ဒီႏွစ္ခ်န္ပီယံလိဂ္ဖိုင္နယ္ ေအဂ်က္နဲဲ႔ ဘာကာေတြ႕မယ္လို႔ ဗန္ဒါဗတ္ ေျပာ

0
161

နယ္သာလန္ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဗန္ဒါဗတ္က ဒီႏွစ္ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ေအဂ်က္နဲ႔ ဘာစီလိုနာ ဆံုႏိုင္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲေတြက စိတ္လႈပ္ရွားစရာေကာင္းခဲ့ပါတယ္။ ေအဂ်က္ဟာ တူရင္မွာ အႏိုင္ကစားခဲ့ၿပီး ဘာစီလိုနာက မန္ယူကို ၃ ဂိုးျပတ္ အႏိုင္ကစားခဲ့ပါတယ္။ လူငယ္ကစားသမားေတြနဲ႔ စုဖြဲ႕ထားတဲ့ ေအဂ်က္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္ကို ျဖဳတ္ခ်ၿပီး ေျခစြမ္းဘယ္ေလာက္ေကာင္းလဲဆိုတာ ျပသႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာဟာ မႏွစ္က ကြာတားဖိုင္နယ္မွာ ရိုးမားကို အေရးနိမ့္ခဲ့ေပမယ့္ ဒီႏွစ္မွာ အမွားမခံခဲ့ပါဘူး။

ဗန္ဒါဗတ္ဟာ ရီးရဲလ္မက္ဒရစ္ စပါးနဲ႔ ဟမ္းဘတ္အသင္းေတြမွာ ပါဝင္ကစားခဲ့သူျဖစ္ပါတယ္။ သူဟာ ရီးရဲလ္မက္ဒရစ္မွာ ေအာင္ျမင္ခဲ့ၿပီး စပါးအသင္းမွာလည္း ေျခစြမ္းျပကစားႏိုင္ခဲ့လို႔ ပရိသတ္အခ်စ္ေတာ္ ကစားသမား ျဖစ္ခဲ့ပါတယ္။ ေအဂ်က္ဟာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ စပါး ဒါမွမဟုတ္ မန္စီးတီးတို႔နဲဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ေအဂ်က္ရဲ႕ စိတ္ဓာတ္နဲ႔ ေျခစြမ္းအရ ပရီးမီးယားလိဂ္အသင္းေကာင္းေတြကို ျဖတ္ေက်ာ္ႏိုင္မယ္လို႔ ဗန္ဒါဗတ္က ယံုၾကည္ေနပါတယ္။

ဗန္ဒါဗတ္က ´ေအဂ်က္ဟာ ဒုတိယပိုင္းမွာ ဂ်ဴဗင္တပ္စ္ထက္ ပိုေကာင္းခဲ့ပါတယ္။ ေအဂ်က္ကစားပံုက ရိုးရွင္းပါတယ္။ ဒါေပမယ့္ ထိေရာက္မႈအျပည့္ရိွတယ္။ သူတို႔ဟာ လူငယ္ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ စုစည္းမႈလည္းရိွတယ္။ အားနည္းခ်က္ မေတြ႕ရသေလာက္ပဲ။ ေအဂ်က္ဟာ မန္စီးတီးျဖစ္ျဖစ္ စပါးျဖစ္ျဖစ္ ျဖတ္ေက်ာ္ႏိုင္မွာပါ။ ေအဂ်က္ဟာ ဗိုလ္လုပြဲမွာ ဘာစီလိုနာနဲ႔ ေတြ႕မယ္ထင္တယ္`လို႔ ေျပာခဲ့ပါတယ္။

( Unicode )

နယ်သာလန် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဗန်ဒါဗတ်က ဒီနှစ်ချန်ပီယံလိဂ်ဖိုင်နယ်မှာ အေဂျက်နဲ့ ဘာစီလိုနာ ဆုံနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေက စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ အေဂျက်ဟာ တူရင်မှာ အနိုင်ကစားခဲ့ပြီး ဘာစီလိုနာက မန်ယူကို ၃ ဂိုးပြတ် အနိုင်ကစားခဲ့ပါတယ်။ လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အေဂျက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်ကို ဖြုတ်ချပြီး ခြေစွမ်းဘယ်လောက်ကောင်းလဲဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ မနှစ်က ကွာတားဖိုင်နယ်မှာ ရိုးမားကို အရေးနိမ့်ခဲ့ပေမယ့် ဒီနှစ်မှာ အမှားမခံခဲ့ပါဘူး။

ဗန်ဒါဗတ်ဟာ ရီးရဲလ်မက်ဒရစ် စပါးနဲ့ ဟမ်းဘတ်အသင်းတွေမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်ခဲ့ပြီး စပါးအသင်းမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့လို့ ပရိသတ်အချစ်တော် ကစားသမား ဖြစ်ခဲ့ပါတယ်။ အေဂျက်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ စပါး ဒါမှမဟုတ် မန်စီးတီးတို့နဲဲ့ ကစားရမှာ ဖြစ်ပါတယ်။ အေဂျက်ရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းအရ ပရီးမီးယားလိဂ်အသင်းကောင်းတွေကို ဖြတ်ကျော်နိုင်မယ်လို့ ဗန်ဒါဗတ်က ယုံကြည်နေပါတယ်။

ဗန်ဒါဗတ်က ´အေဂျက်ဟာ ဒုတိယပိုင်းမှာ ဂျူဗင်တပ်စ်ထက် ပိုကောင်းခဲ့ပါတယ်။ အေဂျက်ကစားပုံက ရိုးရှင်းပါတယ်။ ဒါပေမယ့် ထိရောက်မှုအပြည့်ရှိတယ်။ သူတို့ဟာ လူငယ်ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ စုစည်းမှုလည်းရှိတယ်။ အားနည်းချက် မတွေ့ရသလောက်ပဲ။ အေဂျက်ဟာ မန်စီးတီးဖြစ်ဖြစ် စပါးဖြစ်ဖြစ် ဖြတ်ကျော်နိုင်မှာပါ။ အေဂျက်ဟာ ဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ တွေ့မယ်ထင်တယ်`လို့ ပြောခဲ့ပါတယ်။

Crd – Goalgoal