ဂျာမာန်မြေမှာ ဂျာမာန်ဘီလူးကြီးကို အစိမ်းလိုက်ဖုတ်လိုက်တဲ့ကြိုးကြာနီမျာ

0
826

လီဗာပူး အသင်းဟာ ယနေ့ မနက် အစောပိုင်း မှာ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ပွဲစဉ် ဒုတိယ အကျော့ မှာတော့ အိမ်၇ှင် ဘိုင်ယန်မြူးနစ် အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင် ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအစပိုင်းမှာ နှစ်သင်းစလုံး ပွဲအစပိုင်းမှာ ထိန်းကစား နေခဲ့ တာကြောင့် အခွင့်အရေးတွေ သိပ်ပြီး ဖန်တီး နိုင်ခြင်း မရှိခဲ့ဘဲ ဂိုးရှေ့တွေမှာသာ ဘောလုံး အပျက် များနေ ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၆ မိနစ်မှာတော့ နောက်ခံလူ ဗန်ဒိုက် ရဲ့ အဝေးဘော ကို ဆာဒီယိုမာနေးက သပ်ရပ်စွာ ထိန်းကာ ရှေ့တက် လာခဲ့တဲ့ မန်နူရယ် နူအာ ကို လှည့်ထွက်ကာ ဘိုင်ယန် နောက်ခံလူ ၂ ယောက်ကြား ကနေ ကျော်သွင်းယူကာ လီဗာပူး အတွက် ဦးဆောင်ဂိုး ကို ရရှိ စေခဲ့ ပါတယ်။

ပွဲချိန် ၃၉ မိနစ် မှာတော့ ဘိုင်ယန် နောက်တန်းကနေ ဂနာဘီထံ ပေးပို့မှုကို ရောဘတ်ဆန် ထိန်းချုပ်ရန် လိုအပ်ချက် ရှိခဲ့ပြီး ဂနာဘီ ရဲ့ ဖြတ်တင်ဘောကို မာတစ် ဖျက်ထုတ် ခဲ့ရာမှာ ကိုယ့်ဂိုးကိုယ် သွင်းယူ ခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုးစီ သရေနဲ့ ပွဲပြီး ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူး ကစားပုံ အတော် ကောင်းလာခဲ့ပြီး ဘိုင်ယန်ကို ဖိအားပေးမှုတွေ လုပ်နိုင် ခဲ့ကာ အခွင့်အရေး တွေလည်း ရရှိခဲ့ ပါတယ်။ ပွဲချိန် ၆၉ မိနစ် မှာတော့ မီနာရဲ့ ထောင့်ကန်ဘောကို ဗန်ဒိုက်က ဘိုင်ယန် နောက်ခံလူတွေနဲ့ အပြိုင် ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ၂ ဂိုး သွင်းမှ နောက်တဆင့် တက်မှာ ဖြစ်ပေမယ့်လည်း ဘိုင်ယန်ဟာ လီဗာပူးကို ထင်သလောက် ဖိကစား နိုင်ခြင်း မရှိဘဲ လီဗာပူးရဲ့ တန်ပြိုင် တိုက်စစ် အောက်မှာသာ ရုန်းကန် ခဲ့ရပြီး ပွဲချိန် ၈၄ မိနစ်မှာ ဆာဒီယိုမာနေးကပဲ ဆာလား ရဲ့ ခုတ်ပေးမှုကို ခေါင်းတိုက်ကာ ပွဲသိမ်း ခဲ့ပါတယ်။

( Highlight )

Sportmyanmar