ျမန္မာႏုိင္ငံရွိ ဆယ္ေက်ာ္သက္မိန္းကေလး (၂၄) ရာခိုင္ႏႈန္းမွာ ဂ်ပုမမ်ားျဖစ္ေန

0
2103

ျမန္မာႏုိင္ငံရွိ အပ်ဳိေဖာ္၀င္အရြယ္ မိန္းကေလးမ်ား၏ ၂၄ ရာခုိင္ႏႈန္းသည္ ပုညႇက္ေနေၾကာင္း မၾကာမီက ထုတ္ျပန္ထားေသာ အာဟာရစစ္တမ္းတစ္ခုက ေဖာ္ျပသည္။

က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက တစ္ႏုိင္ငံလုံးအတုိင္းအတာျဖင့္ လူသုံးေသာင္း ေက်ာ္ကို ေကာက္ယူၿပီး ထုတ္ျပန္ထားေသာ အဆုိပါ အာဟာရစစ္တမ္းတြင္ အသက္ (၁၀)ႏွစ္မွ(၁၄)ႏွစ္ အရြယ္မိန္းကေလးမ်ားတြင္ ပုညႇက္ႏႈန္း ၂၄ ရာခိုင္ႏႈန္းရွိကာ ငယ္ရြယ္စဥ္က အာဟာရျပည့္၀စြာ မစားသုံးျခင္းႏွင့္ လက္ရွိ၌ အာဟာရျပည့္မီစြာ မစားသုံးျခင္းေၾကာင့္ ယင္းကဲ့သို႔ျဖစ္ေပၚႏုိင္ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန

အာဟာရဖံြ႕ၿဖိဳးေရးႏွင့္သုေတသနဌာနခဲြ ဒုၫႊန္ၾကားေရးမွဴး ေဒါက္တာလြင္မာလႈိင္က ေျပာသည္။

‘‘ငယ္ငယ္တုန္းက ျဖစ္ခဲ့တဲ့ ေနာက္ဆက္တဲြလည္း ျဖစ္ႏုိင္သလို လက္ရွိကာလမွာ ျပည့္မီေအာင္ မစားရင္လည္း ျဖစ္တယ္’’ဟု ၎ကေျပာသည္။

ထုိ႔ျပင္ ယင္းအရြယ္မ်ားတြင္ ၂၉ ရာခိုင္ႏႈန္းသည္ ေသြးအားနည္း ေရာဂါကို ခံစားေနရေၾကာင္း စစ္ တမ္း၌ ေဖာ္ျပထားသည္။

က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက (၅)ႏွစ္ ေအာက္ကေလးမ်ား၊ (၅)ႏွစ္မွ(၉)ႏွစ္ေက်ာင္း ေနအရြယ္ကေလးမ်ား၊ အပ်ဳိေဖာ္ ၀င္အရြယ္ (၁၀)ႏွစ္မွ (၁၄)ႏွစ္အ ရြယ္ အမ်ဳိးသမီးမ်ား၊ (၁၅)ႏွစ္မွ (၄၉)ႏွစ္အရြယ္ အမ်ဳိးသား၊ အ မ်ဳိးသမီးမ်ား၊ ကိုယ္၀န္ေဆာင္ မိခင္၊

ႏုိ႔တုိက္မိခင္စသျဖင့္ အုပ္စု ခုနစ္စုခဲြ၍ ၎တုိ႔၏ ေသြးအား နည္းရျခင္းအေၾကာင္းရင္း၊ သံ ဓာတ္၊ ဗီတာမင္ေအ၊ ဗီတာမင္ဘီ ၀မ္းခ်ဳိ႕တဲ့မႈ အေျခအေန၊ အစာစားသုံးမႈပုံစံအေလ့အထတုိ႔ကို ေမးျမန္းသုေတသနျပဳလုပ္ထား ၿပီး ကိုယ္အေလးခ်ိန္ႏွင့္ အရပ္ တုိင္းတာျခင္းအျပင္ ေသြး၊ ဆီး၊ ၀မ္းနမူနာစသည္တို႔ စစ္ေဆးခဲ့ သည္။

