စီေရာ္နယ္ဒို မရွိေတာ့ျခင္းရဲ့ အက်ိဳးသက္ေရာက္မဳွ အေၾကာင္းကို ဝန္ခံဖြင့္ဟ သြားလိုက္တဲ့ #ဂါးရတ္ေဘးလ္

0
583

စပိန္ ထိပ္သီး ရီးယဲ မက္ဒရစ္ အသင္း ဟာ မေန့ က ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ အျဖစ္ ရိုးမား အသင္း နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ မွာ အေရး ပါလွတဲ့ အနုိင္ သံုးမွတ္ ကို ရယူ ခဲ့ျပီး အမွတ္ေပး ဇယား ကို ဦးေဆာင္ နုိင္ခဲ့ ပါတယ္ ။

ပြဲစဥ္ အျပီး အင္တာဗ်ဴး မွာ ေတာ့ ရီးယဲ မက္ဒရစ္ စတား ဂါးရတ္ ေဘးလ္ က ရီးယဲ မက္ဒရစ္ ဟာ ျပန္လည္ အသက္ဝင္ လာ ျပီ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။ အဆုိပါ ပြဲစဥ္ မွာ ေတာ့ ေဘးလ္ ဟာ အသင္း အတြက္ အဖြင့္ ဂိုး သြင္းယူ ေပးနုိင္ ခဲ့ျပီး အသင္း ေဖာ္ လူးကပ္စ္ ဗတ္ဇ္ကြက္ က အနုိင္ ေသခ်ာ ေစတဲ့ ဒုတိယ ဂိုး ကို သြင္းယူ ေပးသြား နုိင္ခဲ့ ပါတယ္ ။

ဒါဟာ ျပီး ခဲ့တဲ့ တစ္ပါတ္ က အီဗာ ကို 3 – 0 ရလဒ္ နဲ့ ဂိုးျပတ္ ရွံဳးနိမ့္ ခဲ့ျပီး ေနာက္ ရီးယဲ တုိ့ အတြက္ အေကာင္း ဆံုး ျပန္လာ နုိင္ျခင္း ပဲ ျဖစ္ခဲ့ ပါတယ္ ။ ရီးယဲ မက္ဒရစ္ ဟာ လက္ရွိ အခ်ိန္ လာလီဂါ အမွတ္ေပး ဇယား ရဲ့ အဆင့္ 6 အျဖစ္ သာ ရပ္တည္ နုိင္ခဲ့ ေပမဲ့ ခ်န္ပီယံ လိဂ္ မွာ ေတာ့ 4 ပြဲ နုိင္ ၊ တစ္ပြဲ ရွံဳး ၊ ရမွတ္ 12 မွတ္ နဲ့ အမွတ္ ေပး ဇယား ကို ဦးေဆာင္ နုိင္ခဲ့ ပါတယ္ ။

ျပီး ခဲ့တဲ့ ေႏြ တုန္းက ေတာ့ ရီးယဲ မက္ဒရစ္ နည္းျပ သစ္ ဂ်ဴလီယန္ လိုပတ္တီဂြီ ဟာ အသင္း မွ ထြက္ခြာ သြား ခဲ့တဲ့ အဓိက ေတာင္ပံ တုိက္စစ္ ကစားသမား ျဖစ္သူ ခရစၥတီယာနုိ ေရာ္နယ္ဒို ရဲ့ ေနရာ ကို အစား ထိုး ဖုိ့ အတြက္ ထိုက္သင့္ တဲ့ ကစားသ မား သစ္ ပ်က္ကြက္ ခဲ့တာ ေၾကာင့္ ရလဒ္ ဆုိးရြား ခဲ့မွဳ ေတြ နဲ့ အတူ အသင္း မွ ထုတ္ပယ္ ခံခဲ့ ရ ပါတယ္ ။

အခုေတာ့ ရီးယဲ မက္ဒရစ္ စတား ပေလယာ ျဖစ္တဲ့ ဂါးရတ္ ေဘးလ္ ဟာ ေႏြ ရာသီ တုန္း က အသင္း ေဖာ္ စီ ေရာ္နယ္ဒုိ ရဲ့ ေနရာ ကို အင္အား မျဖည့္တင္း နုိင္ ခဲ့တဲ့ အတြက္ ရုန္းကန္ ခဲ့ ရတာ ျဖစ္ေၾကာင္း ဝန္ခံ လိုက္ရင္း အခုေတာ့ အသင္း ဟာ လမ္းေၾကာင္း အမွန္ ေပၚ ျပန္လာ ေနျပီ လို့ ေမ်ွာ္လင့္ ေနေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ တုိ့ ဒီ ရာသီ အတြက္ လမ္းေၾကာင္း မွန္ ေပၚကို စတင္ ေရာက္ရွိ ေနၾက ျပီ လို့ ထင္ ပါတယ္ ။ က်ြန္ေတာ္ တုိ့ လက္ရွိ အဆင့္ ဘယ္ေလာက္ ရွိ သလဲ ဆုိတာ ကို ေခတၱ ေဘးဖယ္ ထားျပီး ပြဲစဥ္ တုိင္း မွာ အျပည့္အဝ တုိက္ပြဲ ဝင္ သြားဖုိ့ လိုအပ္ ေန ပါျပီ ”

