ျမန္မာ့စစ္တပ္ရဲ႕ FACEBOOK GROUP ကို HACK ႏိုင္ျပီဟုေၾကြးေၾကာ္ခဲ့ေသာ ဘဂၤလား HACKER အုပ္စုရဲ႕အျဖစ္မွန္

0
4317

လက္ရွိ K-Popper ေတြရဲ႕ လူမွဳကြန္ယက္စာမ်က္ႏွာေပၚမွာ ျပန္႔ႏွံ႔ေနတဲ့အေၾကာင္းအရာတစ္ခုရွိပါတယ္။ ဒါကေတာ့ ဘဂၤလား hacker ေတြရဲ႕ အေၾကာင္းပါပဲ..။ ဘဂၤလား hacker ေတြနဲ႔ K-Popper ေတြဟာ ဘယ္လိုမွ ဆက္စပ္စရာ အေၾကာင္းမရွိပါဘူး။ ဒါေပမယ့္လည္း အခုေျပာျပမယ့္ အေၾကာင္းအရာတစ္ခုကေတာ့ k-popper ေတြနဲ႔ ဆက္စပ္ေနပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံက fandom တစ္ခုနဲ႔ေပါ့…။ ဘယ္လိုေတြ ငိုအားထက္ ရယ္အားသန္ေစတဲ့အေၾကာင္းအရာျဖစ္မလဲဆိုတာာကိုေတာ့ ကြၽန္ေတာ္တို႔န႔ဲတူတူလိုက္ပါစီးေျမာၾကည့္ရွဳလိုက္ရေအာင္။

ျမန္မာနဲ႔ ဘဂၤလားတို႔ ဆိုက္ဘာစစ္ပြဲျဖစ္ပြားေနတာ အခ်ိန္အေတာ္ၾကာျမင့္ျပီလို႔သိရပါတယ္။ မတ္လ ၁၉ ရက္ေန႔ ညေန ၁၀နာရီခြဲမွာပဲ ဘဂၤလားျမန္မာ နည္းပညာစစ္ပြဲအတြင္းမွ ဘဂၤလား hacker ဘက္မွ ျမန္မာႏိုင္ငံ စစ္တပ္ရဲ႕ facebook group ကို hack ႏိုင္ခဲ့ျပီလုိ႔ ေၾကျငာခဲ့ပါတယ္။ ဒါဟာ အစပဲရွိေသးေၾကာင္းလည္း ရွင္းျပခဲ့ပါတယ္။

ဒါေပမယ့္လည္း သူတို႔ hack လိုက္တာ ျမန္မာ စစ္တပ္ရဲ႕ facebook group မဟုတ္ဘဲ BTS Myanmar ARMY GROUP ျဖစ္ေနပါတယ္။ ဟုတ္ပါတယ္။ သူတို႔ hack လိုက္တာ ျမန္မာျပည္က BTS ပရိတ္သတ္ေတြရဲ႕ facebook group တစ္ခုပါ။

BTS ရဲ႕ပရိတ္သတ္အုုပ္စုကို

Adorable.Representative.Mc for Youth ကို အတိုေကာက္အေနနဲ႔ ARMY လို႔ေခၚဆိုၾကပါတယ္။ ဒါကို ျမန္မာ ႏိုင္ငံက ပရိတ္သတ္ေတြက ျမန္မာ ARMY လို႔ အမည္တပ္ထားေတာ့ ျမန္မာ စစ္တပ္လို႔ လြဲသြားပံုပါပဲ။ လြဲတဲ့အခါလည္း လြဲေပမွာေပါ့ဗ်ာ..။

Credit:(momolay)

( Unicode )

လက်ရှိ K-Popper တွေရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ ဘင်္ဂလား hacker တွေရဲ့ အကြောင်းပါပဲ..။ ဘင်္ဂလား hacker တွေနဲ့ K-Popper တွေဟာ ဘယ်လိုမှ ဆက်စပ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့်လည်း အခုပြောပြမယ့် အကြောင်းအရာတစ်ခုကတော့ k-popper တွေနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက fandom တစ်ခုနဲ့ပေါ့…။ ဘယ်လိုတွေ ငိုအားထက် ရယ်အားသန်စေတဲ့အကြောင်းအရာဖြစ်မလဲဆိုတာာကိုတော့ ကျွန်တော်တို့နဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

မြန်မာနဲ့ ဘင်္ဂလားတို့ ဆိုက်ဘာစစ်ပွဲဖြစ်ပွားနေတာ အချိန်အတော်ကြာမြင့်ပြီလို့သိရပါတယ်။ မတ်လ ၁၉ ရက်နေ့ ညနေ ၁၀နာရီခွဲမှာပဲ ဘင်္ဂလားမြန်မာ နည်းပညာစစ်ပွဲအတွင်းမှ ဘင်္ဂလား hacker ဘက်မှ မြန်မာနိုင်ငံ စစ်တပ်ရဲ့ facebook group ကို hack နိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။ ဒါဟာ အစပဲရှိသေးကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့်လည်း သူတို့ hack လိုက်တာ မြန်မာ စစ်တပ်ရဲ့ facebook group မဟုတ်ဘဲ BTS Myanmar ARMY GROUP ဖြစ်နေပါတယ်။ ဟုတ်ပါတယ်။ သူတို့ hack လိုက်တာ မြန်မာပြည်က BTS ပရိတ်သတ်တွေရဲ့ facebook group တစ်ခုပါ။

BTS ရဲ့ပရိတ်သတ်အုုပ်စုကို

Adorable.Representative.Mc for Youth ကို အတိုကောက်အနေနဲ့ ARMY လို့ခေါ်ဆိုကြပါတယ်။ ဒါကို မြန်မာ နိုင်ငံက ပရိတ်သတ်တွေက မြန်မာ ARMY လို့ အမည်တပ်ထားတော့ မြန်မာ စစ်တပ်လို့ လွဲသွားပုံပါပဲ။ လွဲတဲ့အခါလည်း လွဲပေမှာပေါ့ဗျာ..။

Credit:(momolay)