ပေါ်တို Vs လီဗာပူးလ် ပွဲကြိုအချက်အလက်များ (ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒု-အကျော့ ၊ ည ၁:၃၀)

0
181

ထူးခြားအချက်အလက် – ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ပေါ်တိုအသင်းနဲ့ ဥရောပပြိုင်ပွဲတွေမှာ (၆)ကြိမ်တွေ့ဆုံဖူးပြီး ရှုံးပွဲမရှိဘဲ (၃)ပွဲနိုင်၊ (၃)ပွဲသရေ ကစားထားပါတယ်။ ပေါ်တူဂီလိဂ် အဆင့်(၂)နေရာမှာ ရပ်တည်နေတဲ့ ပေါ်တိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် လီဗာပူးလ်ကလွဲလို့ ကျန်တဲ့အသင်းတိုင်းကို အနိုင်ကစားဖူးပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွေမှာ (၂)ဂိုးပြတ်ရှုံးပြီးမှ ဒုတိယအကျော့မှာ ပြန်လည်အနိုင်ယူကာ နောက်တစ်ဆင့်တက်နို်င်ခဲ့တဲ့ အသင်းနှစ်သင်းရှိပြီး မန်ယူနဲ့ ဂျူဗင်တပ်စ်တို့ပဲဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု – လီဗာပူးလ်နဲ့ ပေါ်တိုဟာ သမိုင်းတစ်လျှောက် (၇)ကြိမ်ဆုံဖူးပြီး လီဗာပူးလ်က(၄)ပွဲနိုင်၊ (၃)ပွဲသရေကျကာ ရှုံးပွဲမရှိသေးပါဘူး။ အန်ဖီးလ်ကွင်း(၄)ကြိမ်မှာ အိမ်ရှင်လီဗာပူးလ်က (၃)ပွဲနိုင်၊ (၁)ပွဲသရေကစားထားပြီး ဒရာဂါအိုကွင်း(၃)ကြိမ်မှာတော့ အိမ်ရှင်ပေါ်တိုက (၂)ပွဲသရေ၊ (၁)ပွဲရှုံးထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ လီဗာပူးလ်က (၁၄)ဂိုးသွင်းကာ ပေါ်တိုက(၂)ဂိုးသွင်းထားပါတယ်။

ပေါ်တို – ပေါ်တိုဟာ ဥရောပပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွေမှာ နှစ်ဂိုးနဲ့အထက်ရှုံးနိမ့်ခဲ့တဲ့ (၆)ကြိမ်စလုံးမှာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ သမိုင်းမှတ်တမ်းဆိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ပေါ်တိုဟာ ဒီရာသီ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်(၄)ပွဲစလုံးမှာ ပွဲတိုင်းအနိုင်ရထားတဲ့ တစ်ခုတည်းသောအသင်းအဖြစ် ရပ်တည်နေပါတယ်။ ပေါ်တိုတိုက်စစ်မှူး မူဆာမာရီဂါဟာ ဒီရာသီ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်(၄)ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို နောက်ဆုံးတက်ရောက်နိုင်တဲ့ (၅)ကြိမ်အနက် ၂၀၀၈-၀၉ ရာသီမှာ ချဲလ်ဆီးကို နှစ်ကျော့ပေါင်းရလဒ်(၅-၇)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့တစ်ကြိမ်မှာသာ နောက်တစ်ဆင့်ကို မတက်ရောက်နိုင်ဘဲ ကျန်အကြိမ်တွေမှာတော့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ဟာ နည်းပြဂျာဂင်ကလော့ပ်လက်ထက် ဥရောပပြိုင်ပွဲတွေရဲ့ နှစ်ကျော့ကစားရတဲ့ ရှုံးထွက်အဆင့် (၉)ကြိမ်စလုံးမှာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ကြိုးကြာနီတွေဟာ ပေါ်တိုနဲ့ကစားခဲ့တဲ့ ဥရောပပွဲစဉ် (၇)ပွဲစလုံး ရှုံးပွဲမရှိသေးဘဲ (၄)ပွဲနိုင်၊ (၃)ပွဲသရေ ကစားထားပါတယ်။

ဒဏ်ရာရ၊ ပွဲပယ်စာရင်း

ပေါ်တို – ပီပီ(ပွဲပယ်)၊ ဗင်းဆင့်အဘူဘာကာ

လီဗာပူးလ် – ရောဘတ်ဆန်(ပွဲပယ်)

နောက်ဆုံး (၅) ကြိမ်တွေ့ဆုံမှု – ၁၀-၄-၂၀၁၉ လီဗာပူးလ် ၂ – ၀ ပေါ်တို (ပ-အကျော့)/ ၇-၃-၂၀၁၈လီဗာပူးလ် ၀ – ၀ ပေါ်တို/ ၁၅-၂-၂၀၁၈ ပေါ်တို ၀ – ၅ လီဗာပူးလ်/ ၂၉-၁၁-၂၀၀၇ လီဗာပူးလ် ၄ – ၁ ပေါ်တို/ ၁၉-၉-၂၀၀၇ ပေါ်တို ၁ – ၁ လီဗာပူးလ်

ပေါ်တို နောက်ဆုံး (၅) ပွဲရလဒ် – ၁၃-၄-၂၀၁၉ ပေါ်တီမိုနန်စီ ၀ – ၃ ပေါ်တို/ ၁၀-၄-၂၀၁၉ လီဗာပူးလ် ၂ – ၀ ပေါ်တို/ ၆-၄-၂၀၁၉ ပေါ်တို ၂ – ၀ ဘိုအာဗစ္စတာ/ ၃-၄-၂၀၁၉ ဘရာဂါ ၁ – ၁ ပေါ်တို/ ၃၀-၃-၂၀၁၉ ဘရာဂါ ၂ – ၃ ပေါ်တို

လီဗာပူးလ် နောက်ဆုံး (၅) ပွဲရလဒ် – ၁၄-၄-၂၀၁၉ လီဗာပူးလ် ၂ – ၀ ချဲလ်ဆီး/ ၁၀-၄-၂၀၁၉ လီဗာပူးလ် ၂ – ၀ ပေါ်တို/ ၆-၄-၂၀၁၉ ဆောက်သမ်တန် ၁ – ၃ လီဗာပူးလ်/ ၃၁-၃-၂၀၁၉ လီဗာပူးလ် ၂ – ၁ စပါး/ ၁၇-၃-၂၀၁၉ ဖူလ်ဟမ် ၁ – ၂ လီဗာပူးလ်

Crd – Goalgoal