” ဒါ ဟာ ေဘာလံုး ေလာက ပါ ။ တစ္ခါ တရံ ကိုယ္ ေမ်ွာ္လင့္ ထားတဲ့ အတုိင္း ျဖစ္ မလာရင္ စိတ္ပ်က္ စရာ အေနအထား ေတြကို ပိုင္ဆုိင္ ရ တက္ ပါတယ္ ”
” ရာသီ အစ ဟာ က်ြန္ေတာ္ တုိ့ ေမ်ွာ္လင့္ ထားခဲ့ ၾကတဲ့ အတုိင္း ျဖစ္ မလာ နုိင္ ခဲ့ဘူး ဆုိတာ က်ြန္ေတာ္ တို့ သိရွိ ထားၾက ပါတယ္ ။ ဒါေပမဲ့ အခု ေတာ့ က်ြန္ေတာ္ တို့ ေျခစြမ္း ပိုမို ေကာင္းမြန္ တဲ့ အသင္း တစ္သင္း ျဖစ္လာ ဖုိ့ ၊ ေကာင္းမြန္ တဲ့ ရလဒ္ ေတြ ပိုင္ဆုိင္ နိုင္တဲ့ အသင္း အျဖစ္ ရွိေန ျပီ ဆုိတာ ကို သက္ေသ ျပဖို့ အတြက္ အသင္း တစ္သင္း အျဖစ္ စုေပါင္း ၾကိဳးစား တုိက္ပြဲ ဝင္ရ ပါ ေတာ့မယ္ ” လို့ ေဘးလ္က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ပထမ ပိုင္း ျပီးဆံုး သြားတဲ့ အခါ မွာ ေတာ့ မန္ေနဂ်ာ က က်ြန္ေတာ္ တုိ့ ဆီ လာေရာက္ ျပီး က်ြန္ေတာ္ တုိ့ သိရွိ ထားတဲ့ အတုိင္း ေဘာလံုး ကစား ဖုိ့ အတြက္ မွာၾကား သြားခဲ့ လိုက္ ပါတယ္ ”

” အဲ့ဒီ ေနာက္ ဒုတိယ ပိုင္းမွာ က်ြန္ေတာ္ တုိ့ တစ္ကယ္ ပဲ ေကာင္းမြန္ ေအာင္ ကစား နုိင္ခဲ့ ၾက ပါတယ္ ။ က်ြန္ေတာ္ တုိ့ ေဘာလံုး ကို သာမန္ ကစား ၾကတဲ့ အတုိင္း သက္ေသာင့္ သပ္သာ ကစား ခဲ့ ၾက ပါတယ္ ”

” က်ြန္ေတာ္ တုိ့ ယံုၾကည္ မဳွ အခ်ိဳ့ ျပန္လည္ ရယူ နုိင္ခဲ့ ၾကျပီး ဒါကို ဆက္လက္ တည္ေဆာက္ သြားဖုိ့ လိုအပ္ ေန ပါတယ္ ” လို့ ေဘးလ္ က အသင္း ရဲ့ ကစားပံု နဲ့ ပတ္သက္ျပီး ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

Unicode Version ျဖင့္ဖတ္ရန္

စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ဟာ မနေ့ က ချန်ပီယံ လိဂ် ပြိုင်ပွဲ အဖြစ် ရိုးမား အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ အရေး ပါလှတဲ့ အနိုင် သုံးမှတ် ကို ရယူ ခဲ့ပြီး အမှတ်ပေး ဇယား ကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။

ပွဲစဉ် အပြီး အင်တာဗျူး မှာ တော့ ရီးယဲ မက်ဒရစ် စတား ဂါးရတ် ဘေးလ် က ရီးယဲ မက်ဒရစ် ဟာ ပြန်လည် အသက်ဝင် လာ ပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ တော့ ဘေးလ် ဟာ အသင်း အတွက် အဖွင့် ဂိုး သွင်းယူ ပေးနိုင် ခဲ့ပြီး အသင်း ဖော် လူးကပ်စ် ဗတ်ဇ်ကွက် က အနိုင် သေချာ စေတဲ့ ဒုတိယ ဂိုး ကို သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

ဒါဟာ ပြီး ခဲ့တဲ့ တစ်ပါတ် က အီဗာ ကို 3 – 0 ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့် ခဲ့ပြီး နောက် ရီးယဲ တို့ အတွက် အကောင်း ဆုံး ပြန်လာ နိုင်ခြင်း ပဲ ဖြစ်ခဲ့ ပါတယ် ။ ရီးယဲ မက်ဒရစ် ဟာ လက်ရှိ အချိန် လာလီဂါ အမှတ်ပေး ဇယား ရဲ့ အဆင့် 6 အဖြစ် သာ ရပ်တည် နိုင်ခဲ့ ပေမဲ့ ချန်ပီယံ လိဂ် မှာ တော့ 4 ပွဲ နိုင် ၊ တစ်ပွဲ ရှံုး ၊ ရမှတ် 12 မှတ် နဲ့ အမှတ် ပေး ဇယား ကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။

