တပ်မတော် ကြည်း/လေ (ဘုရင့်နောင်) စစ်ရေးလေ့ကျင့်မှု ရုပ်သံ

0
529

တပ်မတော် ကြည်း/လေ (ဘုရင့်နောင်) စစ်ရေးလေ့ကျင့်မှု ရုပ်သံ

တပ်မတော် ကြည်း/လေ (ဘုရင့်နောင်) စစ်ရေးလေ့ကျင့်မှုကို မိတ္ထီလာ မုန်တိုင်ဒေသ၌ ယနေ့ ဇန်နဝါရီ ၃၁ ရက်က ကျင်းပနေစဉ်။

မြန်မာ့ ကြည်းတပ်နှင့် လေတပ်ပေါင်းပြီး အမြှောက်နှင့် သံချပ်ကာပူးပေါင်းစစ်ဆင်ရေး လေ့ကျင့် ။ မြန်မာ့တပ်မတော်( ကြည်း)နဲ့ (လေ)တို့ ပေါင်းပြီး အမြောက်နှင့်သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်က မိတ္ထီလာမြို့နယ် မုန်တိုင်ဒေသ မြင်းမနက်တောင်မှာ ကျင်းပခဲ့ပါတယ်၊။

အခုလိုလေ့ကျင့်ခန်းကိုပြုလုပ်တာဟာ ၉ ကြိမ်မြောက်ဖြစ်ပြီး မိတ္ထီလာမြို့နယ်အတွင်းမှာတော့ လေးကြိမ်မြောက်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ဒီလို ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွေကို ၁၉၉၅ မှာ တစ်ကြိမ်၊ ၁၉၉၇ မှာ နှစ်ကြိမ်၊ ၂၀၁၂/၂၀၁၄/၂၀၁၆/၂၀၁၈/၂၀၁၉ တို့ မှာပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး (ဆင်ဖြူရှင်)ဆိုတာကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ပကျူးကျော်စစ် ပုံသဏ္ဍာန်နဲ့ တပ်မတော်အသီးသီးရဲ့တိုက်ခိုက်နိုင်မှုစွမ်းရည်တွေကိုကြည့်ပြီး ဘယ်လောက်ထိ စစ်ရေးစွမ်းရည်ရှိတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ တပ်မတော်သတင်းအမှန်ပြန်ကြားရေး ဦးစီးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

ဒီလို ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ရတာဟာ တပ်မတော်အသီးသီးရဲ့လက်ရုံးရည်ဆောင်ရွက်ရာမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ရတယ်ဆိုတာ စစ်သည်တွေ၊ တပ်မဟာတွေ၊လက်ရုံးတပ်ဖွဲ့တွေအနေနဲ့အချိန်ကိုက်ဆောင်ရွက်နိုင်ဖို့ အမြှောက်တပ်တွေကလည်း ဆက်တိုက်ပစ်ခတ်ပြီး ခြေလျင်တပ်တွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေကို လက်တွေ့လေ့ကျင့်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုသရုပ်ပြစစ်ဆင်ရေးလေ့ကျင့်တဲ့အတွက် ခေတ်သစ်စစ်ပွဲရဲ့ စွမ်းပကားတွေကို လက်တွေ့ တွေ့မြင်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။ လေ့ကျင့်ရေးမှာ အသုံးပြုခဲ့တဲ့ ခဲယမ်းအများစုဟာ မြန်မာနိုင်ငံက ထုတ်တဲ့ခဲယမ်းတွေဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်လက်နက်ခဲယမ်းတွေကို ထုတ်လုပ်ဖို့ ၁၉၆၂ ခုနှစ်ထဲက စတင်ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုစစ်ဆင်ရေးမှာ ရန်သူပစ်မှတ် နေရာ(၇)နေရာ သတ်မှတ်ပြီး တစ်ပြိုင်နက် တိုက်ခိုက်စစ်ဆင်ရေးကို လေ့ကျင့်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။သတင်း- ခင်လင်းထက်One News Myanmar

ဗွီဒီယိုကြည့်ရန်..

တပ်မတော် ကြည်း/လေ (ဘုရင့်နောင်) စစ်ရေးလေ့ကျင့်မှုကို မိတ္ထီလာ မုန်တိုင်ဒေသ၌ ယနေ့ ဇန်နဝါရီ ၃၁ ရက်က ကျင်းပနေစဉ်။

မြန်မာ့ ကြည်းတပ်နှင့် လေတပ်ပေါင်းပြီး အမြှောက်နှင့် သံချပ်ကာပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်

မြန်မာ့တပ်မတော်( ကြည်း)နဲ့ (လေ)တို့ ပေါင်းပြီး အမြောက်နှင့်သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်က မိတ္ထီလာမြို့နယ် မုန်တိုင်ဒေသ မြင်းမနက်တောင်မှာ ကျင်းပခဲ့ပါတယ်၊။

အခုလိုလေ့ကျင့်ခန်းကိုပြုလုပ်တာဟာ ၉ ကြိမ်မြောက်ဖြစ်ပြီး မိတ္ထီလာမြို့နယ်အတွင်းမှာတော့ လေးကြိမ်မြောက်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ဒီလို ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွေကို ၁၉၉၅ မှာ တစ်ကြိမ်၊ ၁၉၉၇ မှာ နှစ်ကြိမ်၊ ၂၀၁၂/၂၀၁၄/၂၀၁၆/၂၀၁၈/၂၀၁၉ တို့ မှာပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး (ဆင်ဖြူရှင်)ဆိုတာကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ပကျူးကျော်စစ် ပုံသဏ္ဍာန်နဲ့ တပ်မတော်အသီးသီးရဲ့တိုက်ခိုက်နိုင်မှုစွမ်းရည်တွေကိုကြည့်ပြီး ဘယ်လောက်ထိ စစ်ရေးစွမ်းရည်ရှိတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ တပ်မတော်သတင်းအမှန်ပြန်ကြားရေး ဦးစီးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

ဒီလို ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ရတာဟာ တပ်မတော်အသီးသီးရဲ့လက်ရုံးရည်ဆောင်ရွက်ရာမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ရတယ်ဆိုတာ စစ်သည်တွေ၊ တပ်မဟာတွေ၊လက်ရုံးတပ်ဖွဲ့တွေအနေနဲ့အချိန်ကိုက်ဆောင်ရွက်နိုင်ဖို့ အမြှောက်တပ်တွေကလည်း ဆက်တိုက်ပစ်ခတ်ပြီး ခြေလျင်တပ်တွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေကို လက်တွေ့လေ့ကျင့်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုသရုပ်ပြစစ်ဆင်ရေးလေ့ကျင့်တဲ့အတွက် ခေတ်သစ်စစ်ပွဲရဲ့ စွမ်းပကားတွေကို လက်တွေ့ တွေ့မြင်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။ လေ့ကျင့်ရေးမှာ အသုံးပြုခဲ့တဲ့ ခဲယမ်းအများစုဟာ မြန်မာနိုင်ငံက ထုတ်တဲ့ခဲယမ်းတွေဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်လက်နက်ခဲယမ်းတွေကို ထုတ်လုပ်ဖို့ ၁၉၆၂ ခုနှစ်ထဲက စတင်ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုစစ်ဆင်ရေးမှာ ရန်သူပစ်မှတ် နေရာ(၇)နေရာ သတ်မှတ်ပြီး တစ်ပြိုင်နက် တိုက်ခိုက်စစ်ဆင်ရေးကို လေ့ကျင့်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။သတင်း- ခင်လင်းထက်One News Myanmar