ေအာင္ရဲေထြး အမႈတြင္ အရာရွိႀကီးလာဘ္ယူခဲ့သည့္ေပါက္ေစ်း

0
36779

ေဇယ်ာေမာ္
ရန္ကုန္ ၊ စက္တင္ဘာ ၁၃ ။ ။ ေအာင္ရဲေထြး အမႈ ရုပ္သိမ္းေပးရန္ အတြက္ ရန္ကုန္တုိင္း ဥပေဒခ်ဳပ္ အပါအဝင္ ဥပေဒ အရာရိွႀကီးမ်ားက အရက္ ပုလင္းႏွင့္ သိန္းရာခ်ီ လာဘ္စားေၾကာင္း စစ္ေဆး ေတြ႔ရိွခဲ့သည္ ဟု အဂတိ လုိက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ေျပာေရး ဆိုခြင့္ ရိွသူ ဦးေက်ာ္စိုးက မဇၩိမသို႔ ေျပာသည္။

“လာဘ္ေငြ ေပးတဲ့သူေတြ ကိုေတာ့ တရားစြဲဖို႔ မရိွေသးပါဘူး။ အမႈ ေအာင္ႏိုင္ေရး အတြက္ လာဘ္ေငြ ေပးတဲ့သူကို တရားလိုျပ သက္ေသ အျဖစ္ အသံုးျပဳဖို႔ ရိွေနပါတယ္” ဟု အဂတိ လုိက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ေျပာေရးဆိုခြင့္ ရိွသူ ဦးေက်ာ္စိုးက ေျပာသည္။

ရန္ကုန္တိုင္း ေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူးသည္ က်ပ္ေငြ သိန္း ၁၅၀ ၊ Blue Label အရက္ပုလင္း တစ္လံုး ႏွင့္ အက်ႌတစ္ထည္ ရယူခဲ့ၿပီး ရန္ကုန္တိုင္း ေဒသႀကီး ဥပေဒ အရာရွိ ဦးသိန္းေဇာ္က က်ပ္ေငြ သိန္း ၅၀ ၊ ရန္ကုန္ အေရွ႕ပိုင္း ခရိုင္ ဥပေဒ အရာရွိ ဦးကိုကိုေလးက က်ပ္ေငြ သိန္း ၁၃၀ ႏွင့္ Gold label အရက္ပုလင္း တစ္လံုး ၊ ရန္ကုန္ အေရွ႕ပိုင္း ခရိုင္ ဒုတိယ ခရိုင္ ဥပေဒ အရာရွိ ေဒၚသစ္သစ္ခင္ မွ က်ပ္ေငြ သိန္း ၃၀ ႏွင့္ ပါတိတ္လံုျခည္ တစ္ထည္ ၊ ရန္ကုန္ အေရွ႕ပိုင္း ခရိုင္ တရားရံုးမွ ဒုတိယ ခရိုင္ တရားသူႀကီး ဦးေအာင္ၾကည္က က်ပ္သိန္း ၃၃၀ ၊ ေရႊေပါကၠံ နယ္ေျမ စခန္းမွဴး ရဲအုပ္ ခ်စ္ကိုကိုက က်ပ္ေငြ သိန္း ၃၀ ရရိွခဲ့သည္ ဟု အဂတိ လုိက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ေျပာေရးဆိုခြင့္ ရိွသူ ဦးေက်ာ္စိုးက မဇၩိမသို႔ ေျပာသည္။

စက္တင္ဘာလ ၁၃ ၇က္ေန႔တြင္ ျမန္မာႏိုင္ငံ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္မွ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးခဲ႔ရသည့္ အမႈ ႐ုပ္သိမ္းေစရန္ လာဘ္ေငြ ရယူခဲ႔သည့္ ရန္ကုန္တိုင္း ေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူး အပါအ၀င္ ပါ၀င္ ပတ္သက္သူ ၆ ဦးကို အမႈဖြင့္ အေရးယူ လိုက္ေၾကာင္း ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ သည္ ေထာင္ဒဏ္ ၁၅ ႏွစ္ႏွင့္ ေငြဒဏ္ ခ်မွတ္ႏုိင္ၿပီး ပုဒ္မ ၅၆ သည္ ေထာင္ဒဏ္ ၁၀ ႏွစ္ ႏွင့္ ေငြဒဏ္ ခ်မွတ္ႏုိင္သည္

အောင်ရဲထွေး အမှုတွင် အရာရှိကြီးလာဘ်ယူခဲ့သည့်ပေါက်ဈေး
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
ဇေယျာမော်
ရန်ကုန် ၊ စက်တင်ဘာ ၁၃ ။ ။ အောင်ရဲထွေး အမှု ရုပ်သိမ်းပေးရန် အတွက် ရန်ကုန်တိုင်း ဥပဒေချုပ် အပါအဝင် ဥပဒေ အရာရှိကြီးများက အရက် ပုလင်းနှင့် သိန်းရာချီ လာဘ်စားကြောင်း စစ်ဆေး တွေ့ရှိခဲ့သည် ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောရေး ဆိုခွင့် ရှိသူ ဦးကျော်စိုးက မဇ္ဈိမသို့ ပြောသည်။

“လာဘ်ငွေ ပေးတဲ့သူတွေ ကိုတော့ တရားစွဲဖို့ မရှိသေးပါဘူး။ အမှု အောင်နိုင်ရေး အတွက် လာဘ်ငွေ ပေးတဲ့သူကို တရားလိုပြ သက်သေ အဖြစ် အသုံးပြုဖို့ ရှိနေပါတယ်” ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးသည် ကျပ်ငွေ သိန်း ၁၅၀ ၊ Blue Label အရက်ပုလင်း တစ်လုံး နှင့် အင်္ကျီတစ်ထည် ရယူခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဥပဒေ အရာရှိ ဦးသိန်းဇော်က ကျပ်ငွေ သိန်း ၅၀ ၊ ရန်ကုန် အရှေ့ပိုင်း ခရိုင် ဥပဒေ အရာရှိ ဦးကိုကိုလေးက ကျပ်ငွေ သိန်း ၁၃၀ နှင့် Gold label အရက်ပုလင်း တစ်လုံး ၊ ရန်ကုန် အရှေ့ပိုင်း ခရိုင် ဒုတိယ ခရိုင် ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင် မှ ကျပ်ငွေ သိန်း ၃၀ နှင့် ပါတိတ်လုံခြည် တစ်ထည် ၊ ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးမှ ဒုတိယ ခရိုင် တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀ ၊ ရွှေပေါက္ကံ နယ်မြေ စခန်းမှူး ရဲအုပ် ချစ်ကိုကိုက ကျပ်ငွေ သိန်း ၃၀ ရရှိခဲ့သည် ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက မဇ္ဈိမသို့ ပြောသည်။

စက်တင်ဘာလ ၁၃ ၇က်နေ့တွင် မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှု ရုပ်သိမ်းစေရန် လာဘ်ငွေ ရယူခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ပါဝင် ပတ်သက်သူ ၆ ဦးကို အမှုဖွင့် အရေးယူ လိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ သည် ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ် ချမှတ်နိုင်ပြီး ပုဒ်မ ၅၆ သည် ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ် ချမှတ်နိုင်သည်