ပွဲ – Facebook သုံးရင်း မေ့သွားကြတယ်။

နောက်ဆုံး အိန္ဒိယဟာ ရဲလာဘ်စားတာ၊ ညီမ မုဒိန်းကျင့်ခံရတာ၊ နိုင်ငံရေးသမား လှည့်ဖျားတာ၊ မိသားစုကို သတ်တာတွေကို လက်စားချေပြတဲ့ ဇာတ်ကားတွေ နဲ့ သူတို့ မကျေနပ်ချက်တွေကို မင်းသားတွေ ချတာ လက်ခုတ်တီးရင်း ပြီးသွားရှာတယ်။ မြန်မာပြည်မှာ ရိုက်ပြလို့မရဘူး .. ဖမ်းခံရလိမ့်မယ်။

အားမှ တူတာလေးတွေ တပ်ရေးပေးဦးမယ်

Via – Burmese Asia