စစ္တမ္းရလဒ္အႏွစ္ခ်ဳပ္အ ေနျဖင့္ (၅)ႏွစ္ေအာက္ ကေလး မ်ား၏ ၂၆ ဒသမ ၇ ရာခိုင္ႏႈန္း သည္ ကာလတာရွည္အာဟာရ ခ်ဳိ႕တဲ့မႈေၾကာင့္ ပုညႇက္ေနၿပီး မူ လတန္းအရြယ္မ်ားတြင္ ၂၂ ရာ ခိုင္ႏႈန္း ပုညႇက္ေနေၾကာင္း သိရသည္။

( Unicode )

မြန်မာနိုင်ငံရှိ အပျိုဖော်ဝင်အရွယ် မိန်းကလေးများ၏ ၂၄ ရာခိုင်နှုန်းသည် ပုညှက်နေကြောင်း မကြာမီက ထုတ်ပြန်ထားသော အာဟာရစစ်တမ်းတစ်ခုက ဖော်ပြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူသုံးသောင်း ကျော်ကို ကောက်ယူပြီး ထုတ်ပြန်ထားသော အဆိုပါ အာဟာရစစ်တမ်းတွင် အသက် (၁၀)နှစ်မှ(၁၄)နှစ် အရွယ်မိန်းကလေးများတွင် ပုညှက်နှုန်း ၂၄ ရာခိုင်နှုန်းရှိကာ ငယ်ရွယ်စဉ်က အာဟာရပြည့်ဝစွာ မစားသုံးခြင်းနှင့် လက်ရှိ၌ အာဟာရပြည့်မီစွာ မစားသုံးခြင်းကြောင့် ယင်းကဲ့သို့ဖြစ်ပေါ်နိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန

အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ ဒုညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောသည်။

‘‘ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲလည်း ဖြစ်နိုင်သလို လက်ရှိကာလမှာ ပြည့်မီအောင် မစားရင်လည်း ဖြစ်တယ်’’ဟု ၎င်းကပြောသည်။

ထို့ပြင် ယင်းအရွယ်များတွင် ၂၉ ရာခိုင်နှုန်းသည် သွေးအားနည်း ရောဂါကို ခံစားနေရကြောင်း စစ် တမ်း၌ ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၅)နှစ် အောက်ကလေးများ၊ (၅)နှစ်မှ(၉)နှစ်ကျောင်း နေအရွယ်ကလေးများ၊ အပျိုဖော် ၀င်အရွယ် (၁၀)နှစ်မှ (၁၄)နှစ်အ ရွယ် အမျိုးသမီးများ၊ (၁၅)နှစ်မှ (၄၉)နှစ်အရွယ် အမျိုးသား၊ အ မျိုးသမီးများ၊ ကိုယ်ဝန်ဆောင် မိခင်၊

နို့တိုက်မိခင်စသဖြင့် အုပ်စု ခုနစ်စုခွဲ၍ ၎င်းတို့၏ သွေးအား နည်းရခြင်းအကြောင်းရင်း၊ သံ ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ ၀မ်းချို့တဲ့မှု အခြေအနေ၊ အစာစားသုံးမှုပုံစံအလေ့အထတို့ကို မေးမြန်းသုတေသနပြုလုပ်ထား ပြီး ကိုယ်အလေးချိန်နှင့် အရပ် တိုင်းတာခြင်းအပြင် သွေး၊ ဆီး၊ ၀မ်းနမူနာစသည်တို့ စစ်ဆေးခဲ့ သည်။

စစ်တမ်းရလဒ်အနှစ်ချုပ်အ နေဖြင့် (၅)နှစ်အောက် ကလေး များ၏ ၂၆ ဒသမ ရ ရာခိုင်နှုန်း သည် ကာလတာရှည်အာဟာရ ချို့တဲ့မှုကြောင့် ပုညှက်နေပြီး မူ လတန်းအရွယ်များတွင် ၂၂ ရာ ခိုင်နှုန်း ပုညှက်နေကြောင်း သိရသည်။