မက္ဆီ ဂိုးသြင္းတာကို ျမင္လိုက္တဲ့အခ်ိန္ မ်က္လံုးေပကလပ္ ျဖစ္သြားသူ ေပါ့ဘာ

0
417

ဥေရာပအင္အားႀကီး အသင္းေတြထဲမွာပါဝင္ေနတဲ့ ဘာစီလိုနာဟာ မက္ဆီလို ပါရမီရွင္ကစားသမားကို ပိုင္ဆိုင္ထားတာက အင္မတန္ကံေကာင္းပါတယ္။ အာဂ်င္တီးနားတိုက္စစ္မွဴး မက္ဆီဟာ အေရးအေၾကာင္းႀကံဳတိုင္း အသင္းကို ကူညီေပးေနတာက သြင္းဂိုးေတြက သက္ေသတစ္ခုပါပဲ။ ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ အိမ္ကြင္းမွာ မန္ယူကို ၃ ဂိုးျပတ္ အႏိုင္ယူခဲ့ပါတယ္။ မန္ယူဟာ မခံခ်င္စိတ္အျပည့္ထည့္ကာ ကစားခဲ့ေပမယ့္ ဘာစီလိုနာကို ကစားအားခ်င္း မယွဥ္ႏိုင္ခဲ့ပါဘူး။ မန္ယူဟာ ပထမပိုင္းမွာတင္ ၂ ဂိုးျပတ္ရံႈးခဲ့ၿပီး ဒုတိယပိုင္းမွာ တစ္ဂိုးထပ္ေပးလိုက္ရပါတယ္။

မက္ဆီဟာ အေကာင္းဆံုးေျခစြမ္းျပကစားခဲ့ၿပီး ပထမပိုင္း ၄ မိနစ္အတြင္း ၂ ဂိုးသြင္းေပးခဲ့ပါတယ္။ မက္ဆီဟာ ပြဲခ်ိန္ ၁၆ မိနစ္မွာ အသင္းအတြက္ အဖြင့္ဂိုးသြင္းေပးခဲ့ပါတယ္။ မက္ဆီဟာ ပင္နယ္တီဂိုးဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ကန္သြင္းခဲ့ရာမွာ ဒီဂီယာရဲ႕ ညာဘက္ေအာက္ေထာင့္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။ မက္ဆီရဲ႕ဂိုးဟာ အဆင့္ျမင့္ၿပီး ပရိသတ္ေတြကို ပါးစပ္အေဟာင္းသား ျဖစ္ေစခဲ့ပါတယ္။ မန္ယူကြင္းလယ္လူ ေပါ့ဘာဟာ မက္ဆီဂိုးသြင္းလိုက္တဲ့အခ်ိန္ အႀကီးအက်ယ္ Shock ျဖစ္သြားခဲ့ပါတယ္။

ေပါ့ဘာဟာ ဘာေျပာလို႔ေျပာရမွန္းမသိေအာင္ ဆြံ႕အသြားခဲ့ၿပီး ပါးစပ္အေဟာင္းသားျဖစ္ကာ မ်က္လံုး ေပကလပ္ျဖစ္သြားခဲ့ရပါတယ္။ ေပါ့ဘာဟာဘ ာစီလိုနာကြင္းမွာ အေကာင္းဆံုးေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ ေပါ့ဘာရဲ႕ လက္ရိွေျခစြမ္းဟာ က်ဆင္းေနတာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ မန္ယူပရိသတ္အခ်ိဳ႕က ေပါ့ဘာရဲ႕ေျခစြမ္းကို ေဝဖန္ေနၾကပါတယ္။ ေပါ့ဘာဟာ ဆိုးလ္ရွား ေရာက္မလာခင္ကလို ကစားေနတယ္လို႔ ပရိသတ္ေတြက ေဝဖန္ေနၾကတာပါ။

( Unicode )

ဥရောပအင်အားကြီး အသင်းတွေထဲမှာပါဝင်နေတဲ့ ဘာစီလိုနာဟာ မက်ဆီလို ပါရမီရှင်ကစားသမားကို ပိုင်ဆိုင်ထားတာက အင်မတန်ကံကောင်းပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အရေးအကြောင်းကြုံတိုင်း အသင်းကို ကူညီပေးနေတာက သွင်းဂိုးတွေက သက်သေတစ်ခုပါပဲ။ ဘာစီလိုနာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်းမှာ မန်ယူကို ၃ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။ မန်ယူဟာ မခံချင်စိတ်အပြည့်ထည့်ကာ ကစားခဲ့ပေမယ့် ဘာစီလိုနာကို ကစားအားချင်း မယှဉ်နိုင်ခဲ့ပါဘူး။ မန်ယူဟာ ပထမပိုင်းမှာတင် ၂ ဂိုးပြတ်ရှုံးခဲ့ပြီး ဒုတိယပိုင်းမှာ တစ်ဂိုးထပ်ပေးလိုက်ရပါတယ်။

မက်ဆီဟာ အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ပထမပိုင်း ၄ မိနစ်အတွင်း ၂ ဂိုးသွင်းပေးခဲ့ပါတယ်။ မက်ဆီဟာ ပွဲချိန် ၁၆ မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပါတယ်။ မက်ဆီဟာ ပင်နယ်တီဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ကန်သွင်းခဲ့ရာမှာ ဒီဂီယာရဲ့ ညာဘက်အောက်ထောင့်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ဂိုးဟာ အဆင့်မြင့်ပြီး ပရိသတ်တွေကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါတယ်။ မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ မက်ဆီဂိုးသွင်းလိုက်တဲ့အချိန် အကြီးအကျယ် Shock ဖြစ်သွားခဲ့ပါတယ်။

ပေါ့ဘာဟာ ဘာပြောလို့ပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့ပြီး ပါးစပ်အဟောင်းသားဖြစ်ကာ မျက်လုံး ပေကလပ်ဖြစ်သွားခဲ့ရပါတယ်။ ပေါ့ဘာဟာဘ ာစီလိုနာကွင်းမှာ အကောင်းဆုံးခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ပေါ့ဘာရဲ့ လက်ရှိခြေစွမ်းဟာ ကျဆင်းနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် မန်ယူပရိသတ်အချို့က ပေါ့ဘာရဲ့ခြေစွမ်းကို ဝေဖန်နေကြပါတယ်။ ပေါ့ဘာဟာ ဆိုးလ်ရှား ရောက်မလာခင်ကလို ကစားနေတယ်လို့ ပရိသတ်တွေက ဝေဖန်နေကြတာပါ။

Crd – Goalgoal