ပြီး ခဲ့တဲ့ နွေ တုန်းက တော့ ရီးယဲ မက်ဒရစ် နည်းပြ သစ် ဂျူလီယန် လိုပတ်တီဂွီ ဟာ အသင်း မှ ထွက်ခွာ သွား ခဲ့တဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နေရာ ကို အစား ထိုး ဖို့ အတွက် ထိုက်သင့် တဲ့ ကစားသ မား သစ် ပျက်ကွက် ခဲ့တာ ကြောင့် ရလဒ် ဆိုးရွား ခဲ့မှု တွေ နဲ့ အတူ အသင်း မှ ထုတ်ပယ် ခံခဲ့ ရ ပါတယ် ။

အခု တော့ ရီးယဲ မက်ဒရစ် စတား ပလေယာ ဖြစ်တဲ့ ဂါးရတ် ဘေးလ် ဟာ နွေ ရာသီ တုန်း က အသင်း ဖော် စီ ရော်နယ်ဒို ရဲ့ နေရာ ကို အင်အား မဖြည့်တင်း နိုင် ခဲ့တဲ့ အတွက် ရုန်းကန် ခဲ့ ရတာ ဖြစ်ကြောင်း ဝန်ခံ လိုက်ရင်း အခုတော့ အသင်း ဟာ လမ်းကြောင်း အမှန် ပေါ် ပြန်လာ နေပြီ လို့ မျှော်လင့် နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ ဒီ ရာသီ အတွက် လမ်းကြောင်း မှန် ပေါ်ကို စတင် ရောက်ရှိ နေကြ ပြီ လို့ ထင် ပါတယ် ။ ကျွန်တော် တို့ လက်ရှိ အဆင့် ဘယ်လောက် ရှိ သလဲ ဆိုတာ ကို ခေတ္တ ဘေးဖယ် ထားပြီး ပွဲစဉ် တိုင်း မှာ အပြည့်အဝ တိုက်ပွဲ ဝင် သွားဖို့ လိုအပ် နေ ပါပြီ ”

” ဒါ ဟာ ဘောလုံး လောက ပါ ။ တစ်ခါ တရံ ကိုယ် မျှော်လင့် ထားတဲ့ အတိုင်း ဖြစ် မလာရင် စိတ်ပျက် စရာ အနေအထား တွေကို ပိုင်ဆိုင် ရ တက် ပါတယ် ”

” ရာသီ အစ ဟာ ကျွန်တော် တို့ မျှော်လင့် ထားခဲ့ ကြတဲ့ အတိုင်း ဖြစ် မလာ နိုင် ခဲ့ဘူး ဆိုတာ ကျွန်တော် တို့ သိရှိ ထားကြ ပါတယ် ။ ဒါပေမဲ့ အခု တော့ ကျွန်တော် တို့ ခြေစွမ်း ပိုမို ကောင်းမွန် တဲ့ အသင်း တစ်သင်း ဖြစ်လာ ဖို့ ၊ ကောင်းမွန် တဲ့ ရလဒ် တွေ ပိုင်ဆိုင် နိုင်တဲ့ အသင်း အဖြစ် ရှိနေ ပြီ ဆိုတာ ကို သက်သေ ပြဖို့ အတွက် အသင်း တစ်သင်း အဖြစ် စုပေါင်း ကြိုးစား တိုက်ပွဲ ဝင်ရ ပါ တော့မယ် ” လို့ ဘေးလ်က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပထမ ပိုင်း ပြီးဆုံး သွားတဲ့ အခါ မှာ တော့ မန်နေဂျာ က ကျွန်တော် တို့ ဆီ လာရောက် ပြီး ကျွန်တော် တို့ သိရှိ ထားတဲ့ အတိုင်း ဘောလုံး ကစား ဖို့ အတွက် မှာကြား သွားခဲ့ လိုက် ပါတယ် ”

” အဲ့ဒီ နောက် ဒုတိယ ပိုင်းမှာ ကျွန်တော် တို့ တစ်ကယ် ပဲ ကောင်းမွန် အောင် ကစား နိုင်ခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ ဘောလုံး ကို သာမန် ကစား ကြတဲ့ အတိုင်း သက်သောင့် သပ်သာ ကစား ခဲ့ ကြ ပါတယ် ”

” ကျွန်တော် တို့ ယုံကြည် မုှ အချို့ ပြန်လည် ရယူ နိုင်ခဲ့ ကြပြီး ဒါကို ဆက်လက် တည်ဆောက် သွားဖို့ လိုအပ် နေ ပါတယ် ” လို့ ဘေးလ် က အသင်း ရဲ့ ကစားပုံ နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။